NEWS

ကုန်ပစ္စည်သယ်ယူပို့ဆောင်ရေးဂယက်ကြောင့် လူသုံးကုန်တွေဈေးတက်

CoverLogo
304 Views
 
(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
 
တစ်ပတ်အတွင်း ပြည်တွင်းက ကုန်ဈေးနှုန်းအခြေအနေမှာ ဒေါ်လာ ငွေကြေးက ငွေကျပ် ၄၃၀၀ အောက်ကို ကျဆင်းသွားကာ ၊ ရွှေဈေးဟာလည်း ယခင်တစ်ပတ်ကြာဈေးအတိုင်းငြိမ်နေပါတယ်။
စက်သုံးဆီ ဈေးတွေကတော့ အနည်းငယ်တက်လာပေမယ့်၊ စားသုံးဆီဈေးဟာ ပြီးခဲ့တဲ့တစ်ပတ်ကြာက ဈေးအတိုင်းပဲဖြစ်ပါတယ်။
 
ပြည်တွင်းမှာ အခြေခံ ရွှေ၊ ငွေ၊ ဒေါ်လာ၊ ဆီ ဈေးတွေက တည်ငြိမ်တာ ကျဆင်းတာဟာ အနည်းငယ်ဖြစ်ပေမယ့် ၊ လက်ရှိဖြစ်ပေါ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး ဂယက်တွေကြောင့် ပြည်ပသွင်းကုန် လူသုံးကုန်တွေကတော့ ဈေးမြောက်ကာ ပစ္စည်းပြတ်လပ်ရှားပါးတာတွေလည်းရှိနေတယ်လို့သိရတာပါ။
ဒါကြောင့် ဩဂုတ် ၁၆ ရက်ကနေ ၂၂ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
ဩဂုတ်၂၂ ရက်နေ့ရန်ကုန်လက်ကားအထိုင်ဈေးအနေနဲ့ ရောင်းချ နေတဲ့ စက်သုံးဆီဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၉၁၅ကျပ် ၊ ၉၅ တစ်လီတာ ၂၉၉၅အကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၅ ၄၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၀၄၅ကျပ်ဖြစ်ပါတယ်။
 
အဲဒီမတိုင်မီဩဂုတ်၂၁ရက်နဲ့တစ်ပတ်အတွင်းက စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၉၀၀ကျပ်၊ ၉၅ တစ်လီတာ ၂၉၅၅ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၁၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၂၃၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေးဟာ တစ်ပတ်အတွင်း ဓာတ်ဆီဈေးက၁၅ကျပ်နှုန်းနဲ့ ဒီဇယ်ဈေးက၇၅ကျပ်နှုန်းဖြင့်မဆိုသလောက်ဓာတ်ဆီဈေးတက်ကာ ဒီဇယ်ဈေးကျလာပါတယ်။
 
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ ကနေ ၃၂၀၀ကျပ်ကြား ရောင်းချတာကို တွေ့ရပါတယ်။
 
ရက်သတ္တပတ်အတွင်း ပြည်တွင်း ရွှေဈေးနှုန်းဟာ တကျပ်သား ၇၇သိန်းကျော်အထိဈေးမှာပဲရှိရာ
တစ်ပတ်အတွင်း ရွှေဈေး ကို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းက သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းက‌‌ တော့ ယခင် တစ်ပတ်ကဈေး ကျပ် ၅၈ သိန်း၊၉‌ သောင်းကျပ် နဲ့ပဲ ဈေးငြိမ်နေပါတယ်။
 
