NEWS

ခရီးသွားလာရာတွင် မှတ်ပုံတင်အပြင် တခြားထောက်ခံစာပါ တောင်းယူ

CoverLogo
993 Views
 
အဝေးပြေးယာဉ်လိုင်းတွေမှာ ကားလက်မှတ်ဝယ်ယူရာမှာ မှတ်ပုံတင်မူရင်းအပြင် ရပ်ကွက် သို့မ ဟုတ် ရဲစခန်း ထောက်ခံစာပါ ယူလာကြဖို့ တောင်းခံနေတာတွေကို မော်တော်ယာဉ်လိုင်းတချို့က လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားနေကြပါတယ်။ ဒါပေမဲ့ ထောက်ခံရယူဖို့အတွက်တော့ အခက်အခဲတွေရှိတယ်လို့ ပြည်သူအများစုက ပြောပါတယ်။
 
"အခု ထောက်ခံစာလုပ်ရတာ မလွယ်ဘူး။ တချို့ရပ်ကွက်တွေမှာ ထောက်ခံစာ မပေးတော့ဘူး။ ပေးတဲ့ ရပ်ကွက် တွေကတော့ ပိုက်ဆံဘယ်လောက်ဆိုပြီးတောင်းတယ်။ ဒီတိုင်းပြည်မှာ နေရတာ အသက်ဝဝရှုဖို့ကို ခက်ခဲ လာတယ်"လို့ ပြည်သူတဦးက ပြောပါတယ်။
 
ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံစာတွေအပြင် အလုပ်ခေါ်စာ၊ ခရီးသွားနေထိုင်မဲ့ ထောက်ခံချက်၊ ဖုန်းနံပါတ် ၊သွားရောက်မဲ့ လိပ်စာ ထောက်ခံစာတွေပါ တောင်းခံနေတာကိုလည်း လူမှုကွန်ရက်တွေမှာ မျှဝေနေတာကို တွေ့ရပါတယ်။
 
စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေ အတိုင်း စစ်သားစုဆောင်းမှုတွေ ရက်ကွက်အတွင်းလုပ်ဆောင်ပြီး နောက် ခရီးသွားလာတာတွေကိုပါ တင်းကျပ်လိုက်တာဖြစ်ပါတယ်။ ဒီလို တင်းကျပ်တာတွေကြောင့် အခက်အခဲ တွေ ရှိလာနိုင်တယ်လို့ ခရီးသွားကားလက်မှတ်ရောင်းချနေသူတဦးက ပြောပါတယ်။
 
"ယာဉ်လိုင်းတွေကလည်း အရင်လို အပြည့် မဆွဲတော့ဘူး။ နောက်တစ်ခုက ဈေးနှုန်းက မငြိမ်တော့ လက်မှတ် ရောင်းရတာ အဆင်မပြေဘူး။ ကျွန်မတို့ဆ်ို အရောင်း ရပ်ထားတာ ကြာပြီ။ အခု ထောက်ခံစာ တောင်းတာတွေ ပါ ထပ်လုပ်နေမယ်ဆိုရင် အကုန်လုံးရပ်မယ့် အခြေအနေရောက်တော့မှာပဲ” လို့ ကားလက်မှတ် အရောင်း ကိုယ်စားလှယ် တဦးက ပြောပါတယ်။
 
လက်ရှိ အဝေးပြေးယာဉ်လိုင်းတွေဟာ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုနဲ့ လမ်းခရီးတလျှောက် စစ်ဆေးရေး ဂိတ်တွေရဲ့ ငွေကြေးတောင်းခံရတာတွေနဲ့ တွေ့ကြုံရပြီး ခရီးသည်တွေမှာလည်း ကားလက်မှတ် ကြီးမြင့်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Photo- Credit

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026