NEWS

စက်ရုံအများစုကအနည်းဆုံးလုပ်ခလစာတိုးမြင့်လာကြပေမဲ့ အလုပ်သမားတွေအတွက်ကိုက်ညီမှုမရှိသေးဟုဆို

CoverLogo
1.3K Views

ယခုရက်ပိုင်းမှာ ရန်ကုန်မြို့ကစက်ရုံအများစုဟာ တစ်​ရက်လျှင် အနိမ့်ဆုံးလုပ်ခ ၅၆၀ဝ ကျပ် သို့တိုးမြှင့်လာကြလို့ အလုပ်သမားတွေကြားရေပန်းစားနေတာဖြစ်သလို တိုးမြင့်ပေးလာတဲ့နှုန်းထားဟာ အလုပ်သမားတွေအတွက် ကိုက်ညီမှုမရှိတဲ့နှုန်းထားသာဖြစ်တယ်လို့ သိရပါတယ်။

"ညီမတို့အနေနဲ့က ဘရမ်းတွေကို အနိမ့်ဆုံးလုပ်ခလစာနဲ့ပတ်သက်ပြီးတော့ ဖိအားပေးထားတာတွေရှိတယ်။ အဲ့ဒီလိုမျိုးဖိအားတွေပေးထားတဲ့အခါကျတော့  လုပ်ငန်းရှင်တွေနဲ့လည်း ပူးပေါင်းညှိနှိုင်းပြီးဆုံးဖြတ်ချက်ချလိုက် တယ်လို့ထင်ပါတယ်။ အဲ့ဒီလိုဆုံးဖြတ်ချက်ချလိုက်လို့ တစ်သံတည်းတစ်ပြိုင်တည်းထွက်လာတယ်လို့မြင်ပါတယ်။ ခုလဟိုစက်ရုံတိုး  နောက်လနောက်စက်ရုံတိုးဆိုတာမျိုးမဟုတ်ဘဲ အာလုံးတစ်ပြိုင်တည်းဖြစ်လာတယ်။ ခုလိုဒီလိုမျိုးတိုးသွားတယ်ဆိုတာကလည်း သူတို့ရဲ့တိုင်ပင်မှုတစ်ခုလို့ပဲသုံးသပ်တယ်။ နောက်မှာလည်းဖိအားတွေလည်းရှိမယ်ထင်တယ်။  တိုးပေးမယ်လို့ကြိုတင်ပြောဆိုတာမရှိဘူး အားလုံးသိလိုက်ရတာဒီ၅လပိုင်းပေါ့။ တစ်နေ့ကမှသိလိုက်ရတာ" လို့ အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့​အလုပ်သမားများထဲမှ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

စက်ရုံကလုပ်ငန်းရှင်တွေဟာ ယခုရက်ပိုင်းမှာ အနိမ့်ဆုံးလုပ်ခလစာတစ်နေ့၅၆၀၀ကျပ်ကနေ ၆၀၀၀ ကျပ်သို့တိုးမြှင့်ပေးလာကြတာရှိသလို တစ်နေ့၅၆၀၀ကျပ်နဲ့အချိန်ပိုတစ်နာရီ ၁၄၀၀ကျပ်ဖြင့် လုပ်သားခေါ်ယူမှူတွေကလည်း စက်ရုံအများစုတစ်ပြိုင်တည်းထွက်ပေါ်လာတယ်လို့ သိရပါတယ်။

တိုးမြင့်ပေးလာတဲ့နှုန်းထားတွေကတော့ အများဆုံး၆၀၀၀နဲ့ ၅၆၀၀ ကိုအများဆုံးတွေ့ရပြီး  ၅၆၀၀နဲ့ ၆၀၀၀အကြား တိုးပေးထားကြတာကိုလည်းတွေ့လာရတာကြောင့် အဆိုပါနှုန်းထားက ကျပ် ၈၀၀ သာတိုးလာတာဖြစ်လို့ ဒါဟာ အလုပ်သမားတွေအတွက်လုံးဝအဆင်မပြေသေးဘူးလို့ ဆိုပါတယ်။