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေ မှာဆိုရင် အမေရိကန်ဒေါ်လာကာ ငွေကျပ် ၄၃၀၀ အောက်ဈေးခုန်ဆင်းကာ ဒေါ်လာဈေးအကျဘက်ကို ယခုတစ်ပတ်မှာရောက်ရှိလာပါတယ်။
အမေရိကန်ဒေါ်လာ၁‌ ဒေါ်လာဈေးက ယနေ့ဩဂုတ်၂၂ရက်မှာ ရောင်းဈေး ၄၂၉၀ ၊ ဝယ်ဈေး ၄၃၄၀ကျပ်ဖြစ်ရာ ထိုင်းဘတ်ငွေကတော့ ရောင်းဈေး ၁၃၁ကျပ်ကျော်၊ ဝယ်ဈေး ၁၃၃ကျပ် ကျော် ၊ယွမ်းငွေကရောင်းဈေး၅၉၀ကျပ်၊ ဝယ်ဈေး ၆၀၃ကျပ်၊ဂျပန်ယန်းဈေးက ရောင်းဈေး၂၉၄နဲ့ဝယ်ဈေး၂၉၆ကျပ်အကျော်တွေမှာ ငွေလဲဈေးကွက်ဖြစ်ပေါ်နေတာပါ။
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကိုရောင်းဈေး ၃၃၁၀ ကျပ်အထိ ဈေးပေါက်ခဲ့ပြီး ဝယ်ဈေးကတော့၃၃၅၀ကျပ်ဈေးမှာတည်ရှိကာ ငွေလဲနှုန်းကျဆင်းလာပါတယ်။
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆၂၈၅ကျပ်အဖြစ် ဩဂုတ်၁၈ရက်မှ ၂၄ရက်အထိသတ်မှတ်ရောင်းချနေတာဖြစ်ရာ ဒါဟာ ပြီးခဲ့တဲ့ တစ်ပတ်ကြာကဆီဈေးအတိုင်းဖြစ်ပါတယ်။
ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀၀၀၀ အထိဈေးပေး ဝယ်ယူသုံးစွဲနေရတယ်လို့ အိမ်ရှင်မတွေ
ထံကသိရပါတယ်။
 
ပဲဆီ၊ နေကြာဆီနဲ့ အခြားဆီဈေးနှုန်းတွေကတော့ ငွေကျပ်၂၀၀၀၀ ဝန်းကျင်မှာပဲ ဈေးအစားစားရှိနေတယ်လို့ဆိုပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၇၀၀၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၆၅၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
ကြက်ဥ ၊ ဘဲဥ ဈေးတွေကတော့ တစ်လုံးကို အရွယ်အစားအလိုက် ၄၅၀၊ ၅၀၀ကျပ် မှ အထိ ၇၀၀ကျပ် အထိ‌ေစျးရောက်ရှိနေပါတယ်။ အာလူး တစ်ပိဿာ ၈၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၈၀၀ ကနေ ၃၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀၊ ကြက်သွန်ဖြူ တစ်ပိဿာ ၂၀၀၀၀ အထိ ဈေးနှုန်းတွေလတ်တလော ဖြစ်ပေါ်နေတာပါ။
 
