NEWS

ခင်ပွန်းဖြစ်သူပြင်းထန်စွာရိုက်နှက်မှုကြောင့် သေဆုံးခဲ့သူ မထက်ထက်ဇော် ရုပ်အလောင်းကို ထုတ်ယူသဂြိုလ် ဖို့ မိသားစုဝင်များဆက်သွယ်ရန် ထိုင်းနိုင်ငံရှိမြန်မာသံရုံးအသိပေး

CoverLogo
648 Views
ထိုင်းနိုင်ငံတွင် ခင်ပွန်းဖြစ်သူရဲ့ ပြင်းထန်စွာ ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ မထက်ထက်ဇော်ရုပ်အလောင်းကို ထုတ်ယူသဂြိုလ် နိုင်ဖို့ အတွက်မိသားစုဝင်တွေ အနေနဲ့ ထိုင်းနိုင်ငံရှိ မြန်မာသံရုံး ကို လာရောက်အဆက်သွယ်ပြုပေးဖို့ ဇူလိူင် ၃ရက် နေ့ မှာ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး(ဘန်ကောက်)က အသိပေး ကြေညာလိုက်ပါတယ်။
 
မထက်ထက်ဇော်ဆိုသူ မှာ ခင်ပွန်းဖြစ်သူ၏ ပြင်းထန်စွာ ရိုက်နှက်ခံရမှုကြောင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ မှာ ဖိစနုလွတ်မြို့ရှိ Buddhachinaraj ဆေးရုံ တွင် တက်ရောက်ကုသမှုခံယူခဲ့ရာမှ ဧပြီလ ၆ ရက်နေ့ မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ထို့နောက် မိသားစုဝင် တွေက အလောင်းလက်ခံရန် မဲဆောက် ဆေးရုံ ကို ပြောင်းရွှေ့ခဲ့ ပြီး နောက်ပိုင်း ရုပ်အလောင်း ကို ယခုအချိန်အထိ လာရောက်ထုတ်ယူနိုင်ခြင်း မရှိတဲ့ အတွက် မြန်မာသံရုံးအနေနဲ့ မိသားစုဆွေမျိုးများထံ ဆက်သွယ်ခြင်း၊ သို့မဟုတ် ဥပဒေအရ ဆက်လက်ဆောင်ရွက်ခြင်း ပြုလုပ်နိုင်ရန် မဲဆောက်ဆေးရုံမှ မြန်မာသံရုံး (ဗန်ကောက်) ကို စာပေးပို့အကြောင်းကြားလာတယ်လို့ သံရုံးရဲ့အသိပေးချက်မှာ ဖေါ်ပြထားပါတယ်။
 
ဒါ့အပြင် မထက်ထက်ဇော်ရဲ့ သေဆုံးဖြစ်စဉ်ဟာ ၂၀၂၄ခုနှစ် ဇွန်လ ၁၉ရက် က ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းနဲ့ ဆက်စပ်မှုရှိနေတဲ့ သဂြိုလ်ရေးကိစ္စများ ဆောင်ရွက်နိုင်ဖို့ မိဘဆွေမျိုးသားချင်းများ အနေဖြင့်လည်းကောင်း၊ မထက်ထက်ဇော်ရဲ့ မိဘဆွေမျိုးသားချင်းများနဲ့ ဆက်သွယ်မှုရှိသူများ အနေ ဖြင့်လည်းကောင်း မြန်မာသံရုံးစာမျက်နှာ Comment box မှတစ်ဆင့် မြန်မာသံရုံး (ဗန်ကောက်) ကို အဆက်အသွယ်ပြုပေး ဖို့ မေတ္တာရပ်ခံထားပါတယ်။
 
ဒီမိုကရက်တစ် မြန်မာ့အသံ (DVB)သတင်းဌာနရဲ့ သတင်းတင်ပြချက်မှာ စင်္ကာပူနိုင်ငံမှာ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မထက်ထက်ဇော်မှာ ခင်ပွန်းဖြစ်သူ အဆိုတော် ဝဠာ ရှိရာ ထိုင်း နိုင်ငံ မဲ ဆောက်ကို လာရောက်စဉ် ခင်ပွန်းဖြစ်သူက လက်သီးနဲ့ ထိုးကြိတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026