NEWS

ငလျင်ကြောင့် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် သေဆုံးကာ ဝန်ထမ်းအချို့ဒဏ်ရာရရှိ

CoverLogo
187 Views
 
ငလျင်ကြောင့် နေပြည်တော် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးရုံးပြိုကျရာ မှာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးညွန့်ဝင်း သေဆုံးခဲ့ကာ ဝန်ထမ်း အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ နီးစပ်သူတွေထံ မှ သိရပါတယ်။
မတ်လ၂၈ရက် က ပြင်းထန်တဲ့ ငလျင် လှုပ်ခတ် ချိန် တွင် အလုပ်သမားဝန်ကြီးဌာန ရုံး အတွင်း လူမှုဖူလုံရေးအဖွဲ့ အမျိုးသားအဆင့် ၃ပွင့်ဆိုင် အစည်းအဝေးကျင်းပ ချိန်ဖြစ်တယ်လို့ သိရပါတယ်။
""ကြားတာတော့ငလျင်လှုပ်ချိန်က အစည်းဝေး လုပ်နေချိန်ဆိုတော့ လူကြီးပိုင်းတွေစုံနေတဲ့ အချိန် အမြဲတမ်းအတွင်းဝန် က တော့ မျက်နှာကြပ်ပြား ပြုတ်ကျတာကနေ ဒဏ်ရာရပြီးဆေးရုံ တင်ပေမယ့် လမ်းမှာဆုံးတယ် ဝန်ကြီးဦးချစ်ဆွေကောဒုဝန်ကြီးကော ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရတယ် စိုးရိမ်ရတဲ့ဒဏ်ရာရသူတော့ မရှိဘူး""လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ငလျင်ဒဏ်ကြောင့် နေပြည်တော်ရှိ အလုပ်သမားရုံးချုပ် အပါအဝင် အစိုးရရုံး အဆောက်အဦး အတော်များများ ထိခိုက်ပျက်စီးတာတွေရှိပြီးသေဆုံး ဒဏ်ရာရရှိတဲ့ ဝန်ထမ်း တွေ လည်း များစွာရှိတယ်လို့ သိရပါတယ်။
ဝန်ထမ်းတွေ နေထိုင်ရာ အိမ်ရာအဆောက်အဦး တွေ လည်း ပြိုကျပျက်စီး ပြီး အထဲ မှာ ပိတ်မိနေသူတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။
လက်တလောမှာစစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း တွေ မှာ အိမ်ရာ အဆောက်အဦး တွေ ထဲ မနေထိုင်ရဲတာကြောင့် လမ်းမတွေပေါ် မှာ နေထိုင်နေကြတယ်လို့ သိရပါတယ်။

Related posts

Cover
ILO ဥပဒေပုဒ်မ ၃၃ ဆုံးဖြတ်ချက် အတွက် အထည်ချုပ်အသင်း ပူးပေါင်းဆောင်ရွက်မည်ဟု ဆို
Jun 18, 2025
Cover
New Plus စက်ရုံမှာ ဘာတွေ ဖြစ်နေလဲ
Jun 18, 2025
Cover
Shi An Myanmar အထည်ချုပ် နားရက် တနင်္ဂနွေနေ့ပါ အချိန်ပို လုပ်ကိုင်ခိုင်း
Jun 18, 2025
Cover
Tianjin Fashion Milestone စက်ရုံ ကြိုပို့ယာဉ် နောက်ကျမှု အလုပ်သမားများ အခက်တွေ့
Jun 18, 2025
Cover
Chisheng စက်ရုံလုပ်သားများအား နို့တစ်ပေးအလုပ်ထုတ်မည်ဟု စက်ရုံမန်နေဂျာ ပြောဆို
Jun 18, 2025
Cover
Rong Da အထည်ချုပ် စက်ရုံနှင့် အလုပ်သမားများ သဘောတူညီမှုရ၊ တောင်းဆိုမှု ပြီးဆုံး
Jun 18, 2025
Cover
Myanmar sky run အထည်ချုပ်စက်ရုံ အချိန်ပို တပတ် နာရီ ၃၀ ကျော် လုပ်ကိုင်ခိုင်း
Jun 18, 2025
Cover
Casico Garment Limited စက်ရုံ အချိန်ပိုအလွန်အကျွံခေါ်ခိုင်း၊ အလုပ်သမားများအား ဆဲဆို ခွဲခြားဆက်ဆံ
Jun 17, 2025