NEWS

စက်သုံးဆီ သက်သာသောနှုန်းထားဖြင့်ရောင်းမယ်လို့စစ်ကောင်စီပြောဆိုပြီးနောက် ပြန်လည်မြင့်တက်လာ

CoverLogo
4.8K Views

စက်သုံးဆီကိုလက်ရှိပေါက်စျေးထက်သက်သာသောနှုန်ထားနဲ့ရောင်းချပေးဖို့ စီစဥ်နေတယ်လို စစ်ကောင်စီကပြောဆိုလိုက်ပြီး ယနေ့စက်သုံးဆီစျေးနှုန်းကျပ်တစ်ရာကျော်အထိ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

''ကျွန်တော်တို့ကတော့စျေးကျဖို့မျှော်လင့်တာပေါ့။ ဒါပေမဲ့ကျဖို့ရာခိုင်နှုန်းက သိပ်မသေချာဘူး။ သူတို့ပြောနေဆိုနေရင်းကို စျေးကပြန်တက်လာတာပဲ။ နှစ်ရက်ဆက်တိုက်ကျလာတာက ပိုတက်လာဖို့အရှိန်ယူတာမဖြစ်ဖို့ပဲ ဆုတောင်းရင်းကို ဒီနေ့ပြန်တက်လာတာ''လို့ တက်စီယာဉ်မောင်းတစ်ဦးက ဆိုပါတယ်။

လာမယ့်ရက်ပိုင်းအတွင်းမှာ ရုရှားကဆီသင်္ဘောတွေရောက်လာတော့မှာဖြစ်လို့ ရုရှားစက်သုံးဆီ တန်ချိန် သုံးသောင်း ရက်ပိုင်းအတွင်းရောက်လာမှာမို့စက်သုံးဆီစျေးတွေ အတိုင်းအတာတစ်ခုအထိ စျေးကွက်ထဲမှာ စက်သုံးဆီစျေးနှုန်းတွေကျဆင်းသွားမယ်လို့ စစ်ကောင်စီက မျှော်လင့်နေတယ်လို့ စက်တင်ဘာ၂ ရက်က ပြောဆိုခဲ့တာဖြစ်ပြီး ယနေ့စက်တင်ဘာ ၃ရက်မှာ ပြန်လည်မြင့်တက်လာတာပါ။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းတုန်းကလည်း ဆီသိုလှောင်ကန်တွေမှာလလယ်လောက်အထိ စက်သုံးဆီအလုံအလောက်ရှိတယ်လို့ ပြောဆိုခဲ့ပြီးနောက်ပိုင်းမှာ စက်သုံးဆီ စျေးနှုန်းတွေ တဟုန်ထိုးမြင့်တက်ခဲ့ပြီး သြဂုတ်လတစ်လလုံး နေ့စဥ်တက်စျေးနဲ့ရပ်တည်လာခဲ့ပြီး စက်တင်ဘာ၁ရက်နဲ့၂ရက်နေ့တွေမှာ သိသိသာကျဆင်းခဲ့တာဖြစ်ပါတယ်။

‘စက်သုံးဆီစျေးကို ထိန်းညှိဖို့လုပ်ဆောင်နေတာကြောင့် နိုင်ငံခြားငွေ ဒေါ်လာသန်း ၂၀၀ ကိုလည်း စက်သုံးဆီကဏ္ဍမှာ ဦးစားပေးဆောင်ရွက်နိုင်ရေးလုပ်ဆောင်နေတာလို့လည်း ဆိုထားပါတယ်။

ဒီကနေ့ ရန်ကုန်စက်သုံးဆီစျေးကွက်မှာတော့ ၉၂ အောက်တိန်းတစ်လီတာ၂၃၉၅ ကျပ်အထိပြန်လည်မြင့်တက်လာခဲ့ရာ နေရာဒေသအလိုက် ကျပ်၃၀၀၀အထက်ထိ သတ်မှတ်ထားတာကြောင့် မနေ့ကထက်တစ်ရာကျော်ပြန်တက်လာတာကိုတွေ့ရပါတယ်။

MyanmarLabourNews


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026