ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ချန်းဖူအာ (Chang Phueak) မြို့နယ်ရှိ “Memories of Chiangmai” မြန်မာအစားအသောက် ရောင်းချတဲ့ စျေးတန်းကို ဇူလိုင်လ ၁၆ ရက်နေ့ ညနေ ၅ နာရီက ထိုင်းရဲတပ်ဖွဲ့ဝင်အချို့ လုံခြုံရေးနဲ့ စျေးရောင်းသူတွေအတွက် တရားဝင် လိုင်စင်၊ ခွင့်ပြုချက်ရှိမရှိ စစ်ဆေးမှု တွေပြုလုပ်ခဲ့တာပါ။
ယင်းစစ်ဆေးမှုဟာ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားခြင်း နှင့် စည်းမျဉ်းချိုးဖောက်မှုများရှိနိုင်ကြောင်း တိုင်ကြားမှုများအပေါ် လာရောက်စစ်ဆေးတာလို့သိရပါတယ်။
စစ်ဆေးမှုအတွင်း မေးမြန်းရာ မြန်မာစားသောက်ဆိုင်ပိုင်ရှင်နှင့်အလုပ်သမား ၆ ဦးတို့ ကို မေးမြန်းရာ ထိုင်းဘာသာစကားအခက်အခဲကြောင့် ရဲစခန်းသို့ ခေါ်ဆောင်သွားခံခဲ့ရပြီး ထပ်မံစစ်ဆေးမှုများ ပြုလုပ်ပြီးတဲ့နောက် ပြန်လည်လွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။