NEWS

ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် လုပ်ခလစာတိုးပေးတဲ့ ကုမ္ပဏီလုပ်ငန်းရှင်အချို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့်ဖမ်းဆီးစစ်ဆေး

CoverLogo
682 Views

ရန်ကုန်မြို့ပေါ်ရှိ ကုမ္ပဏီလုပ်ငန်းရှင်အချို့က တိုင်းပြည်ရဲ့စီးပွားရေးကျဆင်းမှုနဲ့  ကုန်ဈေးနှုန်းမြင့်တက်နေမှုတွေအပေါ် စာနာထောက်ထားလို့  လုပ်ခလစာတိုးမြှင့်ပေးတဲ့အပေါ်  စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့်ဖမ်းဆီးစစ်ဆေးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

"ဟုတ်တယ်။ ၅၀၅နဲ့အမှုဖွင့်အရေးယူတယ်လို့သိရတယ်။ စက်ရုံတွေမပါဘူး။  ကုမ္ပဏီတွေ။  အားလုံးပေါင်းလုပ်ငန်းရှင် ၇ဦးရှိတယ်။ ခုတော့အာမခံ နဲ့လွှတ်ပေးထားတယ်။ ခေါ်ပြီးစစ်ဆေးတယ်။ အဓိကကသူတို့တိုးပေးတာက လစာ၂သိန်းရရင်၃သိန်း။ ၃သိန်းရရင်၄သိန်းဆိုပြီးအဲ့လိုကြေငြာပြီးတိုးပေးလိုက်လို့ဖြစ်တာ။ ကြိုက်သလောက်တိုးပေးလို့ရတယ်။  အင်တာနက်ပေါ်တင်ပြီးတိုးတော့နိုင်ငံ့၀န်ထမ်းတွေကမြင်ပြီး အားကျပြီးနိုင်ငံ့၀န်ထမ်းကနေထွက်လာမယ်။  မက်လုံးပေးပြီးတိုးပြနေတဲ့သဘောသက်ရောက်လို့  ၅၀၅နဲ့ငြိတာ။ အကုန်လုံးကိုစခန်းမှူးတွေကိုယ်တိုင်က အာမခံပေးပြီးလွှတ်ပေးထားတယ်"လို့ စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးကဆိုပါတယ်။  

အခုလိုမျိုးလုပ်ခလစာကိုအင်တာနက်ပေါ်တင်ပြီး တိုးမြင့်ပေးလိုက်တဲ့အပေါ် နိုင်ငံ့၀န်ထမ်းတွေကိုထွက်ချင်လာ အောင်မက်လုံးပေးကြေငြာသည်ဟုဆိုကာ နိုင်ငံတော်အကြည်ငြိုပျက်စေသည်ဆိုကာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅နဲ့တရားစွဲဆိုခံထားရတဲ့ လုပ်ငန်းရှင်တွေဟာကုမ္ပဏီလုပ်ငန်းရှင်တွေဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်အတွင်းက လုပ်ငန်းရှင်စုစုပေါင်း ၇ဦးကိုတရားစွဲဆိုထားခြင်းဖြစ်ပြီး ၎င်းတို့ကြေငြာထားမှုကိုလည်း လူမှုကွန်ရက်စာမျက်နှာကနေ  ဖြုတ်ချခိုင်းထားတာဖြစ်တယ်လို့ သိရပါတယ်။ 

ယခုလဇွန်၁ရက်ကစပြီး  ရန်ကုန်မြို့ပေါ်က ကုမ္ပဏီလုပ်ငန်းရှင်အချို့ဟာ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့်  လူသားချင်းစာနာထောက်ထားကာ  မိမိတို့ရရှိနေတဲ့လစာရဲ့ ၂၅ရာခိုင်နှုန်းကနေ  ၃၀ ရာခိုင်နှုန်းအထိတိုးပေးသလို  လုပ်သက်နဲ့ကျွမ်းကျင်မှုအပေါ်မူတည်ပြီး တိုးမြင့်ပေးတာတွေကို လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ  ကုမ္ပဏီအမည်နဲ့ တကွ ထုတ်ပြန်နေတာကိုတွေ့ခဲ့ရတာဖြစ်ပြီး ယခုကဲ့သို့လုပ်ငန်းရှင်၇ဦး တရားစွဲဆိုခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ အနည်းဆုံးလုပ်ခလစာကို ဥပေဒအရ အလုပ်ချိန် ၈ နာရီအတွက် ၄၈၀၀ ကျပ် သတ်မှတ် ထားတာဖြစ်ပြီး  ဥပေဒအရ ၂ နှစ်တကြိမ်းတိုးမြှင့်ပေးဖို့ ပြဌာန်းထားပေမဲ့  ၆ နှစ်ကြာတဲ့အထိ  တိုးမြှင့် ပေးတာ မရှိပါဘူး။  ပြီးခဲ့တဲ့ နှစ်အတွင်းထောက်ပံ့ကြေး ကျပ်တထောင် တိုးမြှင့်ပေးခဲ့ ပေမဲ့ အခြေခံလုပ်ခလစာ မဟုတ်လို့ စက်ရုံလုပ်သမားတွေ နစ်နေရတာ​တွေလည်းရှိ​နေတာပါ။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026