NEWS

စက်ရုံအလုပ်ရုံများအတွင်း ကျန်းမာရေးစောင့်ရှောက်မှု့မရှိသလောက်ဖြစ်နေ၊ ကိုဗစ်ရောဂါကူးစက်ခံရနိုင်ခြေများနေဟုဆို

CoverLogo
1.2K Views

တစ်နေ့ကို လုပ်သားရာဂဏန်းနီးပါးကူးစက်ခံနေရတဲ့ကိုဗစ်စတုတ္ထလှိုင်းဒဏ်ခံနေရတဲ့ကာလမှာ စက်ရုံ၊ အလုပ်ရုံတွေမှာ ကိုဗစ်ကူးစက်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု့တွေနည်းပါးနေတယ်လို့အလုပ်သမားတွေထံက သိရပါတယ်။

ယခုရက်ပိုင်းမှာပဲ မဂ်လာဒုံ မြို့နယ်ထဲမှာလုပ်ကိုင်နေတဲ့ မှန်ဘီလူးစက်ရုံကအလုပ်သမားတွေရာနဲ့ချီပြီးကိုဗစ်ကူးစက်ခံခဲ့ရပါသေးတယ်။

ဒါတွေဟာ ရာနဲ့ချီပြီးလုပ်သားတွေရှိနေတဲ့စက်ရုံတွင်း လက်ဆေးဇလုံထားရှိတာတွေ၊ Maskပေးတာတွေ၊ ရုံးဆင်းရုံးတက်ချိန်တွေမှာစနနစ်တကျမရှိဘဲ စုပြုံတိုးပြီးသွားရတာတွေအစရှိတဲ့ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းတွေ ချမှတ်မှု နည်းပါးတာတွေကြောင့်ဖြစ်တယ်လို့အလုပ်သမားတွေကဆိုပါတယ်။

"ကျတော်တို့ကဒီကာလမှာပွင့်ပွင့်လင်းလင်းပြောရရင် မက်စ်တခုဝယ်ဖို့တောင်အတော်စဥ်းစားနေရတာ သူတို့ဖက်ကတစ်လကိုမှအလုပ်သမားတယောက်ကို မက်စ် ၃ခုပေးတာဆိုတော့ဘယ်အလုပ်သမားကတပ်တော့မှာလဲ"လို့ရန်ကုန်မြို့စက်မှု့ဇုန်တခုက အလုပ်သမားတဦးက MLNကိုပြောပါတယ်။

တနေ့ကိုထောင်နဲ့ချီပြီးလုပ်သားတွေရှိနေတဲ့စက်ရုံတွေမှာကျန်းမာရေးစောင့်ရှောက်မှု့မပေးတဲ့အတွက်ရာနဲ့ချီပြီးကူးစက်မှု့တွေဆက်ဖြစ်နေပါတယ်။

"ကျမတို့စက်ရုံမှာဖျားကြတယ် တစ်ယောက်ပြီးတစ်ယောက်ဖျားတာကျမလဲဖျားနေတယ် တချို့ကျတော့လဲဖျားပေမယ့်လစာနှုတ်ခံရမှကြောက်ပြီးလာတက်ကြတော့ အဲ့ကထပ်ကူးတာနဲ့ပတ်လည်ရိုက်နေတာပေါ့"လို့ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှု့ဇုန်ကအလုပ်သမားတဦးကဆိုပါတယ်။

သူတို့စက်ရုံထဲမှာပဲဖျားနေတဲ့သူရာဂဏန်းမကရှိနေပေမယ့် အလုပ်သမားတွေကိုစက်ရုံဖက်ကကျန်းမာရေးခံစားခွင့်မပေးလိုတာတွေ၊ လစာနှုတ်တာတွေကြောင့်တချို့ဆိုဖျားနေတဲ့ကြားကပဲအလုပ်လာဆင်းနေကြရတယ်လို့ဆိုပါတယ်။

စက်ရုံဖက်ကဖိအားတွေကြောင့် အခုလိုကိုဗစ်ကူးစပ်ရောဂါပျံ့နှံ့မှု့ဟာဒီ့ထက်မကပိုဆိုးလာဖို့ပဲရှိနေတယ်လို့လဲMLNကမေးမြန်းတဲ့အလုပ်သမားတချို့ကမှတ်ချက်ပြုပါတယ်။

