NEWS

ကုန်ဈေးနှုန်းမြင့်မားလာတာကြောင့် တစ်နေ့လုပ်ခကျပ် ၈၀၀၀ ပေးရန် လုပ်သားများတောင်းဆိုလာ

CoverLogo
1.2K Views

စစ်အာဏာသိမ်းပြီးနောက်  ကုန်ဈေးနှုန်းမြင့်တက်မှုအလွန်မြင့်မားလာတာကြောင့်  အလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခကိုလည်း  ကျပ်၄၈၀၀မှ ၈၀၀၀ အထိတိုးမြင့်ပေးဖို့  အလုပ်သမားတွေက သြဂုတ် ၁၇ရက်မှာ တောင်းဆိုတယ်လို့ သိရပါတယ်။  

"ကုန်ဈေးနှုန်းကြီးမြင့်တဲ့အပေါ် အခြေခံလစာတိုးမြင့်ဖို့က ဖြစ်သင့်တယ်။ ပေးခြင်းမပေးခြင်းကိုမျှော်လင့်လို့ မရဘူး။ ဒါကအကျိုးးစီးပွားဆိုတော့လေ။ ဒီအချိန်မှာအလုပ်သမားတွေအားလုံးတစ်ပြိုင်နက်တည်း စုပေါင်းတောင်းဆိုကြမယ်ဆိုရင်အခြေအနေတစ်ခုတော့ပြောင်းလဲလာနိုင်မလားပေါ့။နှစ်နှစ်သက်တမ်းကျော်နေတာရယ် ကုန်ဈေးနှုန်းအရှိန်ရယ် အလုပ်သမားအားလုံးတောင်းဆိုကြတယ်ဆိုရင်ပေါ့ ပြောင်းလဲလာနိုင်မယ်"လို့ အလုပ်သမားရေးဆောင်ရွက်သူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။  

အလုပ်သမား ၆၀၀၀ ရှိ ပေါင်ချိန် ဖိနပ် စက်ရုံမှ အလုပ်သမားတွေဟာ   ကုန်ဈေးနှုန်းကြီးမြင့်လာတဲ့အပေါ်  ခေတ်ကာလ နဲ့ အညီ သင့်တင့်မျှတ တဲ့ လုပ်အားခတစ်နေ့ကျပ် ၈၀၀၀ တိုးမြင့်ပေးဖို့ သြဂုတ်၁၇ရက်က တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။

အခုလိုကုန်ဈေးနှုန်းကြီးမြင့်မှုလာမှုကြောင့် အလုပ်သမားတစ်ယောက်ရဲ့တစ်နေ့ကုန်ကျငွေဟာ မြန်မာငွေ  ရှစ်ထောင်နဲ့တစ်သောင်းကြားမှာရှိနေတာကြောင့်  ကျပ်၄၈၀၀ ဟာ ခေတ်ကာလရဲ့ကုန်ဈေနှုန်းအရ မကိုက်ညီတော့တဲ့အတွက် တစ်နေ့လုပ်ခကျပ် ၈၀၀၀ ရရှိဖို့ အခုလိုတောင်းဆိုရခြင်းဖြစ်တယ်လို့သိရပါတယ်။

အဆိုပါအလုပ်သမားတွေဟာ  ဒေးကြေးကျပ် ၈၀၀၀ ရရှိရန် စက်ရုံတွင်းတောင်းဆိုမှုပြုလုပ်ခဲ့တာဖြစ်ပြီး အခြားသောအလုပ်သမားများကလည်း  ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အညီ ဖူလုံသော လုပ်ခလစာ ရရှိ ခံစားရဖို့ စက်ရုံ အလုပ်ရုံ လုပ်ငန်းခွင် အသီးသီး မှ အလုပ်သမားများအားလုံး မိမိတို့ ရဲ့အခွင့်အရေး ကို မိမိတို့တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်း ကနေပြီး စတင်တောင်းဆိုကြဖို့လိုအပ်နေပြီလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တစ်လပိုင်းကလည်း  FGWM အဖွဲ့ချုပ် အဖွဲ့ဝင် အလုပ်သမား ၁၀၀၀၀ နီးပါး ဖြင့်လ ည်း ခေါတ်ကာလနဲ့ လျော်ညီသော ဖူလုံသော လုပ်ခလစာရရှိရေး အပါအဝင် တောင်းဆိုချက်အချက် ၃ ချက်တောင်းခဲ့ကြတယ်လို့လည်းသိရပါတယ်။  

၂၀၁၇ခုနှစ်မှာသတ်မှတ်တဲ့အနည်းဆုံးအခြေခံလုပ်ခ ၄၈၀၀ကျပ်ဟာ ထိုအချိန်မှာ ပေါ်ဆန်းတစ်အိတ် ၅၀၀၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိအလုပ်သမားတွေရဲ့တစ်နေ့လုပ်ခ၄၈၀၀ကျပ်ဟာ ပေါ်ဆန်းတစ်အိတ် တစ်သိန်းဝန်းကျင်နဲ့ ဆီတစ်ပိသာလျှင်လည်း တစ်သောင်းကျော်အထိရှိနေတာကြောင့်  ကုန်ဈေးနှုန်းမြင့်မားလာမှုနဲ့အတူ အလုပ်သမားတွေရဲ့လုပ်ခလစာကို (၂)နှစ်တကြိမ်ပြောင်းလဲရမယ်ဆိုတဲ့ ဥပေဒအရ  လုပ်ခလစာတိုးမြှင့်ပေးဖို့အချိန်တန်နေပြီလို့ ဆိုပါတယ်။

MyanmarLabourNews

MinimumWage
 


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026