NEWS

ငလျင်ဒဏ်ကြောင့် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်ပြီး ရန်ကုန်မြို့နေပြည်သူတွေ သုံးရေ အခက်ကြုံနေ

CoverLogo
502 Views
 
ငလျင်ဒဏ်ကြောင့် ဓါတ်အားစနစ်ပြတ်တောက်မှု တွေ ဖြစ်ပေါ်ကာ အချိန်ကြာမြင့်စွာ လျှပ်စစ်မီး မရရှိတဲ့ အတွက် ရန်ကုန်မြို့နေပြည်သူတွေ ရေရှိဖို့ အခက်ခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
ရန်ကုန်လျှပ်စစ် ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YESC)မှ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တွေ ကို အုပ်စု ၆ စု ဖြင့် တစ်ရက် လေးနာရီ သာပေးမယ်လို့ ကြေညာထားပါတယ်။
အခုလို မီးပေးချိန်နည်းတဲ့ အတွက် အထပ်မြင့် တိုက်ခန်းတွေမှာနေထိုင်တဲ့ ပြည်သူတွေ မှာ ရေစက်မောင်းရန် ရေတင်ရန် အတွက် မီးရရှိချိန် မလုံလောက်တာကြောင့် သုံးရေရရှိဖို့ အခက်ခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
"" YESC က လေးနာရီ ပေးမယ်လို့သာ ကြေညာတယ် တကယ် က ပေးတဲ့ အချိန်တွင်းမှာ ပြတ်လိုက်လာလိုက် နဲ့ ဖြစ်နေတာ မီးပြတ်တဲ့အချိန်ကကြာတော့ လာတဲ့ အချိန် ကို အကုန် ဝိုင်းသုံးကြတဲ့ အတွက် မီးအားကမပြည့် ရေတင်လို့မရတော့ ဘူး အခုက ချက်ပြုတ်ဖို့ထက် ရေတင်ဖို့ကို ဦးစားပေးနေကြရတာ အထပ်မြင့်တွေ ဆိုတော့ ရေပြတ်ရင် အခြားနေရာတွေထက် ပိုခက်ခဲတယ်""လို့ လှိုင်မြို့နယ်က ပြည်သူတစ်ဦးကပြောပါတယ်။
ဒါ့အပြင် မြို့ပြင်ရပ်ကွက် တွေ မှာလည်း မီးရရှိချိန် အလွန်နည်းတာကြောင့် သောက်ရေ သုံးရေ တို့ကို
ရပ်ကွက်အတွင်းရှိ ရေကန် တွေ မှ ခပ်ယူသုံးစွဲနေရတယ်လို့ သိရပါတယ်။
""မီးက လေးနာရီ သာ ပေးတယ် ပြောတာ တကယ်က ၂နာရီ လောက်ပဲလာတယ် ဒီဘက်မှာက အဆောင်တွေ များတော့ မီးလာချိန် ရေတင်လို့ ရေကန် မပြည့်ဘူး အဲ့တော့ နီးစပ်ရာ ရေကန် တွေ မှာ သုံးရေ အတွက်ဆိုင်ကယ်တွေ လက်တွန်းလှည်းတွေနဲ့ သွား ခပ်ရတယ် တချို့ မခပ်နိုင်တဲ့သူတွေ က တစ်ဆင့်ဝယ်သုံးရတယ် ထမင်း ဟင်းကတော့ မီးသွေး ထင်းနဲ့ ချက်ရတော့ မီးရေးထင်းရေးတော့ သတိထားရတာပေါ့ အဆောင်ပိုင်ရှင်တွေလည်းသတိပေးကြတယ်""လို့လှိုင်သာယာမြို့နယ်မှ ပြည်သူတစ်ဦးကပြောပါတယ်။
ရန်ကုန်လျှပ်စစ် ဓါတ်အားပေးရေးကော်ပိုရေးရှင်း (YESC)ရဲ့ ထုတ်ပြန်ချက်အရ မြေငလျင်ဒဏ်ကြောင့် ဓါတ်အားစနစ် အတွင်း သို့ ဓါတ်အားထုတ်လုပ် ပို့လွှတ်လျက်ရှိတဲ့ ဓါတ်အားပေးစက်ရုံ ၊ခွဲရုံနှင့် ဓါတ်အားလိုင်းများ ရဲ့ ဓါတ်လွှတ်ပစ္စည်းတွေ ချို့ယွင်းပျကိစီးမှုဖြစ်ပေါ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
ယခုပျက်စီးမှု ကို ပြင်ဆင်ရန် ရက်မည်မျှကြာမြင့်မည်နဲ့ လျှပ်စစ်မီး အချိန်ကြာ ဖြတ်တောက်မှု ကို ရက်မည်မျှ ကြာမည်ကိုတော့ YESC က ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

Related posts

Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026
Cover
အလုပ်ကိုင်အခွင့်အလမ်း ၂၅၀၀ခန့်ရရှိမည့် လုပ်ငန်းအသစ် ၁၇ခု ကို စစ်ကော်မရှင် ခွင့်ပြု
Feb 27, 2026
Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026