NEWS

ဒေါ်လာဈေးပြန်လည်ကျဆင်းလာ၊ ကုန်ဈေးနှုန်းတွေဆက်လက်မြင့်တက်

CoverLogo
1.2K Views

ပြီးခဲ့တဲ့တစ်ပတ်ခန့်က ဒေါ်လာဈေး စံချိန်တင် မြင့်တက်မှုတွေရှိလာခဲ့လို့ ကုန်ဈေးနှုန်းတွေပါ မြင့်တက်လာခဲ့ရာ ယခုရက်ပိုင်းဒေါ်လာဈေးပြန်လည်ကျဆင်းလာခဲ့ပြီဖြစ်ပေမဲ့လည်း  ကုန်ဈေးနှုန်းတွေကတော့ ပြန်လည်ကျဆင်းလာခြင်းမရှိတဲ့အပြင် ဆက်လက်မြင့်တက်လာနေတာတွေ့ရပါတယ်။ 

"ဒေါ်လာဈေးကသာပြန်ကျလာတာ။ ကုန်ဈေးနှုန်းတွေက မိုးထိခေါင်ခိုက်နေတာ။ တစ်ချို့ဟာတွေဆိုရင်ဆက်ပြီးတောင်တက်နေသေးတယ်။ တစ်ကယ်ဆိုရင်ကုန်ဈေးနှုန်းတွေ တက်လာတုန်းက ဒေါ်လာဈေးတက်လို့ဒေါ်လာဈေးတက်လို့နဲ့ တက်လာကြတာ။ ခုကျဒေါ်လာဈေးကျလို့ဆိုပြီး ပြန်မကျသွားဘူး။ အခြေခံလူတန်းစားတွေနဲ့အလုပ်သမားတွေအတွက်က တော်တော်လေးကိုခက်ခဲပါတယ်လို့ ဒေါ်လာဈေးကွက်စောင့်ကြည့်လေ့လာသူတစ်ဦးကဆိုပါတယ်။
 
သြဂုတ်လ ၉ ရက်နေ့ကစပြီး အမေရိကန်တစ်ဒေါ်လာလျှင်ကျပ် ၆၀၀၀ အထိမြင့်တက်လာခဲ့တာဖြစ်ပြီး သြဂုတ် ၁၃ ရက်မှာ  ၆၅၀၀အထိဆက်လက်မြင့်တက်လာသလို သြဂုတ် ၁၄ ရက်နေ့မှာတော့ကျပ် ၇၀၀၀ အထိဆက်လက်မြင့်တက်လာခဲ့ပါတယ်။ 

အဲ့ဒီနောက် အမေရိကန်တစ်ဒေါ်လာလျှင်  ကျပ် ၈၀၀၀ ကနေ ၉၀၀၀ အထိပြင်ပပေါက်ဈေးရှိခဲ့ပြီး သြဂုတ် ၂၀ရက်နောက်ပိုင်းမှာတော့ အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၆၀၀၀ အောက်သို့ပြန်လည်ကျဆင်းလာခဲ့တာဖြစ်ပြီး သြဂုတ် ၂၆ ရက်မှာတော့ ၅၈၀၀၊ ၂၇ ရက်မှာ ၅၆၀၀၊ ၂၉ရက်နေ့မှတော့ ၅၆၀၀ ပေါက်ဈေးရှိပြီး  ပြင်ပဈေးကွက်မှာတော့ ၅၄၀၀ နဲ့အရောင်းအ၀ယ်ဖြစ်နေတာကိုတွေ့ရပါတယ်။  

ဒေါ်လာပေါက်ဈေးဟာ ကျပ် ၈၀၀၀ ကနေ ကျပ်၉၀၀၀ အထိပြင်ပပေါက်ဈေးရှိခဲ့ရာကနေ  ကုန်ဈေးနှုန်း တွေဟာ စားဆီတစ်ပိဿာလျှင်  ၁၈၀၀၀ ကျပ်ကနေ  ကျပ် ၂ သောင်းအထိမြင့်တက်လာခဲ့ပြီး ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ကြက်ဥတစ်လုံး ၅၀၀၊ ကော်ဖီမစ်တစ်ထုပ် ၃၅၀ ကနေ  ၅၀၀ အထိခုန်တက်သလို   အလုပ်သမားများအလွယ်တကူစားလေ့ရှိတဲ့  ခေါက်ဆွဲခြောက်တစ်ထုပ် ၁၅၀၀ အထိမြင့်တက်လာခဲ့တဲ့အပြင် အခြားသောမီးဖိုချောင်သုံးပစ္စည်းများနဲ့ အသုံးဆောင်ပစ္စည်းများအားလုံး ဈေးမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ 

ဒေါ်လာဈေးဟာ ယခုလ ၂၀၂၄ သြဂုတ်လအတွင်းမှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၉၀၀၀ ကျပ်ကနေ ၅၄၀၀ သို့ ပြန်လည်ကျဆင်းသွားတာဖြစ်လို့ ကျပ် ၃၅၀၀ အထိကွာခြားမှုရှိခဲ့တာဖြစ်ပေမဲ့လည်း ဒေါ်လာဈေးတက်လို့ ဈေးတင်ထားကြတဲ့ စားအုန်းဆီဟာ ဒေါ်လာဈေး ၉၀၀၀ အထိအမြင့်ဆုံးအချိန် တစ်ပိဿာကို ကျပ် ၁၈၀၀၀ အထိမြင့်တက်ခဲ့တာဖြစ်ပါတယ်။

