NEWS

စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး လုပ်ဆောင်မှုများ အားနည်းနေ

CoverLogo
655 Views
အလုပ်သမား ဝန်ကြီးဌာနက လုပ်ငန်းခွင်ထဲမှာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီတွေ ဖွဲ့စည်းနေတယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် လုပ်ငန်းခွင်တွေထဲမှာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ဆောင်တာတွေ အားနည်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လုပ်ငန်းခွင်ထဲမှာ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဓာတုပစ္စည်း အသုံးပြုတာတွေ၊ လျှပ်စစ်အသုံးပြုတာတွေ နဲ့ လုပ်ငန်းခွင်တွင်း မတော်တဆ ဖြစ်စေနိုင်တဲ့ အခြေအနေတွေ (ဥပမာ- အပူရှိန်လျော့ချနိုင်ဖို့ ပြတင်းပေါက်တွေ အလုံအလောက် ထားရှိတာ၊ ကြီးမားတဲ့ ဝန်စည်တွေကို ရွှေ့ပြောင်းတဲ့အခါမှာ ထိခိုက်မှု မရှိအောင် ကာကွယ်မှု လုပ်ဆောင်တာ)ကို ကြိုတင်ကာကွယ်တာတွေ လုပ်ဆောင်ဖို့ လမ်းညွှန်ချက်တွေ ထုတ်ပြန်ထားပေမယ့် လက်တွေ့လုပ်ဆောင်မှု အားနည်းနေတာ ဖြစ်ပါတယ်။
“ကျွန်မတို့ စက်ရုံထဲဆို လေဝင်လေထွက်ကလည်း မကောင်းဘူး။ နွေရာသီဆို စက်တန်းထဲ မူးလဲတာတွေတောင် ရှိတယ်။ နောက်ပြီး အိမ်သာအနံ့တွေကလည်း အမြဲနံနေတာပဲ။ စက်ရုံသန့်ရှင်းရေးကလည်း စစ်ဆေးရေးလာ တဲ့နေ့နဲ့ buyer တွေလာတဲ့နေ့လောက်ပဲ သေချာလုပ်တယ်။ အဲဒီအချိန်ဆို ဘာအနံ့မှကို မရတာ။ ကျန်တဲ့အချိန်ဆို သေချာကို မလုပ်ဘူး” လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းတွေအရတော့ ဇူလိုင်လ (၂၇) ရက်ကနေ ဩဂုတ်လ (၁၅)ရက်ထိ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီကို အလုပ်သမား (၅၀) ဦးနဲ့ အထက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ (၂၁) ဖွဲ့နဲ့ အလုပ်သမား (၅၀) ဦးအောက်ရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ (၁) ဖွဲ့၊ စုစုပေါင်း (၂၂) ဖွဲ့ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
“အခုက စစ်ဆေးရေး ဝင်မယ်ဆို ကြိုပြောတယ်လေ။ အဲဒါဆို စက်ရုံဘက်က လူကြီးလမ်းကြောင်းမလို့ အကုန် သန့်ရှင်းပေးထားတယ်။ သူတို့လာရင် အကုန်အဆင်ပြေနေတာပေါ့။ တကယ်ဆို ရှောင်တခင်ဝင်စစ်မှ အခြေအနေမှန်ကို သိရမှာလေ။ အခုကျ ဘာမှမထူးဘူး။ သူတို့ပြန်သွားရင် သောက်စရာ ရေမလုံလောက်တာ၊ လက်ဆေးစရာ ဆပ်ပြာမရှိတာတွေချည်းပဲ။ မတော်တဆ ထိခိုက်တာလောက်ကို စက်ရုံဘက်က ပြဿနာလို့ကို မမြင်တော့တာ”လို့ စက်ရုံသမဂ္ဂအဖွဲ့ဟောင်း မသန္တာက ပြောပါတယ်။
စစ်အာဏာမသိမ်းခင်က လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရန်၊ရှောင်ရန်တွေနဲ့ လိုအပ်ချက်တွေကို အလုပ်သမားတွေကစုပေါင်း
 
တောင်းဆိုတာတွေ၊ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ အလုပ်သမား အဖွဲ့ချုပ်တွေက အသိပညာပေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် လက်ရှိမှာတော့ လုပ်ဆောင်နိုင်တဲ့အခြေအနေမရှိတော့ဘူးလို့ ဆိုပါတယ်။

Related posts

Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026
Cover
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ
Mar 23, 2026
Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026