NEWS

ကျွမ်းကျင်ဝန်ထမ်းတွေကို ဒေးကြေး ၅၆၀၀ မှ ၈၀၀၀ ထိသတ်မှတ်ပေးထားမှု တရားစွဲလို့ ရကြောင်း အလုပ်သမားရုံးကပြောဆိုတဲ့အတွက် ဒေးကြေးနှုန်းထားတွေ လျှော့ချခံရ

CoverLogo
815 Views

Nine Tripod or ကျိုတိန် မှန်နှင့် အလူမီနီယံ တပ်ဆင် ရောင်းဝယ်ရေးလုပ်ငန်းချိုးဖောက်မှုနှင့် ပတ်သတ်ပြီး အလုပ်ရှင်ကို အလုပ်ရုံနှင့် အလုပ်သမားဥပ‌ဒေစစ်ဆေးရေးရုံးက ခေါ်ယူတွေ့ဆုံပြီးနောက် လုပ်ခလစာကို အစိုးရက သတ်မှတ်ပေးခြင်းမရှိဘဲ ၅၆၀၀ မှ ၈၀၀၀ ကျပ်ထိ ပေးချေမှုအား တရားစွဲလို့ ရကြောင်း ပြောသဖြင့် အလုပ်ရှင်က မိမိတို့ တရားစွဲခံရပါက အလုပ်သမားတွေကို တရားပြန်စွဲမယ်လို့ အသိပေးခဲ့တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ ဦးမြဲလမ်းမှာဖွင့်လှစ်ထားတဲ့ Nine Tripod or ကျိုတိန် မှန်နှင့် အလူမီနီယံ တပ်ဆင် ရောင်းဝယ်ရေးလုပ်ငန်းမှာ အလုပ်သမား ၂၅ ဦးနဲ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပြီး လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်ခံရမှုတွေရှိနေတာဖြစ်တယ်လို့ အလုပ်သမားတွေကပြောပါတယ်။ 

 

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က အလုပ်ရှင်မှ အလုပ်သမားတွေကို အစည်းအဝေးခေါ်ပြီး အလုပ်ရုံနှင့် အလုပ်သမားဥပ‌ဒေစစ်ဆေးရေးရုံးက လုပ်ခလစာကို အစိုးရမှ တိုးမြှင့်ပေးခြင်းမရှိဘဲ ၅၆၀၀ မှ ၈၀၀၀ ကျပ်ထိ ပေးနေမှုကို တရားစွဲလို့ရတယ်လို့ ပြောကြောင်းနဲ့ အလုပ်းသမားရုံးမှ အလုပ်ရှင်ကို တရားစွဲပါက အလုပ်သမားအားလုံးကို တရားပြန်စွဲမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း အလုပ်သမားတွေကပြောပါတယ်။ 

 

"အလုပ်ရှင်ကနေ သူ့ရဲ့ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီးတော့မှ ဒေးကြေး လုပ်ခလစာ သတ်မှတ်ပေးတာကို လုပ်ငန်းပေါ်မှာမူတည်ပြီးတော့ပေးလို့ ရတယ် ဒီလိုပေးတဲ့ အပေါ်မှာ ပေးပြီးသား လုပ်ခလစာကို ပြန်ပြီးတော့မှ လျှော့လို့ မရဘူး စစ်ဆေးရေးရုံးတွေကလည်း ဒီလိုပေးလို့ တရားစွဲလို့ မရပါဘူး"လို့ အလုပ်သမားအရေး လှုပ်ရှားသူတစ်ဦးက မှတ်ချက်ပြုပါတယ်။ 

 

အဲ့ဒီအတွက် လက်ရှိအလုပ်သမားတွေရရှိနေတဲ့ ဒေးကြေးတွေကို လျှော့ချသတ်မှတ်လိုက်တာကြောင့် လက်ခံနိုင်ခြင်းမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။လုပ်ငန်းခွင်ထဲမှာ ထိခိုက်မှုတစုံတရာ ဖြစ်ပွားပါက လည်း ဆေးကုသခြင်းဆိုင်ရာ အကျိုးခံစားခွင့်တွေမရရှိဘူးလို့ သိရပါတယ်။ 

 