ယခုဒေါ်လာဈေး ၅၄၀၀ သို့ပြန်လည်ကျဆင်းချိန်မှာတော့ ဒေါ်လာဈေးအတိုင်း လိုက်ဆင်းမယ်ဆိုပါက တစ်ပိဿာကို ၁၈၀၀၀ ကေန ကျပ်၉၀၀၀ သို့မဟုတ် ၁၀၀၀၀ ဈေးအထိ ဈေးလိုက်ကျရမှာ ဖြစ်တယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။

ဈေးကွက်ထဲမှာတော့ အဲ့ဒီလိုပြန်လည်ကျဆင်းလာခြင်းမရှိဘဲ  စားအုန်းဆီ တစ်ပိဿာကို ၁၈၀၀၀ ကျပ်အတိုင်းသာဆက်ဆက်ရှိနေတာဖြစ်သလို   အခြားသော ပစ္စည်းတွေလည်း ဒေါ်လာဈေးတက်လို့  အတက်မှာ လိုက်ပါ မြင့်တက်ကြပေမယ့် ယခု ဒေါ်လာဈေး ကျချိန်မှာ သင့်တော်တဲ့ ဈေးနှုန်းကို ပြန်လည်ချပေးသင့်တယ်လို့ဝေဖန်သုံးသပ်မှုတွေလည်းရှိနေတာဖြစ်ပါတယ်။  

ဒေါ်လာဈေးကျပေမဲ့ပြန်လည်ကျဆင်းလာ ခြင်းမရှိတဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေအပြင်  အဆောင်လခဈေးတက်မှုတွေနဲ့ အခြားသောမီးကင်းကြေးနဲ့ ရပ်ကွက်လုံခြုံရေးကြေးတွေပါ ပေးဆောင်လာရတဲ့ အလုပ်သမားတွေအတွက်တော့ ပိုလို့ခက်ခဲနေတာကို လည်း တွေ့ရပါတယ်။  

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာလက စက်ရုံအလုပ်ရုံအလုပ်သမားတွေဖြစ်တဲ့ အထည်ချုပ်နှင့် CMP လုပ်သားများ အနည်းဆုံးလုပ်ခလစာကို ၂၀၁၈ ခုနှစ်ကတည်းက သတ်မှတ်ပြဌာန်းထားတဲ့ တစ်ရက်လျှင် ၄၈၀၀ ကျပ်နှုန်းနဲ့ ထောက်ပံ့ကြေးအဖြစ် ကျပ်တစ်ထောင်တည်းကိုသာထပ်ပေါင်းပေးဖို့  အာဏာသိမ်းစစ် ကောင်စီက သတ်မှတ်ကြေညာခဲ့တာဖြစ်သလို  ယခုသြဂုတ်လမှာလည်း ထောက်ပံ့ကြေးကျပ်တစ်ထောင်ထပ်မံခံစားခွင့်ရဖို့ သတ်မှတ်ထုတ်ပြန်ကြေညာထားတာဖြစ်ရာ အလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့လုပ်ခလ စာဟာ  ၆၈၀၀ ကျပ်ရရှိတာဖြစ်ပေမဲ့ မြင့်တက်လာတဲ့ကုန်ဈေးနှုန်းတွေဟာ အဆမတန်ဆက်တိုက်မြင့် တက်လာတာကြောင့် အလုပ်သမားတွေအဖို့ဆက်လက်ခက်ခဲနေကြရတာဖြစ်တယ်လို့ အထည်ချုပ်လုပ်သား အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်  ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့လုပ်ခ လစာဟာ   ဒေါ်လာဈေးအရမြင့်တက်လာခြင်းမရှိတဲ့အပြင် အလုပ်သမားတစ်ယောက်ရဲ့ လုပ်ခလစာဟာ ဒေါ်လာ ၄၀ ဝန်းကျင်သာရရှိတော့တာကြောင့် ကုန်ဈေးနှုန်းအဆမတန်မြင့်တက်လာတာနဲ့ အမျှ မြန်မာနိုင်ငံရဲ့တစ်နေ့ လုပ်ခလစာဟာလည်း  ကျဆင်းလာနေတာကိုတွေ့ရပါတယ်။ 

CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား အနည်းဆုံးအခကြေးငွေကို မူလ သတ်မှတ်ထားသော အလုပ်ချိန် ၈ နာရီအတွက် ၄၈၀၀ ကျပ်ပေါ် အပိုထောက်ပံ့ကြေး ၁၀၀၀ နောက်ထပ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ် ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် ၆၈၀၀ ကျပ် ခံစားခွင့်ပြုလိုက်တယ်လို့ကြေညာခဲ့ပေမဲ့ လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ ခေတ်နဲ့လျော်ညီမှုအရ လက်ရှိဒေါ်လာဈေးအပေါ်အခြေခံကာ ကုန်ဈေးနှုန်းတွေမြင့်တက်လာရုံသာမက  အဆောင်လခတွေနဲ့ ဆိုင်ကယ်ကယ်ရီခတွေပါ မြင့်တက်လာတာကြောင့် အခြေခံအလုပ်သမားတွေ အတွက် အဆမတန် ခက်ခဲလာနေတာဖြစ်ပါတယ်။ 

 


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026