NEWS

စက်သုံးဆီ ပြင်ပပေါက်ဈေးနဲ့ဝယ်ရလို့ ကယ်ရီလုပ်သားတွေ ဝင်ငွေထိခိုက်လာ

CoverLogo
514 Views
ပြည်တွင်းစက်သုံးဆီပြင်ပပေါက်ဈေးနှုန်းဟာ ဆက်လက်မြင့်တက်လာခဲ့ပြီး ၉၂ အောက်တိန်း တစ်လီတာ ၄၀၀၀ ပေး၀ယ်နေရလို့ ဆိုင်ကယ်ကယ်ရီ အနှေးယာဉ်လုပ်သားများအနေနဲ့ အခက်တွေ့နေရတယ်လို့ သိရပါတယ်။
 
"ဆီဈေးကအပြင်မှာထပ်တက်လာတယ်။ ပန့်ဆိုင်ဆီဆိုင်တွေမှာက ကားတွေပဲပေးတော့တယ်။ ဆိုင်ကယ်တွေမပေးတော့ဘူး။ ဒါကလည်းတစ်မျိုးကောင်းပါတယ်။ တန်းစီစရာမလိုတော့ဘူး။ တန်းစီနေလည်း အချိန်က၃နာရီလောက်က အလကားပုတ်ကုန်တာဆိုတော့ အပြင်မှာပဲ၀ယ်ရတာပါပဲ။ အရင်ရက်က ၃၅၀၀ ခု ၄၀၀ဝဖြစ်သွားပြီ။ ဆီဆိုင်မှာ၀ယ်မရတော့ ဈေးတက်သွားတယ်" လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ဆိုင်ကယ်ကယ်ရီလုပ်သားတစ်ဦးက ဆိုပါတယ်။
 
တစ်ပတ်အတွင်း ပြည်တွင်းကစက်သုံးဆီဈေးနှုန်းတွေကတော့ ဇူလိုင်၂၉ရက်နေ့ကနေသြဂုတ်၁ရက်နေ့အထိ စက်သုံးဆီဈေးနှုန်းဟာ စက်သုံးဆီဆိုင်များတွင် ရောင်းချလျက်ရှိတဲ့ သတ်မှတ်ဈေးနှုန်းများအရ ၉၂ တလီတာ ၂၆၃၀ ကျပ်၊ ၉၅ တလီတာ ၂၇၅၀ ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ ၂၃၆၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၇၇၀ကျပ်ဖြစ်ပါတယ်။
 
သြဂုတ်ရက်နေ့မှာတော့ ၉၂ တလီတာ၂၇၇၀ ကျပ်၊ ၉၅ တလီတာ ၂၈၉၅ ကျပ်၊ ရိုးရိုးဒီဇယ်တလီတာ ၂၄၅၀ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၂၉၂၀ ကျပ်ဖြစ်ပြီး သြဂုတ်၆ရက်ယနေ့အထိ အဆိုပါ ဈေးတန်းနဲ့ပဲဆက်လက်တည်ရှိနေတာကြောင့် ယခင်ကထက်ဈေးမြင့်တက်လာခဲ့တာကိုလည်း တွေ့ရသလို ပြင်ပပေါက်ဈေးမှာတော့ တစ်လီတာလျှင်ကျပ် ၃၅၀၀ ကနေ ၄၀၀၀ အထိရှိနေတာဖြစ်ပြီး မန္တလေးမှာဆိုရင်တော့ ၉၂ တစ်လီတာလျှင် ၆၅၀၀ အထိပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
 
ဒါ့အပြင်ဇူလိုင် ၃၁ ရက်နေ့ကစလို့ စက်သုံးဆီ ပြတ်လပ်မှုတွေဖြစ်ပေါ်လာခဲ့တာကြောင့် ဆီရရှိဖို့ အချိန်ကြာမြင့်စွာ တန်းစီ၀ယ်ယူရတာတွေလည်းရှိခဲ့သလို သြဂုတ် ၁ရက်နေ့ကလို့ အချို့သောဆီဆိုင်တွေမှာ စက်သုံးဆီရောင်းချမှုယာယီပိတ်ထားတာတွေအထိ ရှိခဲ့တာပဲဖြစ်ပါတယ်။
 