"လုံး၀အဆင်မပြေသေးပါဘူး။ ဘာလို့လဲဆိုတော့ ၅၆၀၀ဆိုတာက ဟိုလိုကြီးတိုးသွားတာမဟုတ်ဘူး။ ၈၀၀လောက်ပဲတိုးသွားတာဖြစ်တယ်။ တစ်ထောင်တောင်မပြည့်ပါဘူး။ ၄၈၀၀ထက်တော့ တော်သေးတာပေါ့ ဒါပေမဲ့ကျွန်မတို့က ၇၀၀၀ လောက်မှန်းထားကြတာ။ ဒီနှစ်နှစ်အတောတွင်းမှာ ဒေါ်လာစျေးနဲ့တွက်မယ်ဆိုရင်  ၂၀၁၈ခုနှစ်က ဒေါ်လာစျေးနဲ့တွက်မယ်ဆိုရင်  ၃ဒသမ၅ဒေါ်လာရှိပါတယ်။ ခု၃ဒသမ၅ဒေါ်လာနဲ့ဆ်ိုရင်  အဲဒီဒေါ်လာနဲ့တွက်မယ်ဆိုရင် တစ်နေ့လုပ်အားခ ၇၃၅၀ရှိပါတယ်။ အဲ့တော့ခုကနည်းပါတယ်။ အလုပ်သမားတွေအတွက်  မကိုက်ညီသေးပါဘူး" လို့ ဆိုပါတယ်။

ခုလိုတစ်နေ့လုပ်ခတိုးမြှင့်တာနဲ့ပတ်သက်ပြီး မြန်မာပေါင်ချိန်အလုပ်သမားသမဂ္ဂရဲ့Page မှာ" ငါတို့ကတော့ ၄၈၀၀ ထဲကတောင်နှုတ်ခံရမခလားမသိဘူးဆိုတာတွေ့ရှိတယ်။ တစ်ချို့ကျတော့လည်း ငါတို့ကတော့ ၃၆၀၀ ခေတ်ပဲရောက်နေသေးတယ်" ဆိုတဲ့ ပြောဆိုမှုတွေလည်းရှိနေလို့ အလုပ်သမားတွေအခွင့်အရေးချိုးဖောက်နေတာတွေကို  ဖော်ထုတ်ပေးနေမှာဖြစ်ပြီး  
တိုးပေးလာတဲ့အပေါ် လုပ်ငန်းရှင်တွေကိုလည်း ကျေးဇူးတင်သလို ဖြစ်နိုင်မယ်ဆိုရင် အလုပ်သမားတွေအတွက် ကိုက်ညီမဲ့ဒီထက်ပိုရမဲ့နှုန်းထားကို မျှော်လင့်တယ်လို့ ဆိုပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခ ၄၈၀၀ လို့ သတ်မှတ်ထားပေမဲ့ အလုပ်ရှင်တွေဟာ အဲ့ဒီထက်ပိုပေးတာမျိုးမရှိဘဲ ၄၈၀၀ကအမြင့်ဆုံးဖြစ်နေပြီး အချို့သောအလုပ်သမားတွေမှာ  ကိုဗစ်ဖြစ်ပွားချိန်မှစကာ လက်ရှိအာဏာသိမ်းကာလအထိ  စီးပွားရေးကျဆင်းမှုကြောင့်ဟုဆိုကာ  ၃၆၀၀ ကျပ်ဖြင့်သာပေး ချေနေကြတာတွေလည်းရှိနေပါတယ်။

၄၈၀၀ကျပ်ပြဌာန်းမှု နှစ်နှစ်ပြည့်ခဲ့ပြီး  ထပ်မံတိုးမြှင့်ပြဌာန်းပေးရန် ပျက်ကွက်ခဲ့တာကြောင့် လက်ရှိအလုပ်သမားတွေဟာ Double Charges နှစ်ခုနစ်နာခဲ့တာပါ။

အနည်းဆုံးအခကြေးငွေကျပ် ၄၈၀၀ သတ်မှတ်ပြီးနှစ်နှစ်တစ်ကြိမ်ပြန်လည်ပြင်ဆင်ရန် သတ်မှတ်မယ်လို့  မျှော်လင့်ခဲ့ပေမဲ့ ငါးနှစ်ပြည့်သည့်တိုင် ပြောင်းလဲခြင်းမရှိခဲ့ဘဲ လက်ရှိကုန်ဈေးနှုန်းကြီးမြင့်ချိန်အထိ ၄၈၀၀ဖြစ်နေတာကြောင့်  သင့်တင့်တဲ့ပြောင်းလဲမှုတစ်ခုတိုးမြင့်ပေးဖို့ လိုအပ်နေတာပါ။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026