NEWS

ကျောင်းသူအရွယ် မိန်းကလေးငယ်ကို တရုတ်မယား ပြုလုပ်ရန် စည်းရုံးတဲ့ တရုတ်နိုင်ငံသားအပါ ၃ ဦး ကို အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီချ

CoverLogo
498 Views
 
ရန်ကုန်တိုင်းဒေသကြီးဒလ မြို့နယ် မှ ကျောင်းသူ ၂ ဦး ကို တရုတ်မယား အဖြစ် ပို့ဆောင် ရောင်းစားရန် စီစဉ်တဲ့ တရုတ် နိုင်ငံသားနဲ့စကားပြန်ပြုလုပ်သူ လင်မယား ၂ဦး ကိုအလုပ်နဲ့ထောင်ဒဏ် ၁၀နှစ်စီ ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် ဗိုလ်ရန်ပြေ (၆) လမ်းနေ မသီတာအောင်၊ အောင်ဇော်ဦး (ခ) ဟာမီဒူဘာ (လိပ်စာတူ) နေသူနဲ့ ဟူနန်မြို့ တရုတ်နိုင်ငံနေ Mr. LUO FU CAI တို့က ဒလမြို့နယ်နေ မ---၊ ၁၃/၂၀၂၅ နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နေ မ---၊ ၁၆/၂၀၂၅ နှစ်တို့ကို တရုတ်အမျိုးသားနဲ့ လက်ထပ်ပါက ရွှေဆွဲကြိုး၊ ရွှေလက်စွပ်ရွှေနားကပ်ဆင်ပေးမည့်အပြင် ငွေဖြင့်လည်းတင်တောင်းမည်ဟု ပြောဆိုစည်းရုံးပြီး ရရှိ တဲ့ ငွေကြေးများ ကို ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။
 
အခုလို အသက်မပြည့်သေးတဲ့ ကျောင်းသူလေးတွေ ကို တရုတ်မယား ပြုလုပ်ဖို့ ငွေကြေး မက်လုံးပေး စည်းရုံးနေ တဲ့ ရုပ်သံဖိုင် တွေ လူမှုကွန်ယက် မှာ ပျံ့နှံ လာရာ မှ အွန်လိုင်းအသုံးပြုနေတဲ့ ပြည်သူတွေ အကြား ဝေဖန်မှုမြင့်တက်ခဲ့ကြပါတယ်။
 
ဒါကြောင့် တရုတ်မယားအဖြစ် ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့သူတွေ ကို ဒလမြို့မရဲစခန်း (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့တယ်လို့သိရပါတယ်။
 
ပြစ်မှုထင်ရှားတဲ့ အတွက် တွံ့တေးခရိုင်တရားရုံးမှ မေ ၅ ရက်တွင် တရားခံ မသီတာအောင်၊ အောင်ဇော်ဦးနဲ့ Mr. LUO FU CAI တို့ သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။
 
Photo-လူမှုကွန်ယက်

Related posts

Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026