"ကျန်းမာရေးလမ်းညွန်းမူတွေလဲမရှိဘူး ၊ နေမကောင်းလို့ ဖျားနာရင် ခွင့် ခံစားခွင့်လဲ မရှိပါဘူး၊ ဖယ်ရီကားတွေလဲ ပြည့်ကြပ်ညပ်နေတာပါပဲ ဒီ့ထက်ပိုဆိုးလာဖို့ပဲရှိတယ်"လို့စက်ရုံအလုပ်သမားတဦးကပြောပါတယ်။

လက်ရှိမှာ ကိုဗစ်ဆိုင်ရာစည်းမျဥ်းစည်းကမ်းတွေကိုစက်ရုံတွေဖက်ကလိုက်နာမှု့မရှိသလောက်ဖြစ်နေပြီးလုပ်ချင်သလိုလုပ်နေတယ်လို့လဲအလုပ်သမားတွေကဆိုပါတယ်။

အဲ့ဒီ့ထဲမှာစက်ရုံအဝင်အထွက်မှာကိုယ်အပူချိန်တိုင်းတာတွေကအစ စက်ရုံထဲကလက်ဆေးကန်ကဆပ်ပြာအဆုံးဖြစ်သလိုသာ စက်ရုံဖက်ကလုပ်နေတယ်လို့အလုပ်သမားတွေရဲ့ပြောဆိုချက်တွေအရသိရပါတယ်။

"လက်ဆေးကန်ကဆပ်ပြာကအစမဖြစ်လို့သာချပေးထားရတဲ့ပုံစံပဲ ဆပ်ပြာအဆီလေးကိုရေဖျောပြီးခွက်နဲ့ချထားတာပဲမက်စ် ကလဲမတပ်လဲဂရုမစိုက်ဘူး တခုတော့ရှိတယ်သူတို့နဲ့မတည့်တဲ့အလုပ်သမားဆိုအဲ့မက်စ်မတပ်တာကိုအပြစ်ရှာပြီးထုတ်တော့တာ အဲ့လိုတွေခုဟာက"လို့လှိုင်သာယာမြို့နယ်တွင်းအထည်ချုပ်စက်ရံမှာအလုပ်လုပ်နေတဲ့အလုပ်သမားတဦးကစက်ရုံတွင်းအခြေအနေကိုပြောပါတယ်။

ဒီလိုစက်ရုံအလုပ်ရုံတွေမှာအလုပ်သမားတွေအပေါ်အခွင့်အရေးချိုးဖောက်တာတွေကျန်းမာရေးစောင့်ရှောက်မှု့မပေးတဲ့ကိစ္စတွေကိုအမျိုးသားညီညွတ်ရေးအစိုးရကစောင့်ကြည့်နေတယ်လို့အလုပ်သမားရေးဒုတိယဝန်ကြီးကမှတ်ချက်ပြုပါတယ်။

"ကျတော်တို့ဖက်ကကျန်းမာရေးဝန်ကြီးဌာနနဲ့တိုင်ပင်ပြီးစက်ရုံတွေလိုက်နာရမယ့်ဟာတွေ ထပ်ထုတ်ပြန်ထားတာရှိတယ် ခုက အလုပ်သမားအခွင့်အရေးမပေးချင်တဲ့လုပ်ငန်းရှင်တွေရယ်၊ စကစရယ်ကြောင့်အခုလိုတွေဖြစ်ရတာပေါ့ နံပါတ်တစ်တရားခံရ စကစဆိုနံပါတ်နှစ်တရားခံကလုပ်သားအခွင့်အရေးချိုးဖောက်နေတဲ့အလုပ်ရှင်ပဲ"လို့ NUG ရဲ့အလုပ်သမားရေးရာဒုတိယဝန်ကြီးဦးကျော်နီက MLN ကိုပြောပါတယ်။

အခုလိုစက်ရုံတွေအလုပ်ရှင်တွေဖက်ကအလုပ်သမားတွေကိုဗစ်ပျံ့နှံ့နေတဲ့ကာလမှာပဲကျန်းမာရေးစောင့်ရှောက်မှု့မရှိတာတွေ၊ လုပ်သား​အခွင့်အရေးချိုးဖောက်တာတွေအပေါ်သက်ဆိုင်ရာအလုပ်ရှင်တွေအနေနဲ့တာဝန်ခံရမယ်လို့လဲဒုဝန်ကြီးကဆိုပါတယ်။



 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026