NEWS

ဂတ်စ်အရည်ပြတ်လပ်၊ အရောင်းဆိုင်အများစုရပ်နားထား

CoverLogo
700 Views

မီးဖိုချောင်သုံးဂတ်စ်(LPG)အရည်ပြတ်လပ်မှုကြောင့်တစ်နိုင်တပိုင်အရောင်းဆိုင်အများစုဆိုင်ပိတ်ထားရတယ်လို့ရောင်းချသူတွေဆီကသိရပါတယ်။

လက်ရှိမှာဂတ်စ်ဈေးနှုန်းတွေလည်းမြင့်တက်နေပြီးဖွင့်လှစ်ရောင်းချနေသူတွေကတော့ဂတ်စ်တစ်ပိဿာကိုကျပ်(၈၅၀၀)နဲ့ဘူးသေးတစ်ဘူးကိုတော့ကျပ်(၁၅၀၀)ရောင်းချနေကြပါတယ်။

"ပြီးခဲ့တဲ့အပတ်ထဲကအိုး‌‌တွေကခွဲတမ်းနဲ့ရတာ။ဒီအပတ်ဆိုလုံးဝမချပေးဘူး။နောက်ပိုင်းတွေဆိုင်တွေလည်းခွဲတမ်းနဲ့ပဲရတော့မယ်လည်းကြားနေတယ်။နောက်ဆုံးချတဲ့ 48kg ဈေးကတော့နှစ်သိန်းတစ်သောင်းနီးပါးထိဖြစ်သွားတယ်"လို့ဂတ်အရောင်းဆိုင်ဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာဂတ်စ်အရည်တွေပြတ်တောက်နေသလိုမီးဖိုနဲ့ဆက်စပ်ပစွည်းတွေလည်းဈေးနှုန်းတွေထပ်မံမြင့်တက်လာပါတယ်။ဂတ်စ်နဲ့ဆက်စပ်ပစ္စည်းအမျိုးအစားတစ်ခုကိုအနည်းဆုံးကျပ်တစ်ထောင်ကနေသောင်းဂဏန်းအထိဈေးတွေတက်လာတယ်လို့အရောင်းဆိုင်တွေကသိရပါတယ်။

"အပြင်မှာအချင်းချင်းလိုက်ဝယ်တဲ့‌အိုးဈေးကနှစ်သိန်းခွဲလောက်ထိရှိတယ်။လိုသလောက်ဝယ်မရဘူး။ကုမ္ပဏီကပြောတာတော့ဂတ်စ်အရည်ထုတ်မရတာပြောတယ်။၁၃ရက်နောက်ပိုင်းတော့ပြန်ရမယ်ပြောတာပဲ"လို့ဂတ်စ်အရည်ဖြန့်ဖြူးသူတစ်ဦးကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလျှပ်စစ်မီးပြတ်တောက်ချိန်များလာတာကြောင့်ပြည်တွင်းမှာဂတ်စ်သုံးစွဲသူများလာပါတယ်။လက်ရှိမှာဂတ်စ်ဈေးကွက်မှာလည်းအရည်မကြာခဏပြတ်တောက်တာ၊ ဈေးနှုန်းတွေမငြိမ်တာနဲ့စံချိန်တင်‌ဈေးမြင့်တက်တာတွေဖြစ်ပေါ်နေပါတယ်။


Related posts

Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ပေါ်တာဆွဲသည့်သတင်းများကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ အခက်တွေ့နေ
Dec 18, 2024
Cover
ဒေါ်လာဈေးကွက် ရက်ပိုင်းအတွင်း အရောင်းအ၀ယ်မြင့်နေ
Sep 13, 2024
Cover
ဒေါ်လာဈေးပြန်လည်ကျဆင်းလာ၊ ကုန်ဈေးနှုန်းတွေဆက်လက်မြင့်တက်
Aug 30, 2024
Cover
ဆန်ဈေးတင်ရောင်းလို့ဆိုကာ အဖမ်းခံရတဲ့ဂျပန်နိုင်ငံသား ပြစ်ဒဏ်ချမှတ်ပြီး နာရီပိုင်းအတွင်း ပြန်လည်လွတ်မြောက်
Aug 13, 2024
Cover
မြင်းခြံသံမဏိစက်ရုံအနီးက သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံယာယီပိတ်သိမ်း
Aug 13, 2024
Cover
လုပ်ငန်းမှတ်ပုံတင်လက်မှတ်မရှိတဲ့ အွန်လိုင်းဈေးရောင်းသူတွေကို အရေးယူမယ်ဟုဆို
Aug 12, 2024
Cover
ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၆၀၀၀ ကျော်ထိဈေးမြင့်တက်လာ
Aug 09, 2024