ဟင်းသီးဟင်းရွက်နဲ့ သားငါးဈေးတွေကတော့
 
ရပ်ကွက်ဈေးတွေမှာ မုန်လာဥဖြူတစ်စည်း ၁၇၀၀ ကျပ်၊ မုန်ညှင်းရွက် အစည်း အသေး တစ်စည်း ၅၀၀ ကျပ်၊ ထိုင်ဝမ်မုန်ညင်း ၃ စည်း ၁၀၀၀ ကျပ်၊ မုန်လာဥနီတစ်ဆယ်သား ၁၂၀၀ ကျပ်၊ဗုံလုံသီးတစ်တောင့် ၁၀၀၀ ကျပ်၊ ခဝဲသီးတစ်တောင့် ၆၀၀ ကျပ်၊ ဘူးသီးအလုံးကြီးတစ်လုံး ၄၀၀၀- ၅၀၀၀ ကျပ်၊ ကျောက်ဖရုံသီးအသေးတစ်လုံး ၃၀၀၀ ကျပ်၊ ဒန့်ဒလွန်သီးတစ်တောင့် ၇၀၀ ကျပ်၊ ကြောင်ရှာသီးတစ်တောင့် ၆၀၀ ကျပ်၊ ဘုံလုံသီးတစ်လုံး ၅၀၀ ကျပ်၊ ခရမ်းသီးတစ်လုံး ၄၀၀ ကျပ်၊ ထောပတ်ခရမ်းသီးတစ်လုံး ၈၀၀ ကျပ်၊မန်ကျည်းသီးစိမ်းတစ်ဆယ်သား ၁၀၀၀ ကျပ်၊ ပဲပင်ပေါက်တစ်ဆယ်သား ၇၀၀ ကျပ်၊ ပဲပြားတစ်တွဲ ၁၂၀၀ ကျပ်၊ ပြောင်းဖူးတစ်ဖူး ၇၀၀ ကျပ်၊ မျှစ်တစ်ဆယ်သား ၇၀၀-၈၀၀ ကျပ်၊ ပဲသွေးတစ်တုံး ၁၅၀ ကျပ် ချဉ်ပေါင်ရွက် ၃ စည်း ၅၀၀ ကျပ်၊ကန်စွန်းဥတစ်ဆယ်သား ၁၀၀၀ ကျပ်၊ ဟင်းနုနွယ်ရွက်တစ်စည်း ၆၀၀ ကျပ်၊ ကိုက်လန်ရွက်တစ်စည်း ၁၂၀၀ ကျပ်၊ ဖရုံညွန့်တစ်စည်း ၁၂၀၀ ကျပ်၊ ဒန့်ဒလွန်ရွက်တစ်စည်း ၅၀၀ ကျပ်၊ ဘူးညွန့်တစ်စည်း ၅၀၀ ကျပ်၊ မြင်းခွာရွက်တစ်စည်း ၃၀၀ ကျပ်၊ ဆလပ်ရွက်တစ်စည်း ၅၀၀ ကျပ် ဈေးတွေရှိနေပါတယ်။
အသားငါးဈေးတွေ အနေနဲ့ကတော့ ကြက်သား၊ဝက်သားဈေးများက အမြင့်ဈေးများတွင်သာ ရှိနေရာ CP ကြက်သား တစ်ဆယ်သား ၂၂၀၀ ကျပ်ဈေးနဲ့ ကြက်ပေါင်တစ်ပိုင်း ၃၅၀၀-၄၅၀၀ ကျပ်၊ ကြက်ရင်ပုံ တစ်ပိုင်း ၅၅၀၀-၆၀၀၀ ကျပ်၊ကြက်ခြေထောက် သုံးချောင်း ၁၀၀၀ ကျပ်၊ ကြက်တောင်ပံတစ်ဆယ်သား ၁၅၀၀ ကျပ်၊ ကြက်ခေါင်းတစ် ခေါင်း ၅၀၀ ကျပ်ဈေးတွေရှိပါတယ်။
 
ကြက်နီမတစ်ဆယ်သား ၃၀၀၀ ကျပ်၊ ဗမာကြက်တစ်ဆယ်သား ၃၆၀၀-၃၈၀၀ ကျပ်၊ ကြက်သည်းကြက်မြစ်တစ်ဆယ်သား ၂၂၀၀ ကျပ်နဲ့ ဘဲသားဈေးကတော့ တစ်ဆယ်သား ၃၀၀၀ ကျပ်ဈေးရှိပါတယ်။
 