အလုပ်သမားတွေကို အချိန်ပိုကြေးပေးချေမှုမရှိဘဲ ခိုင်းစေခဲ့တာတွေကိုလည်း ဘတ်ဒိတ် (၆) လစာ ပြန်ပေးချေရန်ရှိရာမှာ လုပ်ငန်းရှင်အနေနဲ့ လုပ်ငန်းလည်ပတ်မှု အဆင်မပြေလို့ ၃ လစာပဲပေးမယ်လို့ အသိပေးလာတဲ့အတွက် အပြည့်အဝ ပေးချေစေလိုကြောင်းနဲ့ ပွင့်လင်းမြင်သာစွာ တွက်ချက်ပေးဖို့ အလုပ်သမားတွေက လိုလားနေတယ်လို့ ဆိုပါတယ်။

 

"အခု အလုပ်သမားတွေကို ပေးထားတဲ့ ဒေးကြေး ၅၆၀၀, ၆၀၀၀, ၆၅၀၀,၆၉၀၀. ၇၀၀၀, ၇၃၀၀, ၈၀၀၀ အစားစားတို့ကို ယခု (၇) လပိုင်းမှစ၍ ဒေးကြေး (၄၈၀၀) ကျပ်နှင့် ကျန်ပိုငွေကို ကျွမ်းကျင်ကြေးတိုင်ဖြင့် ပေးမယ် ရက်ပျက်ပါ ကျွမ်းကျင်ကြေးထဲမှ ဖြတ်တောက်မယ်လို့ ပြောပါတယ်။ ဒီလို ကျွမ်းကျင်တိုင်လုပ်ပြီးပေးဖို့ ကို အလုပ်ရုံနှင့် အလုပ်သမားရုံးက ညွှန်းကြားချက်အရ အလုပ်ရှင်မှ ပေးရခြင်းဖြစ်တယ်လို့ ပြောပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ၊(၁) ရက်နေ့ ရက်စွဲနဲ့ သဘောတူကြောင်းလက်မှတ်ထိုးခိုင်နေတာပါ"လို့ အမည်မဖော်လိုတဲ့ အလုပ်သမားကပြောပါတယ်။ 

 

အလုပ်သမားတွေအနေနဲ့ ယခင်ပေးထားသည့် ဒေးကြေး ၅၆၀၀, ၆၀၀၀, ၆၅၀၀,၆၉၀၀. ၇၀၀၀, ၇၃၀၀, ၈၀၀၀ အတိုင်းပေးရန် ၊ စနေအချိန်ပို၊ တနင်္ဂနွေနေ့ဆင်းရသည့် အချိန်ပိုကြေးများကို ဘက်ဒိတ်ဖြင့်တွက်ချက်ပေးသည်ကို (၆) လစာအပြည်အဝ တွက်ချက်ပေးရန်။ အချိန်ပိုကြေး ကို ပွင့်လင်းမြင်သာစွာဖြင့် နှုန်းထားများကိုချပြ တွက်ချက်ပေးရန်၊ လုပ်သက် ၃ နှစ်မှ ၈ နှစ်ထိရှိသည်အလုပ်သမားများအနေဖြင့် ဥပဒေပါခွင့်များမရရှိသလို လုပ်သက်ခွင့်များမရရှိတာကြောင့် လုပ်သက်ခွင့်ကို ငွေကြေးများကို ဘက်ဒိတ်ဖြင့် ငွေကြေးတွက်ချက်ပေးရန် တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။ 

 

#MyanmarLabourNews


Related posts

Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
Mai Yi Bei Yangon Garment အထည်ချုပ် စံချိန်မပြည့်လို့ ဆဲဆို အချိန်ပို ဆင်းခိုင်း
Mar 26, 2026
Cover
DA MEI အထည်ချုပ် အချိန်ပို မဆင်းလို့ အောစူပါ ဆ
Mar 25, 2026
Cover
Handa 2 စက်ရုံ ဆန္ဒပြ အလုပ်သမားများအား သတိပေး လက်မှတ်ထိုးခိုင်း
Mar 25, 2026
Cover
Shein Lee အထည်ချုပ် နားရက်မရှိ အချိန်ပိုဆင်းနေရ
Mar 25, 2026
Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026