NEWS

ဂျပန် မှ မြန်မာအလုပ်သမား ၁၅၀၀ ကျော် ထပ်မံခေါ်ယူမည်

CoverLogo
1.1K Views
 
ဂျပန်နိုင်ငံရှိ စက်ရုံ အလုပ်ရုံတွေ မှာ အလုပ်လုပ်ကိုင်ဖို့ မြန်မာအလုပ်သမား ၁၅၀၀ ကျော် ကို ထပ်မံခေါ်ယူတယ်လို့ မြန်မာသံရုံး တိုကျိုမြို့ ရဲ့အလုပ်ကမ်းလှမ်းစာ စာရင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဂျပန်နိုင်ငံရှိ ကုမ္ပဏီနဲ့ စက်ရုံအလုပ်ရုံတွေက အလုပ်ကမ်းလှမ်းစာ ၄၅၉ ခု ရဲ့ စိစစ်ပြီးစာရင်း‌တွေကို ဂျ ပန်နိုင်ငံ၊ တိုကျိုရှိ မြန်မာသံရုံးက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မြန်မာသံရုံး၊ တိုကျိုမြို့အနေနဲ့ Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိတဲ့ ရက်စွဲအလိုက် အစဉ်အတိုင်း စိစစ်ပေးလျက်ရှိရာ ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၁၁)ရက်နေ့အထိ လက်ခံရရှိ စိစစ်ပြီးစီးကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့တဲ့အလုပ်ကမ်းလှမ်းစာ (၄၅၉)ခုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကို အသိပေးထုတ်ပြန်ထားပါတယ်။
"ဂျပန်ကို သွားဖို့ အခုကစောင့်နေရတာလနဲ့ချီကြာနေပြီ အလုပ်ကမ်းလှမ်းစာ တစ်ခေါက်လာတိုင်းပါလာမလားစောင့်နေရတာ ဒီတစ်ခါအလုပ်ကမ်းလှမ်းစာ၄၀၀ကျော်မှာလည်းပါမလာဘူး။အလုပ်အမျိုးအစားကြောင့်မပါတာလို့တော့ ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီကပြောတာပဲ အခုကစက်ရုံအလုပ်ရုံပိုင်းအခေါ်များသွားတာ ကိုယ်ကကျတော့ဝန်ဆောင်မှုပိုင်းနဲ့ဆိုင်တဲ့အလုပ်ဆိုတော့ခေါ်စာကိုစောင့်နေရတော့တာပဲ"လို့ ဂျပန်ကိုအလုပ်သွားရောက်လုပ်ကိုင်ရန်ဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ပြည်ပအလုပ်သွားရောက်လုပ်ကိုင်မယ့်အမျိုးသားအလုပ်သမားတွေကို အသက်ကန့်သတ်ပြီးထွက်ခွာခွင့်ပေးတာကြောင့် ဂျပန်ဘက်က အလုပ်ကမ်းလှမ်းစာပေးပို့တဲ့ကုမ္ပဏီ‌တွေထံ အမျိုးသမီးလုပ်သားတွေကိုသာအများဆုံးရွေးချယ်ပို့ဆောင်ပေးနေရတယ်လို့လည်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအေဂျင်စီတွေထံကသိရပါတယ်။
ဂျပန်နိုင်ငံကနေလုပ်သားခေါ်ယူတာများလာတဲ့ အတွက် မြန်မာသံရုံး အနေနဲ့ အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ( Demand Letter ) တွေ ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ စိစစ်ဆောင်ရွက်ရာမှာ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူတဲ့ စက်ရုံ/ ကုမ္ပဏီများဟာ ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်တွေကို နိုင်ငံခြားရေးဝန်ကြီး ဌာန မှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကာ မှန်ကန်တဲ့အလုပ်ခေါ်စာတွေကိုသာ လုပ်သားစေလွှတ်နိုင်ရန် ခွင့်ပြုပေးတယ်လို့သိရပါတယ်။

Related posts

Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026
Cover
ဘန်ကောက်ငလျင်ကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သားများ တစ်ဦးလျှင် လျော်ကြေး ဘတ် ၁ သန်း
Mar 05, 2026
Cover
သက်တမ်းတိုး အလုပ်ရှင် ပြောင်းမည့်သူများ အွန်လိုင်းစနစ်ဖြင့် ယနေ့မှ စတင်ဆောင်ရွက်နိုင်ပြီဟုဆို
Mar 05, 2026
Cover
မြန်မာလုပ်သားတစ်ဦး ဘတ် ၆ သန်း ထိုင်းထီပေါက်
Mar 03, 2026
Cover
ချွန်ဘူရီတွင် စက်ရုံကြိုပို့ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား၁၅ဦးခန့် ဒဏ်ရာရ
Mar 02, 2026