NEWS

စက်တင်ဘာ စတုတ္ထတပတ်တာ ကုန်ဈေးနှုန်းများ စုစည်းမှု

CoverLogo
412 Views

စစ်အာဏာသိမ်းကာလ  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေဟာ  တစ်ရှိန်ထိုးဖြစ်ပေါ်နေတာကြောင့်  ယခုတစ်ပတ်တာ စက်တင်ဘာ ၂၃ ရက်ကနေစက်တင်ဘာ ၂၉ ရက်နေ့အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့  ရွှေဈေး ငွေဈေးနဲ့အခြေခံကုန်ဈေးနှုန်းတွေကို Myanmar Labour News က  စုစည်းဖော်ပြပေးလိုက်ပါတယ်။ 

တပတ်အတွင်း ရန်ကုန်မြို့မှာ ရောင်းချလျှက်ရှိတဲ့ စက်သုံးဆီဈေးနှုန်းတွေကတော့ စက်တင်ဘာ ၂၃  ရက်နေ့ကနေ  စက်တင်ဘာ ၂၉ ရက်နေ့အထိ စက်သုံးဆီဈေးနှုန်းဟာ   ၉၂တစ်လီတာလျှင် ၃၀၆၀ကျပ် ၉၅ တစ်လီတာလျှင်  ၃၂၁၅ကျပ်၊ ရိုးရိုးဒီဇယ် တလီတာ ၂၅၇၅ ကျပ်၊ ပရီမီယံဒီဇယ်တလီတာ  ၃၂၃၅ ကျပ်ဖြစ်ပြီး စက်တင်ဘာ ၂၇ ရက်မှာတော့ ၉၂တစ်လီတာလျှင် ၃၁၃၅ ကျပ်၊ ၉၅ တစ်လီတာ  ၃၂၉၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ  ၂၅၈၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာ  ၃၂၃၀ ကျပ်ဖြစ်ကာ အဆိုပါစျေးတန်းအတိုင်း စက်တင်ဘာ ၂၉ရက်အထိ ရှိနေခဲ့တာပါ။ 

စက်သုံးဆီ ဝယ်ယူဖို့တန်းစီ၀ယ်ယူရတာတွေဟာ လက်ရှိအချိန်ထိတန်းစီ​နေရဆဲဖြစ်ကာ  ပြင်ပပေါက်ဈေးမှာတော့  ၉၂ တစ်လီတာ ၄၀၀၀ ကျပ် နဲ့ ၉၅  တစ်လီတာလျှင် ကျပ် ၄၅၀၀ ဖြစ်တယ်လို့သိရပါတယ်။ 

တစ်ပတ်အတွင်းပြည်တွင်းရွှေဈေးနှုန်းတွေကတော့  စက်တင်ဘာ၂၃ ရက်နေ့ရဲ့ ကမ္ဘာ့ ရွှေဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၆၁၁ ရှိပြီး ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းသတ်မှတ်  အခေါက် ရွှေပေါက်ဈေးဟာ ကျပ်သိန်း ၅၂ သိန်းရှစ်သောင်းကျော် ဖြစ်ပြီး   စက်တင်ဘာ ၂၄ ရက်နေ့မှာ ၅၃သိန်းသုံးသောင်းကျော်ဖြစ်ကာ စက်တင်ဘာ ၂၆ရက်မှာတော့ ၅၄သိန်း​ကျော်ဖြစ်ခဲ့ပြီး အဆိုပါစျေးတန်းအတိုင်း ၂၉ရက်နေ့အထိ  စျေးငြိမ်နေခဲ့တာဖြစ်ပါတယ်။ 

ပြင်ပရွှေဈေးကွက်မှာတော့ စက်တင်ဘာ ၂၃ ရက်နေ့နဲ့ စက်တင်ဘာ ၂၄ ရက်နေ့တွေမှာ ၆၈ သိန်းကျပ် စက်တင်ဘာ၂၅ရက်နေ့မှာ  ပြည်တွင်းအခေါက်ရွှေဈေး ၆၉ သိန်းပြန်ဖြစ်ခဲ့ပြီး   စက်တင်ဘာ ၂၆ရက်မှာ ၆၈ သိန်းဖြစ်ကာ စက်တင်ဘာ ၂၇ ရက်နေ့မှာတော့ ၆၆ သိန်းသို့ပြန်လည်ရောက်ရှိပြီး၂၈ ရက်မှာ ၆၅သိန်းနဲ့ ယနေ့ ၂၉ရက်မှာတော့ ၆၄ သိန်း၅သောင်းသို့ ကျဆင်းလာတာတွေ့ရပါတယ်။ 

ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေဟာ စစ်ကောင်စီက တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့  စက်တင်ဘာ ၂၃ ရက်မှာ ပြင်ပပေါက်စျေးအရ တစ်ဒေါ်လာ ၅၁၀၀ ကျပ်ရှိခဲ့ရာ စက်တင်ဘာ ၂၅ရက်မှာတော့ တစ်ဒေါ်လာကျပ် ၅၀၀၀ ဖြစ်လာကာ စက်တင်ဘာ ၂၆ရက်မှာတော့ တစ်ဒေါ်လာလျှင် ကျပ်၅၀၀၀ အောက် ၄၉၀၀ ကျပ်မှ  စက်တင်ဘာ ၂၇ ရက်မှာတော့ တစ်ဒေါ်လာလျှင် ၄၈၀၀ ကျပ်အထိ ရောက်ရှိသွားပြီးစက်တင်ဘာ ၂၈ ရက်နဲ့၂၉ရက်မှာတော့ ၄၇၀၀ ကနေ၄၈၀၀ ဖြစ်လို့  အကျဘက်ကိုအားသာနေတယ်လို့ခန့်မှန်းတာတွေရှိနေပါတယ်။ 

နိုင်ငံခြားငွေပြင်ပပေါက်ဈေးတွေဟာ  အကောင့်အချင်းချင်းလွှဲပြောင်းမှုနဲ့အရွက်ရောင်း၀ယ်မှုအရ ပေါက်ဈေးကွာဟမှုအနည်းငယ်ရှိနိုင်ပါတယ်။    ပြည်တွင်းဘဏ်တွေကတော့ တစ်ဒေါ်လာလျှင် ၃၄၀၀ ဝန်ကျင်လို့သာအတိအလင်းပြသထားပေမဲ့ ၄၀၀၀ ကျော်နှုန်းနဲ့ဖြတ်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက  ယခုတစ်ပတ်တာ  စက်တင်ဘာ၂၃ ရက် ကနေ  စက်တင်ဘာ ၂၉ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၈၅၀ ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားတာကြောင့် ယခင်ကထက် အနည်းငယ်ဆက်လက်မြင့်တက်လာတာတွေ့ရပါတယ်။ 

စားဆီ  ပြင်ပဈေးကွက်တွင်လည်း  တစ်ပိဿာ ၁၃၀၀၀  ကျပ်ကနေ  ၁၄၀၀၀ ကျပ်အထိ အမြင့်စျေးမှာသာရှိနေတာပဲဖြစ်ပါတယ်။  စစ်ကောင်စီကလည်း  စားဆီထုတ်ယူနိုင်မှုကို သမဝါယမစနစ်နဲ့ထုတ်ယူနိုင်ဖို့ ဆီထုတ်ယူနိုင်မဲ့  ရပ်ကျေးကနေတစ်ဆင့် စာအုပ်တွေပြုလုပ်ပေးနေပေမဲ့ လူတိုင်းမရရှိတဲ့သတင်းတွေရှိနေပါတယ်။

အခြေခံ စားသောက်ကုန်နဲ့ ဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ဆန်ဈေးနှုန်းသတ်မှတ်ရေးနဲ့လက်လီဆိုင်များပါ သတ်မှတ်ဈေးအတိုင်းရောင်းချဖို့  ဆောင်ရွက်နေပေမဲ့အောက်ခြေမှာတော့ ဆန်ဈေးမကျသေးဘဲဆန်ကြမ်းတစ်ပြည် ၄၀၀၀ အထက်ဖြစ်ပြီး  ဆန်ချောတစ်ပြည် ၇၀၀၀အထက်ဖြစ်ပြီး ဆန်အရည်အသွေးနိမ့်လာတယ်လို့ သိရပါတယ်။  

ခရမ်းချဉ်းတစ်ပိဿာလျှင်ကျပ် ၃၀၀၀၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၉၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၃၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက်   အာလူးတစ်ပိဿာ ၆၀၀၀၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ငြုပ်သီးစိမ်းနဲ့ နံနံပင်၊ ခဝဲသီး တစ်လုံး ၇၀၀၊  ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊  ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၄၀၀ကျပ်၊  ဘဲဥ တစ်လုံး  ၅၀၀ ကျပ်ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ်၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။  

ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၃၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလိုရနေတာဖြစ်သလို ကြက်သားဈေးဟာလည်း အနည်းဆုံး ၅၀၀၀ ဖိုးဝယ်ယူနေရပြီး ဗမာကြက် တပိဿာ ၂၇၀၀၀ ကျပ် အထိဖြစ်လာပြီး  အခြေခံကျတဲ့အလုပ်သမားတွေအတွက် ကျပ် ၅၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားမို့ ဝယ်ယူနိုင်ဖို့ခက်ခဲ​ေနတာဖြစ်ပါတယ်။

အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုရင်ကျပ်၂၅၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၀၀၀၀ ကျပ်ဖြစ်တာကြောင့်  အခြေခံအလုပ်သမားတွေအတွက်  စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်အိမ်သုံးအခြေခံအသုံးပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာတစ်ဗူးလျှင် ၆၇၀၀အထိ၊ ပန်ကန်ဆေးဆပ်ပြာဆီကနေ ရွှေဝါဆပ်ပြာအထိ မူလက ၆၀၀ ကျပ်နေယခု ၁၅၀၀ အထက်သို့ရောက်ရှိလာသလို ငြုပ်သီးမှုန့် ဆားနဲ့ ငါးပိ အချိုမှုန့်ကအစအနည်းဆုံး၁၅၀၀ဖိုး၀ယ်ယူရတဲ့ ဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ 

အမျိုးသမီးတွေမဖြစ်မနေသုံးရလေ့ ရှိတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း ယခင်က ၇၀၀ ကျပ်တန်ဖိုးပစ္စည်းလက်ရှိ ၄၀၀၀နဲ့အထက်အထိ အမြင့်ဆုံးဈေးတန်းသို့ ရာက်ရှိလာသလို အမျိုသမီးတွေရဲ့ အလှပရေးရာသုံးပစ္စည်းတွေဟာဆိုရင် အနိမ့် ဆုံးဈေးကျပ်တစ်သောင်းကျော်ဖြစ်လာတာကြောင့် အမျီုးသမီးအလုပ်သမားတွေဟာလည်း  ကုန်ဈေးနှုန်းနဲ့၀င်ငွေရရှိမှုအပေါ်မူတည်ပြီး တန်ဖိုးနည်းသက်သာတဲ့ ပစ္စည်းတွေကိုသာ ရွေးချယ်သုံးဆွဲလာနေရတာဖြစ်တယ်လို့လည်း သိရပါတယ်။  

အထက်ပါဖော်ပြခဲ့တဲ့တစ်ပတ်အတွင်းပြောင်းလဲမြင့်တက်နေတဲ့  ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတစ်ဦးရဲ့  တစ်နေ့တာကုန်ကျစရိတ်ဟာ  ကျပ်တစ်သောင်း အထက်ကိုရောက်ရှိနေတာကို မြင်တွေ့နေရတာကြောင့်  ပြောင်းလဲသတ်မှတ်ခြင်းမရှိသေးတဲ့  အနည်းဆုံးအခကြေးငွေ တစ်နေ့ ၄၈၀၀ကျပ်ဟာလည်း   ယခုလိုကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေချိန်မှာ  အမြန်ဆုံးတိုးမြှင့်သတ်မှတ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီက အနိမ့်ဆုံးလုပ်ခလစာပြင်ဆင်သတ်မှတ်ခြင်းမရှိဘဲ ထောက်ပံ့ကြေးအဖြစ် ကျပ်၂၀၀၀ သာတိုးထားလို့  လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုတွေအရ အလုပ်သမားတစ်ယောက်ရဲ့ လုပ်လစာဟာ တစ်နေ့ ၆၈၀၀ ကျပ်နဲ့ လုံလောက်မရှိသေးလို့ ဒီလိုထောက်ပံ့ကြေးအဖြစ်တိုးပေးတာဟာ အလုပ်သမားတွေအတွက်တော့   အဖြေမဟုတ်ဘူးလို့ပြောဆိုနေကြပါတယ်။  

၂၀၂၀ ခုနှစ်က အခြေခံလစာနှစ်သိန်းရရှိခဲ့စဉ်က ဒေါ်လာဈေးဖြင့်တွက်ပါက  ၁၆၀ ဒေါ်လာရရှိခဲ့ပေမဲ့ လက်ရှိ ၂၀၂၄ လတ်တလောမှာတော့လစာနှစ်သိန်းဟာ ဒေါ်လာပေါက်ဈေးအရ  ဒေါ်လာ ၄၀ သာရရှိနေတဲ့အနေအထားမှာ ရုန်းကန် လှုပ်ရှားနေရတာဖြစ်လို့ ဖူလုံမှုမရှိတဲ့လုပ်ခလစာ  လုံခြုံမှုမရှိကာကွယ်မှုမရှိတဲ့လုပ်ငန်းခွင်တွေမှာ ရပ်တည်လုပ်ကိုင်နေရတယ်လို့ အခြေခံအလုပ်သမားတွေထံက သိရပါတယ်။

စက်တင်ဘာလ စတုတ္ထအပတ်ရဲ့ ကုန်ဈေးနှုန်းသတင်းတွေကို ယွန်းဆက်က စုစည်းပေးထားတာဖြစ်ပါတယ်။

 


Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026