ဝက်သားဈေး‌ေတွအ‌ေနနဲ့သုံးထပ်သားတစ်ဆယ်သား ၃၈၀၀ ကျပ်ဈေး၊ ဝက်ပေါင်သား တစ်ဆယ်သား ၃၆၀၀ ကျပ်
ဈေး၊ ဝက်နံရိုးတစ်ဆယ်သား ၃၀၀၀ ကျပ်၊ ဝက်လက်တစ်ဆယ်သား ၃၅၀၀ ကျပ်၊ ဝက်ခေါင်းသားတစ်ဆယ် သား ၃၃၀၀ ကျပ်ဈေးတွေနဲ့ ဈေးမြင့်နေရာ အမဲသားနဲ့ ဆိတ်သားဈေးတွေကလည်း တစ်ပိဿာကို ကျပ်၃၀၀၀၀ နဲ့အထက် ဝက်ခေါင်းသားတစ်ဆယ် သား ၃၃၀၀ ကျပ်ဈေးတွေနဲ့ ဈေးမြင့်နေရာ အမဲသားနဲ့ ဆိတ်သားဈေးတွေကလည်း တစ်ပိဿာကို ကျပ်၃၀၀၀၀ နဲ့အထက်ဝန်းကျင်မှာပဲဈေးဆက်ရှိနေတာပါ။
 
ငါးဈေးကတော့ငါးကြင်းဖြူခုတ်သားတစ်ဆယ်သား ၂၅၀၀ ကျပ်ဈေးမှ ၃၀၀၀ ကျပ်ဈေးအထိရှိပြီးငါးမြစ်ချင်း တစ်ဆယ်သား ၂၀၀၀ ကျပ်ဈေး၊ငါးမြစ်ချင်းအကောင်လိုက် တစ်ကောင် ၈၀၀၀-၁၀၀၀၀ ကျပ်ဈေးတွေနဲ့ဈေးမြင့်နေရာ အခြားငါးတွေအနေနဲ့ ငါးပုတ်သင် တစ်ဆယ်သား ၁၅၀၀-၂၀၀၀ ကျပ်ဈေး၊ ငါးပုဏ္ဏားဈေးကတော့ တစ်ဆယ်သား ၄၀၀၀-၄၅၀၀ ကျပ်ဈေး၊ တီလာဗီးယားတစ်ဆယ်သား ၁၅၀၀ ကျပ်၊ ငါးတန် တစ်ဆယ် သား ၂၀၀၀ ကျပ်ဈေး၊ငါးကျည်းတစ်ဆယ်သား ၃၅၀၀ ကျပ်ဈေးမှ ၄၀၀၀ ကျပ်ဈေး၊ငါးဘတ်တစ်ဆယ်သား ၃၀၀၀-၃၅၀၀ ကျပ် ဈေး၊ ငါးပြေမတစ်ဆယ်သား ၃၀၀၀ ကျပ်‌ေစျး၊ ငါးခူတစ်ဆယ်သား ၃၀၀၀ -၃၅၀၀ ကျပ်ဈေးများနဲ့ ငါးဖယ်ခြစ်၁၀သား ၅၀၀၀ကျပ်ဈေးအထိ ဈေးမြင့်တက်လာတာပဲဖြစ်ပါတယ်။
 
မြန်မာရဲ့ နယ်စပ်ကုန်သွယ်ရေး ကဏ္ဍမှာကုန်တင် ယာဉ်တွေရဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေ ဂိတ်ကြေးအဆမတန်တောင်းတာနဲ့ ကုန်ပစ္စည်းတွေဖမ်းဆီးထိန်းသိမ်းတာတွေကြောင့် လူသုံးကုန်ပစ္စည်း‌တွေ ဖြစ်ကြတဲ့ ထီး၊ ဖိနပ်၊ ဆပ်ပြာမှုန့် ၊အလှကုန်သုံး ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ၊သွားတိုက်ဆေး နိုင်ငံခြားမုန့်မျိုးစုံ၊ လျှပ်စစ်သုံးပစ္စည်းတွေ၊ မီးသီး၊မီးချောင်းစသဖြင့်နဲ့ အမျိုးသမီးလစဉ်သုံး၊ ဒိုက်ဘာ စတဲ့ လူသုံးကုန်တွေအားလုံးယခင်ထက်ဈေးတွေတက်လာပါတယ်။
 
