NEWS

ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး

CoverLogo
338 Views
 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချပ်တူချပ်နယ်မြေမှာ မတ်လ ၈ ရက်က ငလျင်လှုပ်ခတ်မှုကြောင့် ဆောက်လုပ်ဆဲ အဆောက်အဦး ပြိုကျမှုမှာ သေဆုံးခဲ့ တဲ့ မြန်မာလုပ်သား ၈ ဦး အတွက် နစ်နာကြေး ဘတ်၈သန်း ကို ဩဂုတ်လ ၁၅ရက်က ကျန်ရစ်သူမိသားစု တွေ ထံ ပေးအပ်ခဲ့တယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးရဲ့ သတင်းထုတ်ပြန်မှုအရသိရပါတယ်။
 
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် ဆောက်လုပ်ဆဲ စာရင်းစစ်ချုပ်ရုံးအဆောက်အဦးပြိုကျခဲ့တာ မှာ သေဆုံးခဲ့ တဲ့ မြန်မာလုပ်သား တွေ ကိုနစ်နာကြေးပေးရန် အချက်အလက်တွေ စိစစ်ရာ ပထမဆုံး စိစစ်ပြီးတဲ့ ၇ ဦးကို တစ်ဦး ကို ဘတ်တစ်သန်းစီ ဖြင့် ပြီးခဲ့တဲ့ လ တွေက ပေးအပ်ခဲ့ ပြီး ယခု ထပ်မံ စိစစ်ပြီးတဲ့ မြန်မာလုပ်သား ၈ဦး အတွက် ဘတ်က၈သန်း ကို ဩဂုတ်လ ၁၅ရက်က ပေးအပ်ခဲ့တာလို့ သိရပါတယ်။
 
ဘတ်၈သန်း ကို ထိုင်းရှေ့နေများကောင်စီရုံးမှာ သေဆုံးသူမြန်မာအလုပ်သမား (၈) ဦးရဲ့ မိသားစုဝင် တွေကို CHINA RAILWAY NO.10 (THAILAND) CO. LTD က လူသားချင်းစာနာထောက်ထားမှုထောက်ပံ့ကြေးအဖြစ် ဘတ် (၁) သန်းစီကို ချက်လက်မှတ်ဖြင့် လက်ရောက်ပေးအပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဆောက်လုပ်ဆဲ စာရင်းစစ်ရုံး ပြိုကျမှု တွင် မြန်မာလုပ်သား ၃၀ ကျော်သေဆုံးခဲ့ ပြီး နစ်နာကြေး အဖြစ် အလုပ်ရှင်မှ ဘတ်တစ်သန်းနဲ့ ထိုင်းအစိုးရ ထံ မှ ဘတ်တစ်သန်းကျော် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026