NEWS

ငလျင်ဘေးသင့် လူမှုဖူလုံရေးအာမခံ လုပ်သားများ သဘာဝ ဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် လျှောက်ထားနိုင်

CoverLogo
823 Views
 
ငလျင်ဘေးဒဏ်သင့် အာမခံ အလုပ်သမား တွေ ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုအကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်း လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မေလ ၉ ရက် မှာ နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ကြေညာပါတယ်။
 
သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုအကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်း လျှောက်ထား မှု ကို မန္တလေးငလျင်ဘေးသင့် ဒေသတွေ အဖြစ်သတ်မှတ် ထားတဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ် တို့ သတ်မှတ်ထားကာကြေညာချက် ထုတ်ပြန်တဲ့ ရက် မှ ၃ လ အတွင်း အကျိုးခံစားခွင့် လျှောက်ထားရမယ်လို့ သိရပါတယ်။
 
၎င်း အကျိုးခံစားခွင့်လျှောက်ထားမှု ကို အလုပ်ရှင် ၊အလုပ်ဌာန တွေ မှ မြို့နယ် လူမှု ဖူလုံရေးရုံး များ သို့ အကျုံးဝင်သော အာမခံ အလုပ်သမားတွေ အတွက် သတ်မှတ်စာရွက်စာတမ်း များ ပြုစု ပေးပို့တင်ပြရမယ်လို့ ဆိုပါတယ်။
 
လက်ရှိအလုပ်လုပ်ကိုင်လျက်ရှိတဲ့ အာမခံ လုပ်သားတွေ ထဲ မှ ၂၀၂၅ခုနှစ် ဖေဖေါ်ဝါရီ လ အတွက် လူမှုဖူလုံရေးအာမခံ ထည့်ဝင်ကြေးပေးဆောင် ထားပြီး ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ အာမခံ အလုပ်သမား တွေဟာ ယခုအကျိုးခံစားခွင့်ကိုလျှောက်ထားနိုင်ပြီး အကျိုးခံစားခွင့်ကို တွက်ချက်ရာမှာ အာမခံအလုပ်သမား ရဲ့ လစာဝင်ငွေ ၁၄၄၀၀၀ ရရှိပါက အကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်း ဖြစ်တဲ့ ၅၇၆၀၀ ကျပ် ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုအကျိုးခံစားခွင့် လျှောက်ထားရာမှာလဲ အာမခံလုပ်သားရဲ့ ပိုင်ဆိုင်ပစ္စည်းထိခိုက်ပျက်စီး မှု အခြေနေ ဓါတ်ပုံမှတ်တမ်း များပါ ပူးတွဲတင်ပြရမှာ ဖြစ်ပြီး မိမိပိုင်ပစ္စည်း ဥစ္စာ ပျက်စီးဆုံးရှုံးကြောင်း သက်ဆိုင်ရာ ရပ်ကွကိကျေးရွာ အုပ်ချုပ်ရေးမှုးရဲ့ ထောက်ခံစာ ကိုပါ တင်ပြရမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
တင်ပြလာတဲ့ လျှောက်လွှာတွေ ကို သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးအဖွဲ့ များ က စိစစ်ပြီး မှန်ကန်မှု ရှိမှသာ ထုတ်ပေးမယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် လူမှုဖူလုံရေးဥပဒေ နဲ့ အညီ အလုပ်ရုံ အလုပ်ဌာန တို့ မှ အလုပ်သမား မှတ်ပုံတင်ရန် ပျက်ကွက်ခြင်း အလုပ်သမားဦးရေ အတိုင်း လူမှုဖူလုံရေးထည့်ဝင်ကြေး ပေးသွင်းမှု မရှိခြင်း၊လုပ်ခလစာလျော့နည်းပြီးပေးသွင်းခြင်းတွေ ကြောင့် အာမခံ လုပ်သားတွေ အနေနဲ့ အကျိုးခံစားခွင့်မရရှိခြင်း၊ ငွေပမာဏ လျော့နည်းရရှိခြင်းတွေ ဖြစ်ပေါ်ပါက ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၆၉ နဲ့ အညီ အလုပ်ရှင်မှ လူမှုဖူလုံရေးအဖွဲ့ ကိုယ်စား ထောက်ပံ့ပေးရမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
 

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026