NEWS

ကျန့်အော်အတု ထုတ်ပေးပြီး မြန်မာအလုပ်သမား ၁၇ ဦး ကို ပွဲစားမှဘတ် ၆သောင်းကျော် လိမ်လည်သွား

CoverLogo
330 Views
 
ထိုင်းနိုင်ငံ ချွန်ဘူရီ မြို့နယ်မှာ ပွဲစား ဆိုသူ က မြန်မာအလုပ်သမား ၁၇ ဦး ကို ကျန့်အော်(အလုပ်ပြောင်းစာ) အတု တွေ ထုတ်ပေး ပြီး ဘတ် ၆သောင်း ကျော် လိမ်လည်သွားတယ်လို့ ၎င်းဖြစ်စဉ် တွင် အလုပ်သမားတွေကို ကူညီပေးနေတဲ့ WAG မဟာမိတ်အဖွဲ့ထံ မှ သိရပါတယ်။
မြန်မာနိုင်ငံ မှ MOU နဲ့ လာပြီး အလုပ်အကိုင်အဆင်မပြေတဲ့ မြန်မာအလုပ်သမား အမျိုးသား/အမျိုးသမီး ၁၇ ဦး ကို ပွဲစား ဖြစ်သူ ကိုကျော်ဇင်ဦး ဆိုသူက ကျန့်အော် ထုတ်ပေးမယ်ဆိုကာ အလုပ်သမားတစ်ဦး ကို ဘတ် ၄၀၀၀ စီ တောင်းယူခဲ့တယ်လို့ သိရပါတယ်။
မြန်မာအလုပ်သမား ၁၇ဦး မှ ပွဲစားဆိုသူ ကို စုစုပေါင်း ဘတ် ၆၈၀၀၀ ကို ပေးခဲ့ရ ပေမယ့် အလုပ်သမားတွေကို ကျန့်အော် အတုတွေ ထုတ်ပေးခဲ့တဲ့ အတွက် အလုပ်သစ် ကို ဝင်ရောက်လို့မရဘဲ ဒုက္ခ ရောက်နေတာကြောင့် WAG မဟာမိတ်အဖွဲ့ ထံ ကို အကူညီတောင်းခံခဲ့တယ်လို့ ဆိုပါတယ်။
""အလုပ်သမားတစ်ဦး ကို ဘတ်၄၀၀၀ လောက် ပေးရတယ် ပြီးတော့ ကျန့်အော်အတုတွေ ထုတ်ပေးလိုက်တယ် အဲ့စာရွက် သာ ဌာနဆိုင်ရာ က စစ်ဆေးတွေ့ရှိရင် ထောင်ကျနိုင်တယ် စာရွက်စာတမ်းဘာတစ်ခုမှ မရှိရင်လည်း မြန်မာနိုင်ငံကို ပြန်ပို့ခံရမယ် ဒါကြောင့် ပွဲစားတွေ စကား ကို အယုံမလွယ်ကြပါနဲ့ ""လို့ WAG မဟာမိတ်အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လက်ရှိမှာ ၎င်း အလိမ်ခံရတဲ့ မြန်မာအလုပ်သမားတွေ ကို WAG မဟာမိတ်အဖွဲ့ မှ ဘန်ကောက်ရှိ ကျဟာငန်ရုံးချုပ်မှာ ကျန့်အော် အစစ်ကို ကူညီ ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်ပွဲစား ဖြစ်သူ ကိုကျော်ဇင်ဦး ကို ချွန်ဘူရီ မြို့နယ် ရဲစခန်းမှာ ငွေလိမ်လည်မှု ကျန့်အော်အတု ထုတ်ပေးမှု စတာ တွေ နဲ့ ဧပြီ ၂၂ရက် မှာ အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

Related posts

Cover
မြန်မာလုပ်သား ၃၉ ဦးကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခံရ (ရုပ်သံသတင်း)
Oct 10, 2025
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၇၀၀ကျော်ကို ထိုင်းမှစစ်မကော်မရှင်ထံလွှဲပို့ပေးခဲ့ (ရုပ်သံသတင်း)
Oct 10, 2025
Cover
ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အစားထိုးကုသမှု အခမဲ့ပြုလုပ်ပေး (ရုပ်သံသတင်း)
Oct 10, 2025
Cover
မြန်မာလုပ်သား ၃၉ ဦးကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခံရ
Oct 10, 2025
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၇၀၀ကျော်ကို ထိုင်းမှစစ်မကော်မရှင်ထံလွှဲပို့ပေးခဲ့
Oct 10, 2025
Cover
ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အစားထိုးကုသမှု အခမဲ့ပြုလုပ်ပေး
Oct 10, 2025
Cover
စင်္ကာပူတွင် အလုပ်ရမည်ဆိုကာ အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူပြီးတိမ်းရှောင်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
ဘဏ်ကတ်ဖွင့်မရလို့ဆိုကာ အလုပ်ထုတ်ခံရသည့်မြန်မာလုပ်သား ၈ ဦးထိတ်လန့်ကြေးနဲ့နစ်နာကြေးရရှိရေးအတွက်အမှုရင်ဆိုင်နေ
Oct 09, 2025