NEWS

ချင်းတွင်း၊ စစ်တောင်းနှင့်ပဲခူးမြစ် တို့ မှာ ၂၄ နာရီ အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်

CoverLogo
501 Views
 
ဇွန်လ ၃၀ ရက် မနက် ၆နာရီခွဲ တိုင်းတာချက်အရ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်နဲ့ ပဲခူးမြစ်ရေ မြင့်တက်လာနေပြီး လာမယ့် ၂၄နာရီ (၁ရက်)အတွင်း သက်ဆိုင်ရာမြို့တွေရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာ နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ချင်းတွင်းမြစ်ရေ ဟာ မုံရွာမြို့မှာ စိုးရိမ်ရေမှတ်အောက် ၃လက်မခန့်မှာရောက်ရှိနေပြီး တစ်ရက်အတွင်း ၎င်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
 
စစ်တောင်းမြစ်ရေ ဟာလည်း မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပေဝက်ကျော် မှာရောက်ရှိနေပြီး လာမယ့် တစ်ရက်အတွင်း မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။
 
ဒါ့အပြင် ပဲခူး မြစ်ရေဟာ လည်း ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၂ပေခွဲ ကျော်မှာရောက်ရှိနေပြီး လာမယ့် ၃၆နာရီ အတွင်း ၎င်းမြို့ရဲ့ စိုးရိမ်ရေမှတ် ရောက်ရှိလာနိုင်တယ်လို့မိုးဇလက ထုတ်ပြန်ထားပါတယ်။
 
""ပဲခူးမြစ်ရေက ဒီမနက်အတော်လေးတက်လာတယ် စိုးရိမ်ရေမှတ် မရောက်သေးပေမယ့် အရင်ရက်က မိုးရွာထားတဲ့ အရှိန် နဲ့ အနိမ့်ပိုင်းရပ်ကွက် နေရာတွေ မှာ ရေဝင်နေပြီ အရင်နှစ်တွေကလည်း ရေကြီးနစ်မြုပ်တာတွေ ဖြစ်ထားတော့ ဒေသခံ ပြည်သူတွေက စိုးရိမ်စိတ်တွေ ဖြစ်တာပေါ့ ပရဟိတ အဖွဲ့ တွေ လည်း တခုခုဆို ကူညီကယ်ဆယ်ဖို့ ပြင်ဆင်တာတွေ လုပ်နေကြတယ်""လို့ ပဲခူးမြို့နေပြည်သူတစ်ဦးကပြောပါတယ်။
 
အခုလို မြစ်ရေ တွေ မြင့်တက်တဲ့ အတွက် မုံရွာမြို့နယ်၊ မဒေါက်မြို့နယ်နဲ့ ပဲခူးမြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့် ပိုင်း နေထိုင်သူတွေ အနေနဲ့ သတိပြုကျဖို့ မြစ်ရေမြင့်တက်လာပါက အချိန်မီ ရှောင်ရှားနိုင်ဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Related posts

Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026