NEWS

ငမိုးရိပ်ရေလှောင်တမံ ရေပြည့်မှတ်ရောက်ရန် ပေဝက်ခန့်သာ လိုတော့ဟုဆည်မြောင်းဝန်ကြီးဌာနအသိပေး

CoverLogo
290 Views
 
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်မှာရှိတဲ့ ငမိုးရိပ် ရေလှောင်တမံ ဟာ ရေပြည့်မှတ်ရောက်ဖို့ ပေဝက်ခန့်သာလိုတော့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စက်တင်ဘာ ၂၆ရက်မှာ အသိပေးထားပါတယ်။
ရာဆာဂါမုန်တိုင်းအရှိန်ကြောင့် မိုးရွာသွန်းမှု များခဲ့တဲ့ အတွက်စက်တင်ဘာ၂၄ ရက်မှာ တမံရေမြင့်တတ်လာကာ လက်ရှိမှာတော့ မိုးရွာသွန်းမှု မရှိသေးတဲ့ အတွက် ယခုရေအမှတ်မှာပင် ငြိမ်နေတယ်လို့ဆိုပါတယ်။
 
"မုန်တိုင်းသတင်းသာ မရှိရင် Shutter တွေကို ပိတ်ချင်ပါပြီ အခုကတော့ စောင့်ကြည့်ရပါအုံးမယ် အရင်ရက်က ရွာထားတဲ့ မိုးရေတွေ စီးဆင်း သွားဖို့ အချိန်ပေးနေသလို မျိုး မိုးဆက်တိုက်မရွာတာဘဲ ကျေးဇူးတင်မိပါတယ်""လို့ ငမိုးရိပ်ရေလှောင်တမံမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
ငမိုးရိပ်ရေလှောင်တမံ မှာ နှစ်စဥ်ပျှမ်းမျှမိုးရေချိန် ၁၀၀ ဒသမ ၀၀ လက်မ လက်ခံရရှိနေ ပြီး အခု မိုးရေချိန်မှာ ၉၀ ဒသမ ၁၅ လက်မအထိ လက်ခံရရှိပြီးဖြစ်တယ်လို့ ဆိုပါတယ်။
 
""အခုရက်ပိုင်းက မုန်တိုင်းအရှိန်နဲ့ မိုးရွာတော့ ချောင်းရေလည်းတိုးတယ် မိုးထပ်ရွာရင် ဆည်ရေပြည့်မှတ် မီပြီး ရေပိုလွှဲကနေ ရေဆင်းလာရင် ချောင်းတွေထဲပဲ စီးဝင်မှာ ဆိုတော့ ချောင်းဘေးနေသူတွေ အနိမ့်ပိုင်းနေသူတွေ သတိထားဂရုတစိုက်နေထိုင်သင့်တယ်""လို့ လှည်းကူးမြို့နယ်ဒေသခံတစ်ဦးကပြောပါတယ်။
 
ဆည်မြောင်းဦးစီးဌာနရဲ့ အသိပေး ထုတ်ပြန်ချက်တွင် ငမိုးရိပ်​ ရေလှောင်တမံသာမက လှည်းကူးမြို့နယ်အတွင်းမှာရှိတဲ့ မဟူရာရေလှောင်တမံဟာလည်း ရေပြည့်မှတ်ရောက်ဖို့ ၁ ပေကျော်သာလိုတော့ပြီး ပေါင်းလင်းရေလှောင်တမံကတော့ ရေပြည့်မှတ်ရောက်ဖို့ ၁၀ ပေကျော် လိုနေသေးတယ်လို့ အသိပေးဖော်ပြထားပါတယ်။

Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026