NEWS

ဂျပန်မှ မြန်မာလုပ်သား ၁၃၀၀ ကျော် ခေါ်ယူဖို့ ကမ်းလှမ်း၊ အမျိုးသမီး လုပ်သား အများဆုံးပါဝင်

CoverLogo
399 Views
 
ဂျပန်နိုင်ငံမှ မြန်မာလုပ်သား ၁၃၀၀ ကျော် ကို ခေါ်ယူ ဖို့ ကမ်းလှမ်းထားကြောင်း တိုကျိုရှိ မြန်မာသံရုံးက ထုတ်ပြန်တဲ့ အလုပ်ကမ်းလှမ်းစာ စာရင်းတွေ အရသိရပါတယ်။
 
ကုမ္ပဏီပေါင်း (၃၈၀) ခု က ကမ်းလှမ်းထားတာ ဖြစ်ပြီး အမျိုးသမီး အလုပ်သမားခေါ်ယူမှု ပိုများတာကို တွေ့ရပါတယ်။
မြန်မာအလုပ်သမား အမျိုးသား ၃၀၀ ခန့်နဲ့ အမျိုးသမီးလုပ်သား ၁၀၀၀ ကျော်ကို ဂျပန် ဘက်မှ အလုပ်ခန့်ရန် အတွက် ခေါ်ယူထားတာဖြစ်ပါတယ်။
 
မြန်မာသံရုံး တိုကျိုအနေနဲ့ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာန မှတစ်ဆင့်ပေး ပို့လာတဲ့ အလုပ်ကမ်းလှမ်းစာတွေ ကို စိစစ်ဆောင်ရွက်ပေးရတယ်လို့ သိရပါတယ်။
 
အလုပ်ခေါ်စာတွေ ကို စိစစ်ရာမှာ ဂျပန် နိုင်ငံ ရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီ နှင့်အလုပ်ခေါ်ယူတဲ့ စက်ရုံ/ကုမ္ပဏီတွေ ဟာ ဂျပန်နိုင်င်ငံ မှာ တရားဝင် တည်ထောင်ခြင်း ရှိမရှိ ကို စိစစ်ပေးရပြီး တွေ့ရှိချက်တွေ ကို အလုပ်သမားဝန်ကြီးဌာန သို့ ပြန်လည်ပေးပို့ ပေးရတယ်လို့ သိရပါတယ်။
 
ယခု အလုပ်ကမ်းလှမ်းစာဟာ ၂၀၂၅ခုနှစ် ဧပြီ ၂၉ ရက် အထိ လက်ခံရရှိ စိစစ်ပြီးတဲ့ အလုပ်ကမ်းလှမ်းစာတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
ဂျပန် နိုင်ငံ အနေနဲ့ မြန်မာလုပ်သားခေါ်ယူ မှု ကို ကိုဗစ်ရောဂါ ဖြစ်ပွား ပြီးနောက် ပိုင်း ခေါ်ယူမှု ပမာဏ ယခင်ထက် ငါးဆ ခန့်များလာပါတယ်။
 
မြန်မာလုပ်သားတွေ ဘက်ကလည်း ဂျပန်နိုင်ငံ သို့ သွားရောက် အလုပ်လုပ်ကိုင်ဖို့ ပြင်ဆင် သူများလာပေမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်း က အလုပ်သမားဝန်ကြီးဌာန ရဲ့ ပြောင်းလဲ ကန့်သတ် ပိတ်ပင် လိုက်တဲ့ ပြည်ပလုပ်သားစေလွှတ်မှု မူဝါဒတွေ အရ ပြည်ပ ထွက်ခွင့်ကြန့်ကြာမှု တွေ ဖြစ်ပေါ် လျက်ရှိကာ ဂျပန် သို့ သွားရောက်ဖို့ စောင့်ဆိုင်းနေရတဲ့ မြန်မာလုပ်သားများစွာရှိကြောင်း ဂျပန်ကို လုပ်သားပို့ဆောင်ပေးနေတဲ့ လိုင်စင်ရအေဂျင်စီတွေထံ မှသိရပါတယ်။

Related posts

Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026
Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026