NEWS

စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေဖျားနာပေမဲ့ ခွင့်ယူမရဖြစ်နေ

CoverLogo
856 Views

မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်နေကြတဲ့ရာသီဖျားနာမှုနဲ့ကိုယ်လက်ကိုက်ခဲမှူတွေ ဖြစ်ပွားမှုမြင့်တက်လာပါတယ်။ စက်ရုံ၊ အလုပ်ရုံက  အလုပ်သမားအများစုလည်း ဖျားနာတာ ဖြစ်ပွားနေပေမယ့် စက်ရုံတွေက ခွင့်မရဘူးလို့ အလုပ်သမားများထံက သိရပါတယ်။

"စက်ရုံကအလုပ်သမားတွေခွင့်ယူရင်မရဘူး အကြီးစားခွဲစိတ်တာတွေတို့ အကြီးစားကျန်းမာရေးပျက်တာတွေလောက်ပဲ ခွင့်ယူလို့ရတယ်။ သာမန်ဖျားတာနာတာကတော့ ဘယ်လောက်ဖျားဖျားယူလို့မရဘူး" လို့ ရွှေပြည်သာမြို့နယ်က New Plus အထည်ချုပ်စက် ရုံကအလုပ်သမားက ပြောဆိုပါတယ်။ 

ယခုရက်ပိုင်းအတွင်း မိုးအရမ်းရွာတာကြောင့် ရာသီတုပ်ကွေး ကူးစက်ဖျားနာမှုတွေ မြင့်တက်နေရာ စာသင်ကျောင်းအချို့ကျောင်းပိတ်တာတွေအထိ ရှိခဲ့ပြီး  ဆေးရုံဆေးခန်းမှာလည်း ဖျားနာမှုကြောင့်ရောက်ရှိလာတဲ့လူနာဦးရေ အစုအပြုံလိုက်ရှိနေသလိုလူစုလူဝေးနဲ့ လုပ်ကိုင်နေရတဲ့လုပ်ငန်းခွင်တွေမှာလည်း ဖျားနာသူတွေ တိုးလာနေတယ်လို့ သိရပါတယ်။ 

" မနားရပါဘူး၊ တစ်ကိုယ်လုံးကိုက်ခဲပြီး ဖျားနေတာ။ မနက်မနားရဘူးခွင့်ယူမရဘူးစက်ရုံက။  ဆေးသောက်ပြီး အလုပ်ဝင်ရမှာပဲ။ ခုညဆေးထိုးထားတော့သက်သာလောက်မှာပါ။ ခွင့်ကရရင်တော့နားချင်တာပေါ့။ ခွင့်ကမရဘူး။ အပြောဆိုခံ ယူလို့ရခဲ့ရင်လည်း ဒေးကြေးရော၊ ရက်မှန်ကြေးပါအဖြတ်ခံရတာ " လို့ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှ အထည်ချုပ်လုပ်သားတစ်ဦးက ပြောပါတယ်။

စက်ရုံအလုပ်သမားတွေဟာနေမကောင်းဖျားနာလို့ ခွင့်ယူမရတာအပြင် အချို့စက်ရုံတွေက နေမကောင်းလို့ အလုပ်မလာရင် အလုပ်ထုတ်မယ်ဆိုတာမျိုးအထိ ခြိမ်းခြောက်မှုတွေရှိကြသလို အချို့စက်ရုံတွေက အလုပ်သမားတွေကတော့ စူပါတွေခေါင်းဆောင်တွေနဲ့ အဆင်ပြေ ပဏာရသူသာ ခွင့်ယူရပြီး စူပါတွေနဲ့အဆင်မပြေသူတွေကတော့ ခွင့်မရသလို အလုပ်သမားကလည်း မနားရဲဘူးလို့ သိရပါတယ်။

ဖျားနာလို့ ဒါမှမဟုတ် အကြောင့်ကိစ္စရှိလို့ အလုပ် ၁ ရက်ပျက်ပါက ရက်မှန်ကြေး ဂရိတ်ကြေး စတာတွေဖြတ်တောက်ခံရပြီး အလုပ်ထုတ်ခံရနိုင်တဲ့အထိ ဖြစ်ပွားနိုင်လို့ ဖြတ်တောက်ခံရမဲ့ ငွေကြေးပမာဏကလည်း အတိုင်းအတာတခုထိ လိုအပ်နေတာကြောင့် ခွင့်ခံစားခွင့်တွေ အသုံးပြုနိုင်ခြင်းမရှိဘူးလို့ အလုပ်သမားတွေကပြောပါတယ်။

