NEWS

ငလျင်ကြောင့် အကျဉ်းသူ/သား သေဆုံးသူ ၃၀ ဦးထက်မနည်းရှိပြီး ပျက်စီးဆုံးရှုံးများသော်လည်းစစ်ကောင်စီမှသတင်းအမှောင်ချထား

CoverLogo
612 Views
 
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီးကြောင့် အကျဉ်းထောင် အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှု များကာ အကျဉ်းသား/သူ သေဆုံးတဲ့ ဦးရေ ၃၀ဦး ထက်မနည်း ရှိပေမယ့် စစ်ကောင်စီ ဘက်မှ သတင်းထုတ်ပြန်တာမျိုးမရှိဘဲ သတင်းအမှောင်ချခံထားရတဲ့ အခြေနေ ဖြစ်နေတယ်လို့ သိရပါတယ်။
အခုလို ဖြစ်ပေါ်နေတာနဲ့ ပက်သက်ပြီး နိုင်ငံရေး အကျဉ်းသား များ ကိုယ်စား နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)နွေဦးတမာန် နိုင်ကျဉ်းကူညီစောင့်ရှောက်ရေးအဖွဲ့၊ထောင်ဝင်စာပို့ကြမယ်၊Policital Prisoners Network-Myanmar (PPNM)၊AAPP နဲ့ WOPP အဖွဲ့ တို့က ဧပြီ ၂၀ရက် နေ့ မှာ မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်အသီးသီး မှ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ ကို ထုတ်ပြန် လိုက်ပါတယ်။
၎င်းထုတ်ပြန်ချက် မှာ ငလျင်ဒဏ်ကြောင့် အိုးမင်းဟောင်းနွမ်းနေပြီဖြစ်တဲ့ အကျဉ်းထောင်အဆောက်အဦးတွေ ပြိုကျပျက်စီးခဲ့ပြီး ထောင်တွင်းသတင်းအချက်အလက်အရ ဒဏ်ရာရရှိတဲ့ အကျဉ်းသား/သူ ၂၈၀ဦးကျော်ရှိပြီး ၃ဝဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ငလျင်ကပ်ဘေးကိုဆိုးရွာစွာခံစားကြရပေမယ့် လက်ရှိအချိန်ထိ ပြည်တွင်း ပြည်ပ နဲ့ နိုင်ငံတကာအဖွဲ့စည်း တွေ ထံ ကနေ လူသားချင်းစာနာထောက်ထားမှု အကူညီ မရရှိဘဲ စစ်ကောင်စီရဲ့ သတင်းအမှောင်ချခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်ခံစားထားရတဲ့ နိုင်ငံရေးအကျဉ်းသား/သူ တို့ကို ထောင်ပြောင်းရွှေ့မယ်လို့ ခြိမ်းခြောက် ဖိနှိပ် မှု တွေ ပြင်းပြင်းထန်ထန်ပြုလုပ်နေပြီး ထောင်တွင်းဆေးကုသမှု ကိုလည်း လုံလောက်စွာမရရှိဘူးလို့ သိရပါတယ်။
ငလျင်ဒဏ်ကြောက့် ပျက်စီးယိုယွင်းနေတဲ့ အဆောက်အဦး တွေ အထဲ ဝင်ရောက် နေထိုင်ဖို့ အတင်းကြပ်စေခိုင်း နေပြီးမနာခံတဲ့ အကျဉ်းသား/သူတွေကို ထောင်ပြောင်းရွှေ့ပစ်မယ်လို့ခြိမ်းခြောက်တယ်လို့ ဆိုပါတယ်။
အခုလို ပျက်စီးယိုယွင်းနေတဲ့ အဆောက်အဦးတွေ ထဲ နေထိုင်နေရတဲ့ အတွက် နောက်ဆက်တွဲ ငလျင် တွေကြောင့် အကျဉ်းသား/သူတွေ မှာ
အချိန်မရွေး ထိခိုက်သေဆုံးနိုင်မယ့် အခြေအနေ နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ရက်စက်စွာဖိနှိပ်အကြမ်းဖက်မှုကြောင့် နိုင်ငံတဝှမ်းအကျဉ်းထောင် တွေ အတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေရဲ့ ရင်ဆိုင်နေရတဲ့ အခြေနေ ကို ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်ရေး အဖွဲ့ တွေ အနေနဲ့ စဉ်ဆက်မပြတ် စောင့်ကြည့်ဖိအားပေးဖို့ ကိုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့အပါအဝင် အဖွဲ့စည်းတွေက တိုက်တွန်းတောင်းဆိုထားပါတယ်။

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026