"ထီး၁ချောင်းအရင်က ဘယ်ဈေးမှမရှိဘူး၊အခုဆိုမိုးရာသီလည်းဖြစ်တော့ အရင်ကဈေးက၅၀၀၀ကျပ်လောက်နဲ့ရ ရင် အခုဈေးက၂၀၀၀၀ကျပ်လောက်မှ ထီးကောင်း၁လက်ရတယ်။ ကလေးဒိုက်ဘာဆိုလည်း အရင်ကအခု၅၀ကို ၁၇၀၀၀ကျပ်လောက်နဲ့ဝယ်လို့ရပေမယ့်အခုဆိုပစ္စည်းတူတူကို ဈေးက၂၅၀၀၀ကျပ်လောက်ဈေးဖြစ်နေပြီ ဒါက ပြည်ပသွင်းကုန်တွေ ကန့်သတ်တာရယ် နယ်စပ်ဂိတ်တွေပိတ်နေတာရယ်ကြောင့်ဖြစ်နေတယ်ပြောကြတာပဲ"လို့ ရန်ကုန်မြို့နေအိမ်ရှင်မတစ်ဦးကပြောထားပါတယ်။
 
ပြည်ပကတင်သွင်း ကုန်ထဲကဆေးပစ္စည်းဈေးနှုန်းတွေကလည်း‌ေစျးအနည်းငယ်တက်‌ကာ
ပါရာစီတမော တစ်ကတ် ၁၇၀၀ ကနေ တခြားအကိုက်အခဲ ပျောက်ဆေးတွေက ဆေးအမျိုးအစားလိုက် တစ်ကဒ် ၄၀၀၀ပတ် ဝန်းကျင် အထိ ဈေးနှုန်းရှိနေပြီး အမူးပြေဆေး ၃၀၀၀ကျပ်၊ သွေးပေါင်ကျဆေးတစ်ကတ် ၃၈၀၀ ကျပ်၊ အစာကြေဆေး တစ်ကတ် ၄၀၀၀ကျပ်အထိ ဈေးကွက်ထဲ ဈေးမြင့်တက်နေပါတယ်။
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာက စုစည်းပေးထားတာပါ။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅ နှစ်အောက် ပိုဆိုးရွားလာနေသော အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရမှုများ တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ၂၇-‌‌ ဖေဖော်ဝါရီ၁)
Feb 02, 2026
Cover
ရွှေဈေးသိန်းရာကျော်ခဲ့ပြီး ရွှေဆိုင်တွေအရောင်းရပ်ထားရ၊ အခြေခံကုန်ဈေးနှုန်း လိုက်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 31, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက်(ဇန်နဝါရီ၁၉-ဇန်နဝါရီ၂၅)
Jan 27, 2026
Cover
ရွှေဈေးသိန်း ၁‌၀၀ကျော်မှာ လုပ်ခလစာမတိုးတဲ့ လုပ်သားပြည်သူတွေ အခက်ပိုကြုံ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 27, 2026
Cover
စစ်ကော်မရှင်ရဲ့ အဝင်ခက်အထွက်ခက် အလုပ်သမားမူဝါဒအသစ် နဲ့ ပိုပိုဆိုးရွားနေလာတဲ့ စက်ရုံအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံမှုများ အပါအဝင် တစ်ပတ်တာသတင်း အနှစ်ချုပ်
Jan 18, 2026
Cover
နိုင်ငံခြားငွေဈေးပြန်တက်လာပြီး၊ ရွှေဈေးနဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 17, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဇန်နဝါရီ ၅-ဇန်နဝါရီ၁၁)
Jan 11, 2026
Cover
ပြည်ပက တင်သွင်းရတဲ့ ဆေးဝါးနဲ့ သွင်းကုန်ပစ္စည်းပြတ်လပ်ပြီး ကုန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Jan 11, 2026