NEWS

စက်ရုံအတွင်း ရေဝင်ပြီး လုပ်ကိုင်မရ ဖြစ်ပေမဲ့ နေအိမ် ပြန်ခွင့်မပေး

CoverLogo
708 Views

#ပေးစာ

TV အထည်ချုပ်စက်ရုံကပါ။ ရွှေပြည်သာ သံလမ်း ရွှေဗဟိုပတ်လမ်း မှာ ရှိပါတယ်။  စက်ရုံက TV အထည်ချုပ်  စက်ရုံပါ။ ကျွန်မတို့က ရုံနံပါတ် ၂ ကပါ။ 

ဒီကနေ့(အောက်တိုဘာ   ၂၂ ရက်) စက်ရုံထဲ ရေတွေဝင်နေပါတယ်။ အလုပ်သမားတွေက အန္တရာယ်ရှိလို့ နေအိမ် ကို ပြန်ရဖို့ ပြောတာကို စက်ရုံမှူးက ခွင့်မပြုလို့ပါရှင့်။ 

အလုပ်သမားတွေက ရေကြီး လို့ အရေးကြီးအခြေနေဖြစ်နေလို့ တောင်းဆိုနေတာပါ ။

စက်ရုံမှုးနဲ့ HR က မပြန်ခိုင်းဘဲ ငြင်းနေတာပါ။ လျှပ်စစ်လိုင်းတွေနဲ့ အန္တရာယ်များလွန်းတယ်ပါရှင့် ။

HRက  ပြောပါသေးတယ် ၊ ပြန်မယ်ဆိုရင်ရတယ် ၊ ရက်မှန်ကြေး ဖြုတ်မယ်လို့ ပြောပါတယ်ရှင့်။ 

ရက်မှန်ကြေးဆိုတာလည်း ပုံသေမပေးပါဘူး ။ တလ ၁သောင်း ၊  နှစ်လပေါင်း  ၂သောင်း အဲ့လိုပါ ။ 

ရက်ပျက် တာနဲ့ ၁ ကျပ်မှ မရတော့ပါဘူး။ တခြား စက်ရုံတွေမှာ သီးခြား ထောက်ပံ့ကြေးပေးပါသေးတယ်။ ဒီစက်ရုံမှာ အဲလိုလည်း မပေး ပါဘူး။ 

အလုပ်လည်း လုပ်မရ၊ ပြန်လို့လည်း မရနဲ့ စက်ရုံထဲတင် ဒုက္ခရောက်နေလို့ပါ ရှင့်။ 

#အချက်အလက်- DICA ရဲ့ အချက်အလက်အရ စက်ရုံကို ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနဲ့ တည်တောင်ထား ပါတယ်။ လက်ရှိ စက်ရုံမှာတော့  CLIQUE အမှတ်တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။ 
 #MyanmarLabourNews


Related posts

Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025