NEWS

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် သင့်တင့်တဲ့ လုပ်ခလစာတိုးပေးဖို့ အလုပ်သမား ၁၂၀၀ ကျော် တောင်းဆိုမှုပြုလုပ်

CoverLogo
2.1K Views

ကုန်ဈေးနှုန်းမြင့်တက်လာတာကြောင့် စားဝတ်နေရေး မပြေလည်မှုတွေကြုံတွေ့နေရတာကြောင့် လုပ်ခလစာတိုးမြှင့်ပေးဖို့ Myanmar Sunny ဖိနပ်စက်ရုံအလုပ်သမား ၁၂၀၀ ကျော် လုပ်ငန်းခွင်အတွင်း ထိုင်ပြီး တောင်းဆိုမှုပြုလုပ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဦးထွန်းညိုလမ်းမှာဖွင့်လှစ်ထားတဲ့ ဂျပန်နိုင်ငံသားပိုင် ဖိနပ်စက်ရုံမှာ ဒီကနေ့ ဇွန် ၂၀ ရက်မနက်ပိုင်းမှာ အလုပ်သမား တွေ လုပ်ငန်းခွင်မဝင်ဘဲ တောင်းဆိုနေကြတာဖြစ်ပါတယ်။

"ဟုတ်ကဲ့ဒီမနက် မှာ ငုတ်တုတ်ထိုင်ပြီး လုပ်ငန်းခွင်မဝင်ဘဲပြနေတာပါ အဓိကတောင်းဆိုချင်တာက ကုန်ဈေးနှုန်းက မြင့်တက် အဆောင်လခက ရေဖိုးမီးဖိုးကဈေးတွေမြင့်တက်လာတော့ လုပ်ခလစာမလောက်လို့ တိုးတောင်းချင်တာပါ။ တခြားအချက်တွေက ဖိနှိပ်ပြောတာတွေ မတရားအော်ဟစ်တာတွေရှိတယ် စက်ရုံက ပိတ်မယ်ပြောပြီး မပိတ်သေးတော့ စောင့်ရင်းနဲ့ လူ ၄၀၀ လောက်က ထွက်သွားတယ် ကျန်တဲ့လူတွေကရှိတာနဲ့လုပ်ရတော့ အခက်အခဲတွေရှိတယ် ပြီးတော့  အဲ့ဒါကြောင့် အခြေခံဝန်ထမ်းတွေအကုန်လုံးကတညီတညွတ်တည်း စုပေါင်းပြီးတောင်းကြတယ် အဲ့လိုမျိုးပါ အခုလောလောဆယ်တော့ စက်ရုံက မစ္စတာလီနဲ့ညှိဖို့ခေါ်ထားတာရှိပါတယ်" လို့ တောင်းဆိုမှုပြုလုပ်ရာမှာပါဝင်တဲ့ အလုပ်သမားကပြောပါတယ်။

လက်ရှိပေးချေနေတဲ့ နှုန်းထားအရ ဒေးကြေး ၅၂၀၀ ကျပ် ဖြစ်ပြီး တစ်နာရီလုပ်ခလစာ ၆၅၀ ကျပ်ဖြစ်တာကြောင့် ပျမ်းမျှအားဖြင့် တစ်လလျင် ကျပ် ၂၁၀၀၀၀ ဝန်းကျင်သာရရှိနေပြီး စားဝတ်နေရေးအတွက် ဖူလုံမှုမရှိဘဲ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

အလုပ်သမားတွေ တောင်းဆိုထားတဲ့အချက်အလက်တွေအရ တစ်နာရီလျင် လုပ်ခလစာ ၇၅၀ ကျပ်နှုန်းတိုးပေးဖို့ အလုပ်ထွက်သွားသော အလုပ်သမားတွေနေရာမှာ အစားထိုးပေးဖို့ နှစ်အလိုက် လုပ်သက်ကြေးခွဲခြားပေးဖို့ နဲ့ စက်ရုံ ပိတ်မယ်ဆိုပါက ပိတ်မည့်ရက်အား တိကျစွာပြောဖို့ စတဲ့အချက်တွေပါဝင်တယ်လို့ သိရပါတယ်။

Myanmar Sunny ဖိနပ်စက်ရုံမှာ Hawkins Premium အမှတ်တံဆိပ်ချုပ်လုပ်တာဖြစ်ပြီး နိုင်ငံတကာကိုတင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။ 


Related posts

Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026
Cover
Jafon စက်ရုံနှင့် တရုတ်ဝန်ထမ်းများ အောင်သွယ်လုပ် လက်ထပ်ဖို့ ဖိအားပေး စည်းရုံး
Feb 06, 2026
Cover
လုပ်သားများ ကို အန္တရာယ်ရှိသည့် ယာဉ်များ၊စည်းကမ်းမဲ့ယာဉ်မောင်းများဖြင့် ဖယ်ရီကြိုပို့မှု များ ရှိပါက MICSသို့ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
Feb 05, 2026
Cover
ဖယ်ရီ အင်ချက် အလုပ်သမားတွေကို သိက္ခာကျအောင် ပြောဆို
Feb 05, 2026
Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026