NEWS

စက်ရုံတွင်အလုပ်ရမည်ဆိုကာ ခေါ်ဆောင်လာပြီး ပွဲစားမှ တောထဲတွင်စွန့်ပစ်ခဲ့သဖြင့် မြန်မာလုပ်သား ၁၅ ဦး အဖမ်းခံရ

CoverLogo
289 Views
 
ထိုင်းနိုင်ငံ ဖက်ချဘွန်းခရိုင်၊ ခေါင်ခိုမြို့နယ်ရှိ တောအုပ်တစ်ခုထဲတွင် ပွဲစားမှ စွန့်ပစ်ခဲ့တဲ့ မြန်မာလုပ်သား၁၅ဦး နဲ့တရုတ်နိုင်ငံသား ၅ဦး ကို ထိုင်းရဲတပ်ဖွဲ့ စစ်ဆေးတွေ့ရှိ ကာ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရသိရပါတယ်။
 
အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းမှာ တောအုပ်အတွင်း နိုင်ငံခြားသားများ ပုန်းအောင်းနေကြောင်း ခေါင်ခိုရဲစခန်းကို ဒေသခံတွေက သတင်းပေးပို့ခဲ့တဲ့ အတွက် သွားရောက် စစ်ဆေးရာမှာ ၎င်းနေရာမှာ ထိုင်လျက်၊ အိပ်လျက် ပုန်းအောင်းနေတဲ့ နိုင်ငံခြားသားတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
 
စစ်ဆေးမေးမြန်းချက်အရ ၎င်းတို့ကို ပွဲစား ဆိုသူက စက်ရုံ တစ်ခုတွင် အလုပ်ရမယ်ဆိုကာ ကားတစ်စီးဖြင့်ခေါ်ဆောင်လာတာလို့ သိရပါတယ်။
 
ထိုင်းနိုင်ငံအတွင်းသို့ သဘာဝလမ်းကြောင်းအတိုင်း ခိုးဝင်လာကြသူတွေဖြစ်ပြီး အောက်တိုဘာ၂၉ရက်မှာ ခေါင်ခိုသို့ရောက်ရှိချိန် ကားမောင်းသူမှ နောက်ထပ် လာကြိုမယ့် ကားသမား လာမယ်ဆိုကာ ၎င်း ကားပေါ်မှဆင်းခိုင်းပြီး တောအုပ်ထဲမှာ ပုန်းအောင်းခိုင်းခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
သို့ပေမယ့် အောက်တိုဘာ၃၀ရက် အထိ လာရောက်ကြိုတာမျိုး မရှိဘဲ စွန့်ပစ်ထားတာကြောင့် ဒေသခံတွေက တွေ့ရှိပြီး ရဲကို အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဖမ်းဆီးရမိသူတွေကို တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ ဥပဒေဖြင့် လုမ်းဆက်ခရိုင် တရားရုံးမှာ တရားစွဲဆိုသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ ပေါင်းစပ်ညှိနှိုင်းကာ နေရပ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်သွားမယ်လို့ သိရပါတယ်။
Ref-khaosod News

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026