NEWS

ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၃၄ ဦး လျှော်ကြေး ဘတ် ၁ သန်းကျော်ရရှိမည်

CoverLogo
240 Views
 
ထိုင်းနိုင်ငံ ချာချင်ဆောင်ခရိုင်က အသားစက်ရုံ တစ်ခုမှ အကြောင်းမု့ အလုပ်ထုတ်ခံ လိုက်ရတဲ့ မြန်မာလုပ်သား ၃၄ဦး အတွက် နစ်နာကြေး ဘတ်၁သန်းကျော် ရရှိမယ်လို့ ၎င်းအမှု ကို ကူညီပေးနေတဲ့ MHACမဟာမိတ်အဖွဲ့ ထံမှ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၆ရက် က စက်ရုံ သူဌေး ဖြစ်သူက စီးပွားရေးကျဆင်းလာမှုကြောင့် ဆိုကာ ကြိုတင်အကြောင်းမကြားဘဲ လုပ်သက်၁နှစ်မှ၄နှစ်သက်တမ်းရှိတဲ့ မြန်မာလုပ်သား ၂၅ဦး ကို အလုပ်မှ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင်နောက်ထပ်မြန်မာ လုပ်သမား ၉ဦး ထံမှ စုငွေလို့ဆိုကာ တစ်လကို တစ်ထောင်နှုန်းနဲ့ ၁၀လစာ အတွက် ဘတ်၁၀၀၀၀ ဖြတ်ခံထားရတယ်လို့ ဆိုပါတယ်။
 
အခုလို အလုပ်သမားအခွင့်ရေးချိုးဖောက်ခံနေရတာကြောင့် MHACမဟာမိတ်အဖွဲ့ ထံ ကို အလုပ်သမားတွေက ဆက်သွယ်အကူညီတောင်းခံ ခဲ့တယ်လို့ သိရပါတယ်။
 
အလုပ်သမားတွေရဲ့ အကူညီတောင်းမှု အရ နယ်မြေခံ ထိုင်းအစိုးရ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး တွင် ဖေဖေါ်ဝါရီ ၂၃ရက်မှာ တာဝန်ရှိ အရာရှိတွေနဲ့ အလုပ်ရှင်တို့ တွေ့ဆုံညှိနှိုင်း ပေးခဲ့ရာ စုငွေနဲ့ လုပ်သက်အလိုက် နစ်နာကြေး အဖြစ် ဘတ်ငွေ၁သန်းကျော် ကို သတ်မှတ်ရက်အတွင်း ပေးရန် သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မြန်မာလုပ်သားတွေရဲ့ အထောက်အထားစာရွက်စာတမ်း သက်တမ်းတိုး လုပ်ငန်းစဉ်နဲ့ ဘတ်ရိုက်ထားတဲ့ လုပ်ငန်းစဉ်တွေကိုပါ အလုပ်ရုံဘက်က ဆက်လက် ဆောင်ရွက်ပေးမယ်လို့ ကတိပြုခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026