NEWS

ခွင့်ခံစား‌ခွင့် လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်ဘေး‌ကင်းရေး ဆောင်ရွက်ပေးစေလိုတယ်လို့ Maiyi Bei (Yangon)အထည်ချုပ်အလုပ်သမားတွေတောင်းဆို

CoverLogo
751 Views

လုပ်ငန်းခွင်အတွင်းမှာ ဥပဒေပါခံစားခွင်ဖြစ်တဲ့ ခွင့်ခံစားခွင့် လူမှုဖူလုံရေး ကြေးပေးဆောင်ရန် စီစဉ်ပေးဖို့ နဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံတွေ ဆောင်ရွက်ပေးစေလိုတယ်လို့ MaiyiBei (Yangon) အထည်ချုပ်စက်ရုံအလုပ်သမားတွေကတောင်းဆိုလိုက်ပါတယ်။

ခွင့်ရက်နှင့် အလုပ်ပိတ်ရက် ဆိုင်ရာ ဥပဒေအရ ရှောင်တခင်ခွင့် ရယူခွင့်ရှိပေမဲ့ လုပ်ငန်းခွင်အတွင်းမှာ ခွင့်ပြုပေးတာမရှိတဲ့အတွက် ခွင့်တရက်ယူပါက ဒေးကြေး ၅၆၀၀ ကျပ် ထောက်ပံ့ကြေး ၁၀၀၀ ကျပ်ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

"ရှောင်တခင်ခွင့်ဆိုတာက အလုပ်သမားတွေခံစားခွင့်ရှိတဲ့ ခွင့်ပါ ဒါကိုလဲမပေးပါဘူး ဆေးခွင့်ဆိုဝေးရော နေထိုင်မကောင်းရင် ခွင့်မရဘူး အလုပ်တစ်ရက်ပျက်ရင် ဒေးကြေးနဲ့ ထောက်ပံ့ကြေး ၁၀၀၀ ဖြတ်တောက်ခံရတယ် ရက်မှန်ကြေးမပေးဘဲ ထောက်ပံ့ကြေး ဆိုပြီး တစ်ရက် တစ်ထောင်ပေးတယ် အလုပ်မဆင်းရင် ဖြတ်တောက်ခံရပါတယ် အကြောင်းအမျိုးမျိုးကြောင့် အလုပ်ကထွက်လိုက်ရင်လည်း ဒေးကြေး ကို ၅၆၀၀ နဲ့ မဟုတ်တော့ဘဲ ၄၈၀၀ နဲ့ပဲ ပေးပြီးခေါင်းပုံဖြတ်သေးတယ်"လို့ လုပ်ငန်းခွင်အတွင်းက အမည်မဖော်လိုတဲ့ အလုပ်သမားကပြောဆိုပါတယ်။ 

ဒါ့အပြင် အလုပ်ရှင်အလုပ်သမား မဖြစ်မနေ ချုပ်ဆိုရမဲ့ အီးစီစာချုပ် ချုပ်ဆိုခြင်းမရှိသလို အလုပ်သမား ဦးရေ ၅၀၀ ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတဲ့ လုပ်ငန်းခွင်မှာ လူမှုဖူလုံရေးကြေး ပေးသွင်းရတာမရှိသလို ခံစားခွင့်လည်း ရရှိခြင်းမရှိတဲ့အတွက် ခံစားခွင့်အစီအမံတွေ လုပ်ဆောင်ပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"အလုပ်ရှင်အလုပ်သမား သဘောတူညီမှုစာချုပ် EC စာချုပ်ကိုမချုပ်ထားဘူး အလုပ်ရှင်ဘက်က လူမှုဖူလုံရေးကြေးလည်း မကောက်ပါဘူး အဲ့လို လူမှုဖူလုံရေးကြေး ထည့်ဝင်ရတာမရှိတဲ့အတွက် နေမကောင်းရင် လူမှုဖူလုံရေးဆေးခန်းတောင်ပြခွင့်မရှိဘူး နစ်နာတာပေါ့"လို့ အလုပ်သမားကပြောဆိုပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန် မှာ ဖွင့်လှစ်ထားတဲ့ အဆိုပါစက်ရုံမှာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး Sinsay၊ Easy၊ P&VV၊ H-ESSENTIAL  စတဲ့အမှတ်တံဆိပ် ကုတ်အင်္ကျီ အနွေးထည်တွေ ချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ လေဝင်လေထွက်ကောင်းအောင် သို့မဟုတ် လေကောင်းလေသန့်ရရှိအောင်စီမံပေးထားတာမရှိ သလို ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေ လုပ်ဆောင်ပေးထားတာမရှိဘူးလို့ လည်း အလုပ်သမားတွေကပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ မချုပ်နိုင်တဲ့စံချိန်တောင်းခံသလို နေ့စဉ်နဲ့အမျှ တိုးတောင်းတာ စံချိန်မပြည့်ပါက အချိန်ပိုကို အခကြေးငွေ ပေးချေခြင်းမရှိဘဲ အလကားခိုင်းစေတာ ဆဲဆို ခိုင်းတာတွေ ပြုလုပ်နေပြီး ခြိမ်းခြောက်ခိုင်းစေတာ အထည်ဆုကြေးပေးမယ်ဆိုပြီး တကယ်တမ်းမပေးဘဲ လိမ်လည်ခိုင်းစေတာ နည်းပေါင်းစုံနဲ့ အမြတ်ထုတ်ခိုင်းစေနေတဲ့အတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိသလို လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ WCC လည်း ဖွဲ့စည်းထားတာမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။ 

အလုပ်သမားတွေအနေနဲ့ ဥပဒေအရ ခံစားခွင့်ရှိသော ခွင့်ရက်များခံစားခွင့်ပေးရန်  အလုပ်သမားများကို လူမှုဖူလုံရေးကြေးထည့်ဝင်ခွင့်ပေးရန်   လုပ်ငန်းခွင်ထဲတွင် ဘေးအန္တရာယ်ကင်းရှင်းရန်ဆောင်ရွက်ပေးရန် နဲ့ အလုပ်သမားများကို စံချိန်မတရားတောင်းခံပြီး စံချိန်မပြည့်လျှင် အချိန်ပိုအိုတီအလကားဆင်းခိုင်းခြင်း မပြုလုပ်ရန်တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။ 

#MyanmarlabourNews

 


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026