NEWS

စက်ရုံ အလုပ်ရုံတွေမှာ အချိန်ပိုခေါ်ယူမှုတွေလျှော့ချလာ

CoverLogo
1.2K Views

ရန်ကုန်မှာရှိတဲ့ စက်ရုံအလုပ်ရုံက လုပ်ငန်းရှင်တွေဟာ ယခုလတ်တလော ကာလ တွေမှာ   အချိန်ပိုခေါ်ယူမှုတွေ လျှော့ချလာတာကြောင့်  အလုပ်သမားတွေရဲ့စား၀တ်နေရေးရပ်တည်နိုင် မှုတွေက ပိုမိုခက်ခဲလာတယ်လို့  အလုပ်သမားတွေထံက သိရပါတယ်။

"အိုတီမရှိတော့ရင်တော့ အလုပ်သမားတွေရပ်တည်ဖို့မလွယ်တော့ဘူး လက်ရှိကုန်ဈေးနှုန်းနဲ့ အဆောင်လခနဲ့ ဘယ်လိုမှမရဘူး ကြားနေရတာ နိုင်ငံခြားထွက်ပြီးအလုပ် လုပ်ဖို့ကိုပဲ အာရုံစိုက်လာကြတယ်။ အချိန်ပိုမရှိရင်တစ်နေ့လုပ်ခ ၄၈၀၀ အတိုင်းတစ်လကို ၁၄၄၀၀၀ ပဲရတာ ဟုတ်တယ်။  ဒါတောင် အလုပ်တစ်ရက်ပျက်တာနဲ့ မရေတာ့ဘူး တစ်ရက်ပျက်ရင် ၄သောင်းခွဲလောက်ပြုတ်တယ် ရက်မှန်ကြေး ၂၀၀၀၀ ဒေးကြေး ၄၈၀၀ ကျွမ်းကျင်ကြေး ဂရိတ်ကချတယ် ၂၀၀၀၀ အိုတီကြေးကတော့ မရတော့ဘူးပေါ့" လို့  စက်ရုံအလုပ်သမားတစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ ​အောက်တိိုဘာလက လုပ်ခလစာ တိုးပေးဖို့ စက်ရုံတွင်း ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့ကြတဲ့ မြန်မာပေါင်ချိန်စက်ရုံမှာလည်း အရင်လတွေကဆင်းရတဲ့ သူကဆင်းရပြီး  မဆင်းရတဲ့သူလည်းရှိသလို  ယခု ၁၁လပိုင်းနောက်ပိုင်းကစပြီး အိုတီမရှိတော့ဘဲ  တစ်နေ့လုပ်အားခ  ကျပ်၄၈၀၀နဲ့ပဲရပ်တည်ရကာ  အခြားမည်သည့်၀င်ငွေမှမရှိတော့တာကြောင့်  တစ်လလုံးရဲ့  လစာတစ်သိန်းငါးသောင်းနီးပါးကို အဆောင်လခတွေစားသောက်စရ်ိတ်တွေကိုတွက်ချက်ကာ  မိမိတို့မိသားစုထံသို့   ပေးပို့နိုင်ခြင်းမရှိတာကြောင့်  စား၀တ်နေရေးခက်ခဲလာတာဖြစ်တယ်လို့ သိရပါတာယ်။

"ကုန်ဈေးနှုန်းတွေကလည်းတက်နေတာ ဆို တော့သူတို့တစ်သိန်းလောက်ကုန်တယ်။ သူတို့မိသားစုတွေအတွက် အခက်အခဲရှိတယ်။ အခုလိုကုန် ဈေးနှုန်းတွေတက်နေတဲ့အချိန်မှာ ဘယ်လိုမှအဆင်မပြေဘူးပေါ့။ အခုဆိုအိုတီက တစ်ရုံလုံးမရှိတော့ တာ။ တစ်ရုံလုံးက၄နာရီနဲ့ဆင်းကြရတယ်။ အကုန်လုံး
က ကုန်ဈေးနှုန်းတွေတက်လာတာရော အိုတီတွေမရှိ တာရောဆိုတော့ အဆင်မပြေကြတော့ဘူး။ စက်ရုံအလုပ်တစ်မျိုးတည်းကိုပဲ လုပ်နေကြတာဆိုတော့ စက်ရုံက လစာကိုပဲမီခိုရတာပေါ့။  အိုတီရှိရင် တစ်လကိုအနည်းဆုံးနှစ်သိန်းနှစ်သိန်းခွဲရကြတယ်။ အဲလောက်ဆို မိသားစုကိုလည်း ထောက်ပံ့နိုင်တာပေါ့။ ခုက အီတီမရှိတော့ကိုယ့်စား၀တ်နေရေးကိုတောင် အနိုင်နိုင်လုပ်နေရသလိုဖြစ်နေတာပေါ့"  လို့ မြန်မာပေါင်ချိန်စက်ရုံ မှအလုပ်သမားတစ်ဦးကဆိုပါတယ်။  

အခုလိုအချိန်ပိုခေါ်ယူနိုင်ခြင်းမရှိတာက  စက်ရုံလုပ်ငန်းရှင်တွေအနေနဲ့  မြန်မာနိုင်ငံမှာ  ကိုဗစ်၁၉ ရောဂါဖြစ်ပွားချိန်ကစပြီး  အာဏသိမ်းဖြစ်စဉ်များကြောင့် စီးပွားရေးကျဆင်းလာပြီးအော်ဒါရရှိခြင်းတွေပါ   လျော့ကျလာတာကြောင့်  အချိန်ပိုခေါ်ယူတာတွေ လျှော့ချလာတာဖြစ်သလို အလုပ်ရှင်အချို့က  အလုပ်သမားတွေအပေါ် ပုံမှန်သတ်မှတ်တောင်းယူနိုင်တဲ့စံချိန်တွေထက် ပိုများတဲ့ စံချိန်တွေ တိုးမြင့်သတ်မှတ်တောင်းယူကာ  စံချိန်မပြည့်မီပါကအချိန်ပိုအစားထိုးဆင်းပြီး  လုပ်ဆောင်ပေးနေရတာတွေ ကြောင့်  အလုပ်သမားများအချိန်ပိုရရှိမှုလျော့ကျကာ အလုပ်သမားများစား၀တ်နေရေးခက်ခဲလာတာဖြစ်တယ်လ်ို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026