စက်ရုံ၊အလုပ်ရုံ ကြို/ပို့ယာဉ်တွေ ကျောင်းကြို/ပို့ ယာဉ်တွေ နဲ့ အလုပ်ဌာန တွေ အတွက် အသုံးပြုရတဲ့ လုပ်ငန်းသုံးယာဉ်တွေ ဟာ ၎င်းလုပ်ငန်းအတွက် သုံးစွဲကြောင်း သက်ဆိုင်ရာ အလုပ်ဌာန ရဲ့ ခိုင်လုံတဲ့ အထောက်အထား သို့မဟုတ် ထောက်ခံချက်ပါရှိမှသာ နေ့စဉ် ပြေးဆွဲခွင့်ရရှိမယ်လို့ မတ်လ၄ရက်နေ့မှာ စစ်ကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။
ကမ္ဘာနိုင်ငံရေး အခြေနေကြောင့် စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ်လ ၇ ရက်က စပြီး အိမ်စီးကားများ
အပါအဝင် ယာဉ်အချို့ကို လစဉ် စုံရက် စုံနံပတ်ပါတဲ့ယာဉ်များ၊မရက် တွင် မ နံပါယာဉ်များ စသဖြင့် တစ်လှည့်စီ မောင်းနှင်ခွင့်ပြုမယ် လို့ စစ်ကော်မရှင်ကမတ်လ ၃ရက်တွင် အသိပေးကြေညာခဲ့ပါတယ်။
နေ့စဉ်အသုံးပြုနိုင်တဲ့အထဲမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်(Taxi)၊ စက်သုံးဆီသယ်/ပို့ဆောင်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနဲ့ စည်ပင်အမှိုက်သိမ်းယာဉ်ပနဲ့ပုဂ္ဂလိကပိုင်ဖြစ်တဲ့ EV မော်တော်ယာဉ်နဲ့ EV မော်တော်ဆိုင်ကယ်တွေကတော့ နေ့စဉ်မောင်းနှင်နိုင်တယ်လို့ ဆိုပါတယ်။
ထပ်မံ ပြီး စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ဝန်ထမ်းကြို/ပို့ယာဉ်များ၊ ကျောင်းကြို/ပို့ယာဉ်များ၊ ကုန်စည်ဖြန့် ဖြူးရေးတွင်အသုံးပြုသည့်ယာဉ်များ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက်ရုံးလုပ်ငန်းအသုံးပြုသည့်ယာဉ်များ ပါနေ့စဉ် အသုံးပြုနိုင်တယ်လို့ စက်တင်ဘာ၄ရက်မှာ ထပ်မံဖြည့်စွက် ထုတ်ပြန်ခဲ့ပါတယ်။
၎င်းယာဉ်တွေကတော့ သတ်မှတ်ထားတဲ့ အကြောင်းကိစ္စကြောင့် သုံးစွဲတာ မှန်ကန်ကြောင်းကိုလည်း ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါသူများ၊ သက်ဆိုင်ရာ အလုပ်ဌာနတွေရဲ့ ခိုင်လုံသည့်အထောက်အထား(သို့)ထောက်ခံချက်များပါရှိရမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။









