NEWS

စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု

CoverLogo
28 Views
(News Story)
 
ပဲခူးစက်မှုဇုန်၊ နာဂဝန်လမ်းမှာရှိတဲ့ Jafon (ဂျက်ပွန်) လက်ကိုင်အိတ်စက်ရုံမှာ ဘာတွေ ဆက်ဖြစ်လဲဆိုတာ ပြောပြချင်ပါတယ်။ ဒီစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး IPSY တို့ GLAM BAG တို့လို နာမည်ကြီး အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတာပါ။
 
အလုပ်သမား ၄၀၀ နီးပါး ရှိတဲ့အထဲမှာ အမျိုးသမီးအလုပ်သမားက အများစုပါ။ ဒါပေမဲ့ အခု အဲ့ဒီစက်ရုံထဲမှာ အလုပ်သမားတွေ စိတ်မချမ်းမြေ့စရာ၊ လုံခြုံမှုမရှိဘူးလို့ ခံစားနေရတဲ့ ကိစ္စတွေ ဖြစ်နေပါတယ်။
 
ဘာတွေဖြစ်နေတာလဲဆိုတော့ စက်ရုံတာဝန်ရှိသူတွေက သူတို့ရဲ့ မိတ်ဆွေ တရုတ်အမျိုးသားတွေကို စက်ရုံထဲ ခေါ်လာတတ်ကြတယ်။ အဲ့ဒီလူတွေက အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေကို တစ်လိုင်းဝင် တစ်လိုင်းထွက် လိုက်ကြည့်ကြတာပါ။
အလုပ်ကို လေ့လာတာ မဟုတ်ဘဲ "လက်ထပ်ဖို့ မိန်းမရှာဖို့" လာကြည့်ကြတာပါ။
 
သူတို့ သဘောကျတဲ့ မိန်းကလေးတွေ့ရင် စူပါတွေ၊ လီတာတွေကတစ်ဆင့် အောင်သွယ်ခိုင်းတာ၊ လက်ထပ်ဖို့ ကမ်းလှမ်းတာတွေ လုပ်လာကြပါတယ်။ တချို့ဆိုရင် ကောင်မလေးက သဘောမတူမချင်း သူအလုပ်လုပ်နေတဲ့ စက်ခုံရှေ့မှာ နေ့တိုင်း လာထိုင်ကြည့်နေတာမျိုးအထိ လုပ်ခဲ့ကြတာပါ။
 
ဒါဟာ အလုပ်ခွင်ထဲမှာ အမျိုးသမီးတွေ ကို ပေါ်ပေါ်တင်တင် နှောင့်ယှက်နေတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေရှိလာလို့ အလုပ်သမားဦးစီးဌာနက လူ ၈ ယောက်လောက် စက်ရုံကို လာစစ်ဆေးခဲ့ပါသေးတယ်။ အလုပ်သမားတွေကို ရုံးခန်းထဲခေါ်ပြီး "တရုတ်နဲ့ယူဖို့ လာကြည့်တာ ဟုတ်သလား"၊ "စူပါတွေက အောင်သွယ်ပေးနေတာ ဟုတ်သလား" ဆိုတဲ့ မေးခွန်းတွေကို ဖြေခိုင်းပါတယ်။
 
ဒါပေမဲ့ အလုပ်သမားတွေအတွက်ကတော့ အမှန်အတိုင်းဖြေဖို့ဆိုတာ တကယ်ကို စိုးရိမ်စရာပါ။ အမှန်အတိုင်းဖြေလိုက်ရင် သူတို့အတွက် လုံခြုံမှုရှိပါ့မလားဆိုတာ ဘယ်သူမှ အာမမခံနိုင်တော့ တချို့လည်း ကြောက်လို့ "မသိပါဘူး" လို့ပဲ ဖြေခဲ့ကြရပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကလည်း အစိုးရရုံးကလူတွေလာပြီး ၅ ယောက်တစ်အုပ်စုစီနဲ့ "အသိပညာပေး" တယ်ဆိုပြီး လုပ်ပါတယ်။ နှောင့်ယှက်ခံရရင် တိုင်လို့ရတဲ့ ဖုန်းနံပါတ်လေးတွေ ပေးသွားတာပဲ ရှိပါတယ်။ ထူးခြားတာက စက်ရုံကို ထိထိရောက်ရောက် အရေးယူတာမျိုး လုံးဝ မတွေ့ရသေးတာပါပဲ။
 
ပိုဆိုးတာက စစ်ဆေးရေးတွေ လာပြီးတဲ့နောက်မှာတောင် ဘယ်ကမှန်းမသိတဲ့ တရုတ်တစ်ယောက်က စက်ရုံထဲကို ရောက်လာပြန်ပါတယ်။
 
သူက စက်ရုံမှာ ဘာတာဝန်မှရှိသူ မဟုတ်ပေမဲ့ လိုင်းတွေရဲ့ ဘေးပတ်ပတ်လည်ကနေ လိုက်ကြည့်နေတုန်းပါပဲ။
ဒါဟာ အလုပ်သမားတွေရဲ့ ဂုဏ်သိက္ခာကို စော်ကားရာရောက်သလို၊ အလုပ်ခွင်လုံခြုံမှုကိုလည်း အကြီးအကျယ် ထိခိုက်စေပါတယ်။
 
တကယ်တော့ စက်ရုံဆိုတာ အလုပ်လုပ်ရမယ့်နေရာဖြစ်သင့်ပြီး အခုလို "မိန်းမလာရှာတဲ့ ဈေး" တစ်ခုလို ဖြစ်နေတာဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။
 
သက်ဆိုင်ရာဌာနတွေအနေနဲ့ ဒီထက်ပိုပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဖို့၊ အလုပ်သမားတွေရဲ့ ဘေးကင်းလုံခြုံဖို့ တကယ်တမ်း ကာကွယ်ပေးဖို့ အထူးလိုအပ်နေပြီ ဖြစ်ပါတယ်။

Related posts

Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
LITA MYANMAR အထည်ချုပ် သင်္ကြန်ကာလ ပိတ်ရက်အတွက် ရက်စား ဆင်းခိုင်း
Mar 22, 2026
Cover
Jin Shi Yuan Garment အလုပ်သမားဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်ခိုင်း
Mar 22, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026