ထိုင်းနိုင်ငံ၊ ဆာလာဘူလီခရိုင်၊ နောင်ခဲမြို့တွင်ရှိသော (ကြွေထည်စက်ရုံ)တွင်အလုပ်အလုပ်နေသောမြန်မာ (PJ/CI/ဘတ်အသစ်)အလုပ်သမား ကျား/မ (၁၁)ဦ်း၏လုပ်ခလစာဘတ်နှစ်သိန်းခွဲကျော်မရရှိသဖြင့်မြို့နယ်ဆဝါဒီကန်ရုံးသို့တိုင်ကြားထားကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
အဆိုပါအလုပ်သမား၁၁ဦးသည် ထိုစက်ရုံတွင်အလုပ်လုပ်နေသည်မှာ (၃ လမှ ၈ နှစ်)အထိသက်တမ်းရှိကြပြီဖြစ်ပြီး စက်ရုံတွင် လုပ်အားခ ပုံမှန်မထွက်ခြင်း၊ လုပ်အားခထွက်ရက်မမှန်ခြင်း (၁)လ (၂)ကြိမ်ထုတ်မပေးဘဲ ၁လ ၁ကြိမ်သာထုတ်ပေးခြင်း အစရှိတဲ့အလုပ်သမား အခွင့်အရေးများကိုချိုးဖောက်ခံနေရကြောင်းသိရပါတယ်။
"ဒီနေ့မြို့နယ်ဆဝါဒီကန်ရုံးမှာကျွန်တော်တို့တိုင်လိုက်ပါတယ်။ထိုင်းအစိုးရရဲ့လုပ်ဆောင်ချက်ကမြို့နယ်ဆဝါဒီကန်မှာသွားတိုင်ပြီဆို နှစ်လဖြစ်ရင်လည်းဖြစ်မယ် နှစ်လအတွင်းလည်ဖြစ်မယ်။ဒီအတွင်းဆက်သွယ်ဖို့ရှိပါတယ်"လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
အဆိုပါကြွေထည်စက်ရုံမှထိုင်းသူဌေးသည် ဩဂုတ်လ ၁၅ ရက်အထိလုပ်အားခများကိုသာရှင်းပေးထားပြီး အောက်တိုဘာ ၃၁ရက်အထိ လုပ်အားခ ငါးဝှီးစာ တစ်ဦးလျှင်ထိုင်းဘတ်ငွေ ၂၃၀၀၀ ဘတ်ဝန်းကျင် ၁၁ဦးစာ ထိုင်းဘတ်ငွေ ၂၅၃၀၀၀ ဘတ်ဝန်းကျင် ရရှိရန်ကျန်နေခြင်းဖြစ်ကြောင်း WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရပါတယ်။
အလုပ်သမားများမှ၎င်းတို့၏လုပ်အားခများပြန်လည်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရန် နိုဝင်ဘာ ၁၀ရက်တွင် WAGအဖွဲ့သို့ဆက်သွယ်အကူညီတောင်းခံလာသဖြင့် အလုပ်သမားများနှင့်အတူ မြို့နယ်ဆာဝါဒိကန်ရုံးတွင်သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။









