NEWS

စက်ရုံတရုံလုံး အလုပ်ရပ်ပြီးဆန္ဒပြတောင်းဆိုခဲ့လို့ အလုပ်ရှင်က ဒေးကြေးတိုးပေးမယ်ကတိပေးပေမဲ့ အမှန်တကယ်တိုးပေးခြင်းမရှိဟုဆို

CoverLogo
480 Views

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့၊ ၁၈ ရပ်ကွက်၊ ရေပြာလမ်း ၊အမှတ် - ရှိ  Kingsrich (MYANMAR) Fashion Limited မှာ၀င်ရောက်လုပ်ကိုင်နေကြတဲ့  အလုပ်သမားတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံနေရလို့ ဒေးကြေးတိုးပေးဖို့ စက်ရုံအတွင်းဆန္ဒပြတောင်းဆိုမှုပြုလုပ်ခဲ့တဲ့အပေါ်  အလုပ်ရှင်ဘက်က တောင်းဆိုမှုကိုလိုက်လျောတယ်လို့ သဘောတူခဲ့ပေမဲ့ အမှန်တကယ် လုပ်ခတိုးပေးခြင်းမရှိဘူးလို့ သိရပါတယ်။ 

အဆိုပါစက်ရုံတစ်ရုံလုံးကအလုပ်သမားအားလုံးဟာ ပြီးခဲ့တဲ့ဇွန် ၁၀ ရက်နေ့က အခြေခံလစာတိုးပေးဖို့အတွက်  အလုပ်ရပ်ပြီး  ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ရာ  အလုပ်ရှင်က ဒေးကြေး ၇၅၀၀ ကျပ် OT ၂၀၀၀ ကျပ်နဲ့သဘောတူညီခဲ့တယ်လို့သိရပြီး စာချုပ်ထွက်မလာခဲ့ဘဲ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ 

"ခုထိတော့ဘာမှမကြားရသေးဘူး။ ဒေးကြေး ၇၅၀၀ အချိန်ပိုကြေး၂၀၀၀ ပေးမယ်လို့သဘောတူတယ်ဆိုပြီး    စာချုပ်လည်းမချုပ်ဘူး။  ဒေးကြေးမတိုးပေးရဲဘူးတဲ့။ ထောက်ပံ့ကြေးတဲ့။ အချိန်ပိုကပိတ်ရက်မှာဆင်းရတယ်ဆိုရင် ၂၀၀၀ နဲ့တဲ့။ အဲ့တာကိုလက်မှတ်လိုက်ထိုးခိုင်းတာ။ ထိုးတဲ့သူလည်းရှိသလို မထိုးတဲ့သူလည်းရှိတယ်"လို့ အလုပ်သမားနဲ့နီးစပ်သူကဆိုပါတယ်။  

နောက်နေ့မှာတော့  ဒေးကြေးတိုးလာတာမဟုတ်ဘဲ ထောက်ပံ့ကြေး အဖြစ် လက်မှတ်လိုက်ထိုး ခိုင်းတာကြောင့် အလုပ်သမားအချို့လက်မှတ်ထိုးတာရှိသလို လက်မှတ်မထိုးတဲ့အလုပ်သမားတွေလည်းရှိနေတယ်လို့အလုပ်သမားများထံမှ သိရှိရပါတယ်။

အဆိုပါစက်ရုံဟာ H&M အမှတ်တံဆိပ်ချုပ်နေတဲ့ အလုပ်သမားထောင်ကျော်ရှိတဲ့ စက်ရုံတစ်ရုံဖြစ်ပါတယ်။

အဆိုပါစက်ရုံမှာ အလုပ်သမားသမဂ္ဂမရှိဘဲ အလုပ်သမားများသာ စုပေါင်း ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်လို့ ဦးဆောင်ညှိနှိုင်းဖို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်မရှိတဲ့အပေါ်အခွင့်ကောင်းယူကာ  အလုပ်သမားတွေရဲ့တောင်းဆိုမှုများကို   အလုပ်ရှင်ကတောင်းဆိုချက်လိုက်လျောတယ်လို့ဆိုခဲ့ပြီးမှ စာချုပ်မချုပ်ဆိုဘဲ ယခုလိုလုပ်တာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အဲ့ဒီလိုတောင်းဆိုမှုတွေပြုလုပ်ခဲ့ပြီးနောက် အလုပ်သမားတွေဟာ စက်ရုံအတွင်းမှာ စောင့်ကြည့်ခံရတာရှိသလို   စက်လိုင်းအတွင်းစည်းကမ်းတင်းကြပ်မှုတွေကိုပါ လုပ်ဆောင်ခံနေရတာတွေရှိနေပြီလို့ ဆိုပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026