NEWS

ကြားကာလ အလုပ်သမားနစ်နာမှုတွေနဲ့ ပတ်သက်လို့ Joint Coordination Committee ဖွဲ့ပြီးကိုင်တွယ်ဖြေရှင်းသွားမည်

CoverLogo
1.6K Views

"ကြားကာလအလုပ်သမားနစ်နာမှု့တွေနဲ့ပတ်သက်ပြီးပေါ်ပေါက်လာတဲ့ပြသနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ NUCC နဲ့ NUG ကြားမှာ JCC ဖွဲ့ပြီးကိုင်တွယ်နိုင်မယ့်နည်းလမ်းရှိတယ်"လို့ ကိုနန္ဒာစစ်​အောင် ( မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု )က​Myanmar Labour News ကိုပြောပါတယ်။

ဒီကနေ့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ( NUCC)ရဲ့သတင်းစာရှင်းပွဲမှာအလုပ်သမားတွေရဲ့ကြားကာလနစ်နာမှု့ကိစ္စရပ်တွေအပေါ်ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့ မေးခွန်းကို ယင်းကအခုလိုပဲဖြေကြားခဲ့ပါတယ်။

"ကြားကာလအလုပ်သမားတွေရဲ့အခွင့်အရေးနဲ့ထိခိုက်နစ်နာဆုံးရှူံးမှု့တွေအတွက်ပဋိညာဥ်ရဲ့အခန်းတွေမှာအာမခံချက်တွေပါတယ်။ဘယ်လိုမျိုးဆောင်ရွက်မလဲဆိုတာအသွင်ကူးပြောင်းရေးကာလမှကော်ရှင်တွေဖွဲ့ဖို့ရှိတယ်။အဲ့မှာအလုပ်သမားတောင်သူလယ်သမားဆိုင်ရာကော်မရှင်တွေပါတယ်ဒီကော်မရှင်တွေကဘာအတွက်ရည်ရွယ်လဲဆိုတော့အသွင်ကူးပြောင်းရေးကာလရဲ့သဘာဝဖြစ်တဲ့တရားမျှတမှု့တွေကိုတည်ဆောက်ဖို့ရည်ရွယ်ပါတယ်။အဲ့ဒီ့ကော်မရှင်တွေထဲမှာတရားမျှတမှု့ရှာဖွေရေးကော်မရှင်တွေလဲပါတယ်။ဒီကော်မရှင်တွေကိုထည့်သွင်းဖို့ဘာကြောင့်စဥ်းစားခဲ့တာလဲဆိုတော့ကြားကာလထိခိုက်နစ်နာမှု့တွေရှာဖွေဖို့ယန္တရားလိုအပ်တာမို့လို့ပဲ။"လို့ ၄င်းက​​ပြောဆိုပါတယ်။

ကြားကာလမှာ ဖြစ်​ပေါ်​နေတဲ့ အလုပ်သမား​တွေရဲ့ နစ်နာမှု​တွေအ​ပေါ် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားဖို့ရှိလဲဆိုတဲ့​မေးခွန်းကို​တော့

"ကြားကာလမှာဘယ်လိုကိုင်တွယ်နေလဲဆိုတာကတော့ NUG နဲ့ NUCC ကြားမှာ Joint Coordination Committee ဖွဲ့ပြီးဆောင်ရွက်ပါတယ်။ဆောင်ရွက်နိုင်မယ့်နည်းလမ်းရှိပါတယ်။NUG သည် NUCC ရဲ့ပေါ်လစီကိုတည်ဆောက်ရတာဖြစ်တဲ့အတွက်ဒီနှစ်ခုကိုပေါင်းပြီးလက်တွေ့ပြသနာတွေကိုဖြေရှင်းကိုင်တွယ်ဖို့စဥ်းစားတဲ့အခါမှာJCBပေါ်လာတာပဲဖြစ်ပါတယ်"လို့ ၄င်းက​ဖြေကြားခဲ့ပါတယ်။

#MyanmarLbourNews


Related posts

Cover
လှိုင်သာယာ အနော်ရထာ စက်မှုဇုန် ရှိ ဆန်စက်အတွင်း ဆန်အိပ်ပုံပြိုကျရာမှ အလုပ်သမား ၂ဦးသေဆုံး
Mar 07, 2026
Cover
လူမှုဖူလုံရေး အာမခံလုပ်သား ၁ ဒသမ ၃၄ သန်းကျော်အထိ ရှိလာဟုဆို
Mar 07, 2026
Cover
Jinli Garment စက်ရုံမှ အချိန်ပို အောလင်း၊ အောနိုက် ဆဲဆို ဆင်းခိုင်းလို့ တစ်ပတ် ၃ ရက် လုပ်ကိုင်ပေးရ
Mar 07, 2026
Cover
စက်ရုံ၊အလုပ်ရုံ ကြိုပို့ယာဉ်များနှင့် လုပ်ငန်းသုံးယာဉ်များ ခိုင်လုံသည့် အထောက်အထားပါရှိမှ သာနေ့စဉ်ယာဉ်ပြေးဆွဲခွင့်ရမည်
Mar 07, 2026
Cover
FGWM အမျိုးသမီးကော်မတီ "၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ တောင်းဆိုချက် "
Mar 07, 2026
Cover
ILTERU Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများ နှစ်ချီကြာအောင် လူမှုဖူလုံရေး ကတ်မရ
Mar 07, 2026
Cover
Eurostyle အထည်ချုပ် ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်နေ့တွင် ညဆိုင်း ဝင်ခိုင်း
Mar 05, 2026
Cover
Asdet Myanmar Garment စက်ရုံ HR အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ပြီး ရေဗူး ရောင်းစား
Mar 05, 2026