NEWS

စက်တင်ဘာလအတွင်း မလေးရှားရောက်မြန်မာ ၅၀၀ ကျော်ဖမ်းဆီးခံရ

CoverLogo
327 Views
 
စက်တင်ဘာလအတွင်း နေထိုင်ခွင့် အထောက်အထားမပြည့်စုံတဲ့ မလေးရှားရောက် မြန်မာ ၅၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ မလေးရှား - မြန်မာ လူမှုရေးအသင်းအဖွဲ(MMA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
လုပ်ငန်းခွင်အတွင်း နဲ့ ပတ်ဝန်းကျင်က တိုင်ကြားမှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံခြားသား ၂၉၀၀ ကျော်ထဲမှာ မြန်မာနိုင်ငံသား ၅၀၁ ဦးပါဝင်တာပါ။
 
ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားအရေအတွက် ဟာ ဒီထက်များနိုင်တယ်လို့လည်း ဆိုထားပါတယ်။
အခုလို မလေးရှားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အထောက်အထားမရှိဘဲ အဖမ်းခံရပြီး အခက်အခဲကြုံနေရသူတွေ၊ တရားရုံးမှာ အမှုရင်ဆိုင်နေရသူတွေ ရှေ့နေအခက်အခဲရှိသူတွေ၊ ထောင်ဝင်စာ သွားတွေ့ဖို့ အခက်အခဲရှိသူတွေ လူဝင်မှုကြီးကြပ်ရေးကန့် မှာ လူတွေ့ ချင်သူတွေအနေနဲ့ မလေးရှား - မြန်မာ လူမှုရေးအသင်းအဖွဲ(MMA)ကို အကူညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။
 
မလေးရှားနိုင်ငံမှာ စာရွက်စာတမ်း အထောက်အထားမပြည့်စုံဘဲ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေကို စီမံချက်နဲ့ နေ့စဉ် ဖမ်းဆီးတာတွေ လုပ်ဆောင်နေပြီး တိုင်ကြားမှုရှိတဲ့ နေရာ ၂၄၄ နေရာက တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်တဲ့သူတွေကို ဖမ်းဆီးသွားမယ်လို့ ကြေညာထားတာကြောင့် သတိထားကြဖို့ကိုလည်း MMAက အထူးအသိပေးထားပါတယ်။
 
မလေးရှားအစိုးရအနေနဲ့ ဖမ်းဆီးထားတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေကို သက်ဆိုင်ရာ နိုင်ငံသံရုံးတွေနဲ့ ပူးပေါင်းပြီး ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့နိုင်ရေး စီစဉ်နေပါတယ်။
 

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026