NEWS

စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်

CoverLogo
424 Views
 
ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များမှ စက်ရုံအလုပ်ရုံတွေ ကို လျှပ်စစ် မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်ယူမယ်လို့ သိရပါတယ်။
 
ဇန်နဝါရီ၃၀ရက်က ပြုလုပ်တဲ့ LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်/ဖြန့်ဖြူးမည့်အစီအစဉ်များနှင့်ပတ်သက်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကော်မရှင် လက်အောက်ခံ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ လုပ်ငန်းရှင်တွေကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
 
၄င်းအစည်းဝေးပွဲမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ စက်မှုဇုံတွေကို ၂၄ နာရီ မီးပေးသွားမယ့်အစီစဉ်နဲ့ စက်မှုဇုံများ၊ အထူးစီးပွါးရေးဇုံနှင့် စက်မှုဇုံပြင်ပသီးခြားတိုက်ရိုက်လိုင်းဆွဲအသုံးပြုနိုင်တဲ့ စီးပွါးရေးလုပ်ငန်းတွေအတွက် နှုန်းထားသစ် တစ်ယူနစ် ကျပ် (၉၀၀) နှုန်းနဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ကောက်ခံသွားမယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
 
"မီတာခ တစ်ယူနစ် ၉၀၀ တိုးမယ်လို့ သတင်းတွေကြားတယ် စက်ရုံကို စာပို့အကြောင်းကြားတာတော့မရှိသေးဘူး သူတို့ပြောသလို ၂၄နာရီ မီးပေးနိုင်မယ်ဆိုရင် လက်ရှိ မီးစက်မောင်းရတာ ဒီဇယ်ဖိုးထက်စာရင် အဆင်ပြေသေးတယ် မီးမမှန်ရင်တော့ ကုန်ကျစရိတ်ပိုသွားမှာ""လို့လှိုင်သာယာစက်မှုဇုန် (၃)မှ စက်ရုံပိုင်ရှင်တစ်ဦးက​ပြောပါတယ်။
 
အခုလို စက်ရုံ၊အလုပ်ရုံတွေနဲ့ စီးပွားရေး လုပ်ငန်း တွေ အတွက် လျှပ်စစ် မီးတာခ တိုးကောက်တာကြောင့် ကုန်ပစ္စည်း ဈေးနူန်း တွေ ပိုတိုးမြှင့်လာမှာကို ပြည်သူတွေက စိုးရိမ်နေကျပါတယ်။
 
"လုပ်ငန်းရှင်ကတော့ သူအရှုံးခံမှာ မဟုတ်ဘူး တော်ကြာ မီတာခ တိုးလို့ ကုန်ပစ္စည်းဈေးတွေ တတ်တယ်ဆိုပြီး ဖြစ်လာမှာစိုးရိမ်တာ အခု တောင်ကုန်ဈေးနှုန်းကြီးမြှင့်ပြီး ဝင်ငွေနည်းပါးခံမှုဒဏ် ခံနေရတာ ပိုဆိုးလာမှာကိုတော့ စိုးရိမ်တယ်""လို့ ပြည်သူတစ်ဦးကပြောပါတယ်။
 
လက်ရှိ တွင်ရန်ကုန်ရှိ စက်မှုဇုန်တွေကို လျှပ်စစ်မီးပေးရာမှာ တစ်ရက် ကို ၈နာရီ လောက်သာ အများဆုံး ပေးနိုင်ပြီး လုပ်ငန်း အများစုမှာ ဒီဇယ် မီးစက်တွေကို အသုံးပြူနေရတယ်လို့ သိရပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026