NEWS

စက်သုံးဆီစျေးထပ်မံမြင့်တက်လာ သုံးဘီးဆိုင်ကယ်များ တလီတာ ကျပ် ၃၀၀၀ ထိပေးဝယ်နေရ

CoverLogo
2.8K Views

ပြည်တွင်းစက်သုံးဆီစျေးကွက်တွင် ဓာတ်ဆီ 92 တစ်လီတာ ၂၃၆၅ ကျပ်မှ သုံးထောင် ကျပ်အထိ ဆက်လက်မြင့်တက်လာတယ်လို့ စျေးကွက်အတွင်းမှ  စုံစမ်းသိရှိရပါတယ်။

'' ခုမနက်တော့ လမ်းဘေးဆိုင်မှာ သုံးထောင်ပေးထည့်ရတယ်။ အရင်ရက်တွေက ၂၈၀၀ ပေးရတယ်။ ပန့်ဆိုင်တွေမှာ ကျွန်တော်တို့ကို မရောင်တားကြာပြီ။ ဆီမဝင်လို့တဲ့ ထည့်လို့ကိုမရတော့ဘူး။ ကျွန်တော်တို့တော့ လမ်းဘေးဆိုင်လေးမှာ လိုက်ရှာဝယ်နေရတယ်'' လို့ သုံးဘီဆိုင်ကယ်ကယ်ရီမောင်းသူတစ်ဦးက ဆိုပါတယ်။

ပန့်ဆိုင်ကြီးတွေမှာ သုံးဘီးဆိုင်ကယ်နဲ့ဆိုင်ကယ်တွေကို ဆီမရောင်းတော့တာကြောင့် အငှားပြေးဆွဲနေတဲ့ ကယ်ရီတွေဟာ လမ်းဘေးဆိုင်တွေမှာ ရှာဝယ်နေရတဲ့အပြင် ကျပ်သုံးထောင်အထိပေးဝယ်ရတာကြောင့် ကယ်ရီပြေးဆွဲမှုရပ်နားမှုများပါ ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ခရီးသည်ပို့ဆောင်တဲ့  တက်စီကားများအနေဖြင့်လည်း ဆီဖြည့်ယူရာတွင် လွယ်လွယ်ကူကူမရတော့ဘူးလို့ဆိုပါတယ်။
'' ကျွန်တော်ခုမနက်ဆီလိုက်ထည့်တာမရလာဘူး။ ကန်တော်ကြီးပတ်လမ်းနားလည်းရောက်ခဲ့တယ်။ သာကေတရောပဲ ဆီမရသေးဘူး ဝင်လာမယ်။ ဆီမပြတ်ဘူးလို့ပဲပြောကြတယ်''လို့ ဆိုပါတယ်။

ဒီနေ့သြဂုတ်လ ၁၆ ရက်မှာ စက်သုံးဆီ 92 တစ်လီတာဈေးဟာ ၂၃၆၅ ကျပ်နဲ့ 95 တစ်လီတာကို ၂၄၄၅ ကျပ် ရောက်ရှိသွားပြီဖြစ်ပြီး ဆီဆိုင်တွေမှာ ဆီနှစ်မျိုးလုံးမရှိတာ၊ 95 ဆီပြတ်နေတာ၊ 92 ဆီ ရောင်းချဖို့မရှိတာ တွေ ကြုံနေရတာတွေကို တိုင်ကြားပါက စစ်ဆေးမှုတွေပြုလုပ်မယ်လို့လည်း စစ်ကောင်စီက ကြေညာချက်ထုတ်ပြန်ထားပါသေးတယ်။

အဲ့ဒီလိုကြေညာပေမဲ့လည်း  ဓာတ်ဆီ 92 တစ်လီတာလျှင် ငွေကျပ် ၂၃၆၅ သတ်မှတ်ထားပြီး နေရာဒေသကို လိုက်၍ စျေးနှုန်းပြောင်းလဲကာ အမြင်ဆုံးစျေးနှုန်းမှာ တစ်လီတာလျှင် သုံးထောင်အထိ ဖြစ်နေတဲ့အပြင်  လမ်းဘေးဆီဆိုင်အချို့မှာ ဆီအရောင်းရပ်ခြင်းနဲ့ ဆီဆိုင်အချို့မှာ ဆိူင်ကယ်များကိုဆီရောင်းချခြင်းတွေမပြုလုပ်တော့ဘူးလို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စိက စက်သုံးဆီ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ  ၁ ဒသမ ၃ ဘီလီယံ တင်သွင်းမှုကို လျှော့ချမည်ဟု ပြောဆိုပြီးနောက်စက်သုံးဆီစျေးဟာ  သြဂုတ် ၈ ရက်နေ့ကစလို့ ဆက်တိုက်ဆိုသလိုတက်လာရာမှာ ယခုရက်ပိုင်းအတွင်း တစ်လီတာကို ကျပ် ၂၃၆၅ကျပ်မှ သုံးထောင်ကျော်ထိမြင့်တက်လာတာပါ။

MyanmarLabourNews

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026