"အလုပ်သမားတွေက နေမကောင်းလို့ ခွင့်ယူတဲ့အခါမှာ သူတို့ ကလူမှုဖူလုံရေးကြေးပေးသွင်းထားတယ်ဆိုရင် လူမှုဖူလုံရေးဆေးခန်းကိုသွားပြတယ်ဆိုရင် ခွင့်ရတယ်လေ လုပ်သက် ၆ လ ထည့်ဝင်ကြေး ၆ လပြည့်တယ်ဆိုရင်သူက ပိုက်ဆံပြန်ရတယ် အဲ့လိုပြန်ရတဲ့အခါမှာ အလုပ်သမား တွေက လူမှုဖူလုံရေးမှာ သွားပြီးတော့ ပြတဲ့အခါမှာ ဆေးခွင့်ရလို့ ခွင့်တင်မယ်ဆို ဒေးကြေး က ရပြီးသားပဲ အဲ့ဒါကြောင့် အလုပ်ရှင်တွေက ဘာလုပ်လဲဆိုရင် အရင်ကာလတွေမှာ အနည်းအကျဉ်းလွယ်ကူပေမဲ့ အခုကာလတွေမှာကျတော့ အလုပ်ရှင်က လူမှုဖူလုံရေးကခွင့်ပေးတာတောင်မှ ပိုက်ဆံဖြတ်တောက်တာတွေရှိတယ်"လို့အလုပ်သမားအရေး လှုပ်ရှားသူတစ်ဦးကပြောပါတယ်။

"နေထိုင်မကောင်းလို့ရှိရင် ခွင့်မပေးဘူးဆိုတာက စံချိန် စံချိန်  စံချိန်ဆိုပြီးလုပ်ငန်းခွင်ထဲမှာ အတင်းဖိအားပေးပြီးစံချိန်တောင်းတဲ့အခါမှာ သူတို့တောင်းတဲ့စံချိန် တွေ တားဂတ်တွေမပြည့်မှာကို စူပါတွေ အောစူပါတွေက အရမ်းကြောက်တယ်။ သူတို့ကသူဌေးတွေကိုပေးရမဲ့စံချိန်တွေကို အပြည့်မရမှာ အရမ်းကြောက်တယ် မပြည့်ရင် သူတို့ ရမဲ့ ငွေတွေကအပြည့်အဝရမှာမဟုတ်ဘူး သူတို့လစာတွေက ဒါကြောင့် အလုပ်သမားတွေကို ခွင့်မပေးဘဲနဲ့ အလုပ်ပျက်တယ်ဆိုရင် မလာတော့နဲ့ဆိုတဲ့ ဒီလိုစကားလုံးမျိုးတွေနဲ့ ကိုင်ပေါက်ပြီး ဖိအားပေးခိုင်းနေတာတွေလည်း ရှိတယ်။ နောက်တစ်ခုက လူမှုဖူလုံရေးခွင့်  ပေးရတယ်ဆိုရင် အလုပ်ရှင်ဘက်က ပိုက်ဆံလည်းပေးရတယ် အဲ့နေ့အတွက် အလုပ်သမားဆံကလုပ်အားလည်းမရဘူးပေါ့ အဲ့တာကြောင့် ဖျားနာတယ်ဆိုရင်  အလုပ်သမားတွေမှာ ခွင့်ယူလို့ မရတဲ့အခက်အခဲတွေရှိနေတာ"ခွင့်ယူမလို့မရတဲ့အလုပ်သမားတွေရဲ့အခြေ အနေကိုယင်းကပြောဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စက်ရုံအငြင်းပွားမှုတွေပိုမိုများပြားလာသလို အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေကလည်း ပိုမိုများပြားလာရာ လူမှုဖူလုံရေးဆိုင်ရာ၊  ကျန်းမာရေးခွင့်ကိစ္စတွေလည်း အပါအဝင်ဖြစ်ပါတယ်။ 

အလုပ်သမားတွေ နေမကောင်းဖျားနာရင် တာဝန်ယူဆေးကုသပေးတဲ့ စက်ရုံ အလုပ်ရုံတွေက ရှားပါးလာပြီး စက်ရုံအလုပ်ရုံအများစုက ဆေးပေးခန်းတွေမှာလည်းဆေးအလုံအလောက်မရှိသလို စမ်းသပ်ကုသပေးနိုင်မဲ့ဆေးကျွမ်းကျင်သူ သူနာပြု ဆရာဝန် ခန့်အပ်တာတွေလည်းမရှိတော့ဘူးလို့  အလုပ်သမားများရဲ့ပြောဆိုချက်အရ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026