NEWS

ကုန်ဈေးနှုန်းမကျသည့် အပြင် မီတာခ တိုးကောက်မှု၊ အလုပ်သမားများ ရပ်တည်ရေးပိုခက်လာ

CoverLogo
687 Views

မြန်မာနိုင်ငံမှာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေ ပြန်လည်ကျဆင်းလာခြင်းမရှိတဲ့အပြင် လျှပ်စစ်မီတာခတွေ တိုးမြှင့် ကောက်ခံတာကြောင့်  အလုပ်သမားတွေ ပိုမို ခက်ခဲလာတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 လက်ရှိ အလုပ်သမားတွေမှာ လုပ်ခလစား တိုးမြှင့်ရရှိတာ မရှိဘဲ မီတာခအပြင် နေထိုင်စာရိတ်တွေပါ မြင့်တက်လာလို အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို ပြောပါတယ်။

“စိတ်တွေညစ်ပါတယ်။  အသက်တွေတောင်  ဘယ်လိုဆက်ကြရမလဲ။ လစာမတိုးဘူး။ အိမ်လခတွေ တက်လာ  တယ်။ အဆောင်လခတွေ  တက်လာတယ်။ လျှပ်စစ်မီတာခတွေတက်လို့တဲ့ အရင်ကမီးဖိုး ၅၀၀၀ ပေးရတာက အခုလကုန်ကစပြီး တစ်သောင်းပေးရမယ်။ သောက်ရေဖိုးကလည်း  ခုနှစ်ရာကန တစ်ထောင် ဖြစ်သွားပြီ။  ကုန်ဈေးနှုန်းက မကျဘူး။ လျှပ်စစ်မီးနဲ့ ပတ်သက်တာတွေပါ အကုန်လိုက်တက်အုံးမှာ ။ ဘယ်လိုတွေ  ဖြစ်မယ်  တောင်  မသိတော့ဘူး” လို အလုပ်သမားတစ်ဦးက  ပြောပါတယ်။  

စက်တင်ဘာ ၁ ရက်ကစလို စစ်ကောင်စီက လျှပ်စစ်ဓာတ်အားခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံသွားမယ်လို ထုတ်ပြန်တာကြောင့် အဆောင်တွေမှာ မီးကြေးနဲ့ ရေးဖိုးတွေပါ နှစ်ဆအထိမြင့်တက်လာတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ လက်ရှိ အနည်းဆုံးလုပ်ခလစာ တရာက် ၄၈၀၀ ကို တိုးမြှင့်ပေးတာမရှိဘဲ ထောက်ပံ့ ကြေးသာ တိုးမြှင့်ပေးတာကလည်း လောက်ငမှု မရှိ ဖြစ်နေတယ်လို သိရပါတယ်။

“စက်ရုံတွေက ဒေးကြေးမတိုးပေးကြပါဘူး။  ၄၈၀၀ က ၄၈၀၀ ပါပဲ။ ထောက်ပံ့ကြေးအနေနဲ့ ပဲတိုးပေးကြတာပါ။ ထောက်ပံကြေး ပိုရတော့လည်း ကုန်ဈေးနှုန်းတက်လာတယ်။ အဆောင်ခပါ တက်လာတာ။ ရေဖိုးကအစ တစ်နေ့ တစ်ထောင်နှုန်းကုန်ရင် သေပြီပဲ။ တိုးပေးလာတဲ့ ထောက်ပံ့ကြေးနဲ့ ကုန်ဈေးနှုန်းတွေက မညီမျှတော့  အလုပ်သမား တွေက ခက်ခဲနေမြဲပါပဲ” လို  လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့  သမဂ္ဂအဖွဲ့၀င် အလုပ်သမား တစ်ဦးက  ပြောပါတယ်။  

စစ်ကောင်စီက ဒုတိယအကြိမ် ထောက်ပံ့ကြေး ကျပ်တထောင်တိုးမြှင့်လိုက်ပြီးနောက် ကုန်ဈေးနှုန်းနဲ့  အဆောင်ခ တွေမြင့်တက်လာသလို ဧည့်စာရင်းကြေး ၊ မီးကင်းကြေးတွေပါ ပေးဆောင်ရလို့  အလုပ်သမားတွေအတွက် အခက်အခဲတွေနဲ့သာရှိနေတယ်လို့ သိရပါတယ်။

“ ဧည့်စာရင်းက နောက်ကျရင် ၅၀၀၀ ကောက်တယ်၊ အလုပ်သမားတွေက ညနက်တာတွေလည်း ရှိတယ်၊ အကြောင်းကြောင်းကြောင့် မတိုင်ဖြစ်ရင် ပေးရတာပဲ၊ လုံခြုံရေးက ရှိသေးတယ်။ မီးကင်းကြေးဆိုတာ အိမ်မှာ နေတဲ့ လူဦးရေးအတိုင်း ပေးရတာ၊ လတိုင်းပေးရတာ။ မီတာခက တက်မှာဆိုတော့၊ ရတဲ့ လစာနဲ့ ကုန်ကျစရိတ်က တော်တော်များတယ်” လို အလုပ်သမားတဦးက ပြောပါတယ်။ 

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ အိမ်သုံးမီတာခတွေ  နှစ်ဆနီးပါး မြင့်တက်သွားပြီး  လုပ်ငန်းသုံး မီတာခတွေ ကတော့ သုံးဆနီးပါးမြင့်တက်သွားတာ ဖြစ်ပါတယ်။ 

ဒီလို လျှပ်စစ်မီတာခတွေ တိုးကောက်ပါက လျှပ်စစ်မီးအသုံးပြုရတဲ့ လုပ်ငန်းတွေရဲ့ ကုန်ကျစရိတ်လည်း မြင့်တက် သွားမှာဖြစ်သလို လျှပ်စစ်မီးနဲ့ လည်ပတ်ရတဲ့လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွ ပစ္စည်း ဈေးနှုန်းတွေလည်း ပိုပြီး မြင့်တက် လာမှာဖြစ်လို အခြေခံ ပြည်သူလူထုကသာ ပိုမို ခက်ခဲလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုထားပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026