သြဂုတ် ၃ရက်နေ့မှာတော့ဆီဆိုင်တွေ ပြန်လည်ဖွင့်လှစ်ခဲ့ပေမဲ့ 95 ဆီတစ်မျိုးတည်းရောင်းချတာတွေရှိခဲ့ သလို အချို့သောဆီဆိုင်တွေမှာလည်း 92 ဆီတစ်မျိုးတည်းကိုသာရောင်းချမှုတွေရှိခဲ့တာပဲဖြစ်ပါတယ်။
 
လက်ရှိအချိန်မှာလည်းဆီဆိုင်တွေမှာ ကားများကိုသာရောင်းချပေးနေပြိး ဆိုင်ကယ်တွေရောင်းမပေးတာတွေရှိနေတယ်လို့ သိရပါတယ်။
 
"ကျွန်တော်တိူ့ကယ်ရီသမားတွေကိုမရောင်းပေးတော့ဘူး။ ကားတွေတောင်ညလောက်ဆိုဆိုင်ပိတ်သွားတယ်။ အပြင်မှာ၀ယ်ရင်တော့ အရင်က တစ်ဗူးကို ၃၀၀၀ ပေးဝယ်ရတာ။ ခု ဈေးတက်လာတော့ ၃၂၀၀ ကေန ၃၅၀၀ ခုဆို ၄၀၀၀ ဖြစ်လာပြီ။တစ်နေ့ကိုဆီက၃ဗူး ၄ဗူးထည့်ရတော့ ဆီဖိုးအရင်းကတစ်သောင်းခွဲတစ်သောင်းခြောက်ထောင်လောက်ရှာနေရတယ်။ကျန်တာမှ မိသားစုစားဖို့အတွက် ကုန်ဈေးနှုန်းကတက်နဲ့ခုရက်ပိုင်း ကခက်ခဲလာပါတယ် ကယ်ရီဆွဲချင်စိတ်မရှိတော့ဘူး။ ရပ်ထားရင်လည်းတစ်ကျပ်မှမ၀င်ပြန်ဘူး။ မဖြစ်လို့ဆွဲနေရတယ် လို့ ကယ်ရီလုပ်သားတစ်ဦးကဆိုပါတယ်။
 
ဆိုင်ကယ်ရီမောင်းနှင်နေတဲ့ အနှေးယာဉ်လုပ်သားများရဲ့တစ်နေ့တာဆီကုန်ကျမှုဟာ တလီတာ ၃ ဗူးကနေ ၄ ဗူးအထိရှိတာကြောင့် စက်သုံးဆီဖိုးအရင်းပင်တစ်သောင်းခွဲကျော်အထိဖြစ်လာသလို ဆိုင်ကယ်ကယ်ရီအုန်နာခအပါ အရင်းနှစ်သောင်းခန့်ထိရှိလာလို့ မိသားစုစားဝတ်နေရေးအတွက် အသုံးစရိတ်ဖူလုံမှုရရှိနိုင်ဖို့ထက် တစ်နေ့စာတစ်နေ့စားသောက်နိုင်ဖို့ ညမိုးချုပ်အထိ ကယ်ရီဆွဲပြီးရှာဖွေနေရတာကြောင့် ယခုလိုစက်သုံးဆီရှားပါးနေချိန်မှာ ကယ်ရီလုပ်သားတွေအတွက် ဝင်ငွေရှာရဖို့ပိုမိုခက်ခဲလာသလို တစ်နေ့ကျပ်တစ်သောင်း အ၀င်ရဖို့အတွက်ပါ ခက်ခဲလာတယ်လို့လည်း သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026