ရန်ကုန်မြို့ရွှေပြည်သာ စက်မှုဇုန် (၃)မှာ ဖွင့်လှစ် ထားတဲ့ Textile အထည်ချုပ်စက်ရုံရှိ အလုပ်သမားတစ်ထောင်ကျော်ဟာ ကျွမ်းကျင်ကြေးတွေကို ဖြတ်တောက်ခံထားရတာကြောင့် ပြန်လည်ရရှိဖို့ စုပေါင်းတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
''၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ ၅ ရက်နေ့ အောက်တိုဘာလ လုပ်ခလစာ ပေးချေရာ၌ လုပ်ငန်းရှင်က အလုပ်သမားများ၏ ကျွမ်းကျင်ကြေးများကို တစ်ဝက်နီးပါးဖြတ်တောက်ထားတဲ့အတွက်အလုပ်သမားများမှ ကျွမ်းကျင်ကြေးများကို အပြည့်ပြန်လည်ပေးချေရန်တောင်းဆိုခဲ့တယ်'' လို့ STUM မှဆိုပါတယ်။
အဆိုပါစက်ရုံဟာ Cotton Textile Garment (Myanmar) အထည်ချုပ်စက်ရုံဖြစ်ပြီး အလုပ်သမား (၁၀၀၀) ကျော်ခန့်အလုပ်လုပ်ကိုင်နေရာမှ ဒီကနေ့နိုဝင်ဘာ၅ရက်နေ့ လစာထုတ်ချိန်မှာ အောက်တိုဘာလတစ်လရဲ့ ပိတ်ရက်၈ရက်စာ ကျွမ်းကျင် ကြေးတွေကို ဖြတ်တောက်ခံရတာဖြစ်တာကြောင့် အခုလိုစုပေါင်းတောင်းဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
'' ညှိနှိုင်းလိုက်တာတော့မဟုတ်ဘူး။ မန်နေဂျာလားတာ၀န်ခံလားတစ်ယောက်က ညှိနေတာပေါ့နော်။ ဒီငွေတွေဖြတ်ရတဲ့အကြောင်းရင်းကိုရှင်းပြမယ်ဆိုပြီးတော့ လိုက်သွားတာဆိုတော့ ထမင်းစားခန်းရှေ့မှာဆိုတော့ လူထောင်ကျော်ဆိုတော့လူပြွတ်သိပ်သွားပြီးတော့ ဆန္ဒပြသလိုဖြစ်သွားတာ။ အကုန်လုံးကမရဘူးဆိုပြီးတော့ တောင်းဆိုကြတာဆိုတော့ သူတို့ကဘယ်လိုလဲဆို စူပါတွေအောစူပါတွေကိုချုပ်ထားတာ။ အဲ့ဒီလူတွေကိုဒီလိုဖြတ်တယ်ပေါ့နော်။ အလုပ်သမားတွေကိုပြောလိုက်ဆိုတာမျိုးလုပ်ထားတာ။ သူတို့ကလစာပေးတဲ့နေ့မှာ။ သုံးသောင်းလေးသောင်းပေါ့။ သူတို့ စခေါ်ကတည်းက ဒီလိုတွေမဖြတ်ပါဘူးဆိုပြီးကတိပေးထားတာ။ အလုပ်သမားတွေကမရတော့ဘူး မေးမယ်ဆိုတော့ သူတို့ကတစ်ယောက်ချင်းမေးရှင်းပြမယ်ဆိုရင်းကနေ လူများကြီးဖြစ်သွားတော့ အလုပ်သမားတစ်ယောက်ကလည်း ပုံတင်လိုက်တော့ ခုလိုဖေ့ဘွတ်မှာပြန့်သွားပြီ ဆိုတော့ ၈ရက်နေ့မှာပေးမယ်ဆိုပြီးဖြစ်သွားတာ'' လို့ STUM မှတာ၀န်ရှိသူကဆိုပါတယ်။
အခုလို အလုပ်သမားတစ်ထောင် နီးပါးက ဖြတ်တောက်ထားတဲ့ကျွမ်းကျင်ကြေးတွေ ကိုပြန်လည်ထုတ်ပေးရန် စုပေါင်းတောင်းဆိုမှု
ပြုလုပ်ခဲ့ကြတာကြောင့် လာမဲ့နိုဝင်ဘာ၈ရက်နေ့မှာစက်ရုံက ပြန်ပေးမယ် လို့ နှုတ်ကပေးထားတယ်လို့လည်း သိရပါတယ်။
#MyanmarLabourNews
Photo-STUM
NEWS
ကျွမ်းကျင်ကြေးတွေဖြတ်ခံရလို့ Textile စက်ရုံလုပ်သားတွေ စုပေါင်း တောင်းဆို

1K Views
Related posts

အမျိုးသမီးများကို ငွေကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026

Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026

ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026

Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026

T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026

Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026

Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026

Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
