NEWS

ဂျပန်သို့သွားရောက်လုပ်ကိုင်လိုသူများပြားနေ၊ PJ (Job Passport) ဖြင့်သွားနေရသဖြင့် အခက်အခဲများကြုံတွေ့နေ

CoverLogo
2K Views

လက်ရှိမှာမြန်မာလူငယ်တွေအနေနဲ့  ဂျပန်နိုင်ငံကိုအလုပ်သွားရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားမှုတွေ  များပြားနေပြီး ဂျပန်နိုင်ငံသို့သွားရောက်လုပ်ကိုင်ကြမဲ့ အလုပ်သမားတွေဟာ မြန်မာနိုင်ငံမှာ အရည်အချင်းစစ်စာ​မေးပွဲတွေ ပြန်လည်မပြုလုပ်သေးတာကြောင့်  အဲဒီစာမေးပွဲဖြေဆိုလိုတဲ့အလုပ်သမားတွေအနေနဲ့ အခြားနိုင်ငံမှာသွားရောက်ဖြဆိုနေကြရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာပြန်လည်ကျင်းပခြင်းမရှိ​သေးတဲ့အရည်ချင်းစစ်စာမေးပွဲက အခြားနိုင်ငံဖြစ်တဲ့  ထိုင်းနိုင်ငံ၊  ကမ္ဗောဒီးယား နိုင်ငံ၊  ဗီယက်နမ်၊  ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေမှာ သွားရောက်ဖြေဆိုနေရတာကြောင့် ငွေကြေးကုန်ကျမှုပိုများလာတဲ့အပြင် အခက်အခဲများစွာ ရှိလာတယ်လို့ သိရပါတယ်။

''ကလေးတွေက ဘာအခက်အခဲတွေရှိလိုတော့ PV, PJ ပြသနာရှိတယ်။ကလေးတွေက မသိတော့ PJ ပြောင်းပီးသားကလေးတွေက PV  (Visit Passport) ပြန်ပြောင်းတယ်။ ဘေးနိုင်ငံတွေကို တခါ PV ကနေမှသွားဖြေကြတယ်။ 
ဖြေပြီး ကာမှတခါ PJ ပြန်​ပြောင်းကြတယ် ဆိုတော့ ငွေကုန်ကျပိုများတယ်။ PV နဲ့ PJ နဲ့သံသရာလည်နေတယ် ပိုကုန်တယ် အဆင်မပြေဘူး အမှန်က စာမေးပွဲသွားဖြေရင် လေယာဥ်လက်မှတ်အသွားပြန်ပြမယ် ဟော်တယ်ဘိုကင်ပြမယ် စာမေးပွဲဖြေမဲ့အထောက်အထားတွေအစုံပြမယ်ဆိုရင် ဒါကခွင့်ပြုရမှာပဲလေ။  သွားလို့မရဘူးဆိုပီး ဖြစ်နေတော့ခလေးတွေက ဒုက္ခရောက်နေတယ်'' လို့ ဂျပန်သို့ လုပ်သားပို့ဆောင်ပေးနေတဲ့ အေဂျင်စီက ဆိုပါတယ်။

ယင်းကဲ့သို့ အခြားအရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်ရာမှာ Job Passport ဖြင့်သာသွားရောက်နေရပြီး  အခက်အခဲများစွာကြုံတွေ့နေရတယ်လို့ ဂျပန်သို့ လုပ်သားပို့ဆောင်နေတဲ့ အေဂျင်စီတွေက ဆိုပါတယ်။

''အဓိကတော့စာမေးပွဲတွေအမြန်ဆုံးကျင်းပနိုင်ဖို့အရေးကြီးတယ်။ ဒါကဂျပန်အစိုးရနဲ့ပဲဆိုင်တယ် ဖြေ လျှော့ မှုတွေတော့လုပ်ပေးနေပါတယ်။ အလုပ်သမားတွေအနေနဲ့လည်း တရားဝင်သွားဖို့နဲ့ အလိမ်မခံရဖို့ အကြံပြုချင်တယ်''လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အရည်ချင်းစစ်စာမေးပွဲကို ကိုဗစ်ဖြစ်ပွားစဥ်က ရပ်နားထားခြင်းဖြစ်တာကြောင့် ကိုဗစ်- ၁၉  မဖြစ်ပွားစဥ်က  ကျွမ်းကျင် စာမေးပွဲအောင်ထားသူတွေကိုပြန်လွှတ်နေခြင်းဖြစ်တဲ့အပြင် Demand တွေလည်းဆက်တိုက်ဝင်နေတယ်လို့လည်း သိရပါတယ်။

အဆိုပါ လုပ်သားခေါ်ယူမှုက မတ်လကစတင်ပြီး လုပ်သားပြန်ခေါ်နေခြင်းဖြစ်ကာ ယခုနှစ်အတွင်းမှာ
နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်  COE ကျပီးသူက ခြောက်ထောင်ကျော်ရှိပီး  နောက်ထပ်သုံးထောင်ခန့် ထပ်ကျဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

မြန်မာလုပ်သားတွေအနေနဲ့ ဂျပန်နိုင်ငံမှာ လုပ်ကိုင်ခွင့်ရရှိတဲ့ အလုပ်တွေကတော့ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး နှင့် စက်ရုံ အလုပ်ရုံစတဲ့ အလုပ်အကိုင်မျိုးတွေ ရရှိနိုင်တယ်လို့ သိရပါတယ်။

လက်ရှိတွင် ပြည်ပ သို့ မှတ်ပုံတင်ထားသည့် လုပ်သားပို့ အလုပ်အကိုင်အေဂျင်စီ ၃၃၇ ခုရှိနေပြီး ဂျပန်နိုင်ငံသို့ အလုပ်သင် လုပ်သားပို့အေဂျင်စီ ၂၇၈ခုနဲ့ ကျွမ်းကျင်လုပ်သားပို့အေဂျင်စီ ၁၁၂ခု ရှိတယ်လို့ဆိုပါတယ်။

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026