NEWS

ခရီးသွားများထံမှ အချက်အလက်အသေးစိတ်ရယူပြီးမှ လက်မှတ်ရောင်းချရန် စစ်ကောင်စီညွှန်ကြားထား

CoverLogo
1K Views

အဝေးပြေးယာဥ်လိုင်းများ လက်မှတ်ရောင်းချရာမှာ ခရီးသွားပြည်သူများထံမှ
အချက်အလက်အသေးစိတ်ရယူပြီးမှသာ  လက်မှတ်ရောင်းချရန် စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ဩဂုတ် ၁၉ ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

'' ဟုတ်တယ်ဗျ။ ခရီးသွားတွေလက်မှတ်ဖြတ်ရင် အရင်လိုဖုန်းနံပါတ်နဲ့မှတ်ပုံတင်ပဲ ယူရမှာမဟုတ်ဘူး။ သူတိူ့နေရပ်လိပ်စာကိုပါယူထားရမှာ။ သူတို့မှတ်ပုံတင်ကိုလည်း သေချာစစ်ဆေးပြီးမှ လက်ခံရမှာ။ ရန်ကုန်ကနေလိုက်တဲ့သူဆို ရန်ကုန်လိပ်စာ။ နယ်ကနေလိုက်ရင် နယ်ကလိပ်စာ အတိအကျယူဖို့ပြောထားတယ်''လို့ အောင်မဂ်လာအဝေးပြေးကားဝင်းရှိ ယာဥ်လိုင်းတစ်ခုမှ ယာဥ်မှူးက Myanmar Labour News ကိုပြောပါတယ်။

ခရီးသွားများအနေဖြင့် မြို့တစ်မြို့မှတစ်မြို့သို့ သွားရောက်လိုပါက နာမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပတ်အပြည့်အစုံကိုပေးနိုင်ရမှာဖြစ်ပြီး   ဂိတ်စကနေမဟုတ်ဘဲ လမ်းခရီးတစ်ဝက်ကနေ လိုက်ပါမယ့် ခရီးသည်တွေကိုလည်း နာမည်၊ လိပ်စာ၊ ဖုန်းနံပတ်၊ အပြည့်အစုံကို မှတ်တမ်းယူကာ  ခရီးစဉ် မထွက်ခင် ယာဉ်ပေါ်ကို တင်ဆောင်ချိန်မှာ ခရီးသွားရဲ့အထုပ်အပိုးများကို သေချာ စစ်ဆေးပြီးမှ တင်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့  သိ ရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမန္တလေးမြို့နဲ့ စစ်ကိုင်းမြို့ကို ဆက်သွယ်ထားတဲ့ ရတနာပုံတံတားပေါ်မှာ  ဖြစ်ပွားခဲ့တဲ့  ခရီသည်တင်ကားတစ်စီးပေါ်မှာ လိုက်ပါလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်  အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

MyanmarLabourNews
 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026