NEWS

ကိုရီးယားရောက် မြန်မာလုပ်သား တစ်ဦး မိမိကိုယ်ကို အဆုံးစီရင် မှုဖြစ်ပွား

CoverLogo
354 Views
 
တောင်ကိုရီးယား နိုင်ငံ ရှိ သစ်အချောထည် ထုတ်လုပ်တဲ့ စက်ရုံ မှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား တစ်ဦးဟာ မိမိကိုယ်ကို ကြိုးဆွဲချ ကာ အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ် လို့ ကိုရီယားရောက် မြန်မာလုပ်သားအရေး ကူညီနေသူတွေထံကနေသိရပါတယ်။
 
ဒီဇင်ဘာ ၁၈ရက် မနက်အစောပိုင်းမှာ သစ်စက်ရုံရဲ့ ဂိုဒေါင် အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မြန်မာလုပ်သားရဲ့ ရုပ်အလောင်းကို စက်ရုံတစ်ခုတည်း အလုပ်လုပ်တဲ့ ကိုရီးယားလုပ်သားက နံနက် ၇ နာရီအချိန်ခန့်မှာ တွေ့ရှိပြီး ရဲစခန်းကို အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။
 
ကွယ်လွန်သူဟာ ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်က‌နေ ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ်၊ ဟွာဆောင်မြို့ရှိ သစ်အချောထည်စက်ရုံမှာ လာရောက် အလုပ် လုပ်ကိုင်နေတဲ့ ‌ကိုဉာဏ်လင်းပြည့် လို့ သိရပါတယ်။
 
"ကိုယ့်နိုင်ငံသားတစ်ယောက် အခုလို သေဆုံး တာကြားရတာ အလွန်စိတ်မကောင်း ဖြစ်မိတယ် လုပ်ငန်းခွင်ထဲ စိတ်ဖိစီးမှုတွေ များလို့ပဲလား အခြားအကြောင်းရာတွေကြောင့်ပဲလားတော့မသိဘူး ပေါ့ ဒါပေမယ့် ကိုရီးယား သားတွေရဲ့ ပြောဆိုပုံကလည်း မလွယ်ဘူး လုပ်ငန်းခွင်ထဲ လုပ်ကိုင်သူတွေဘဲ ဒီခံစားချက်ကို နားလည်တယ် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ရသူတွေ က ထုတ်မပြောကျတာ သာရှိမယ် စိတ်ပင်ပန်းမှုများကျတယ်""လို့ ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
လက်ရှိ သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲက စုံစမ်းစစ်ဆေး‌နေပြီး ရဲခွင့်ပြုချက်ရပါက သင်္ဂြိုဟ်မယ့်ရက်ကို ကြေညာပေးမယ်လို့ မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေဘက်က အသိပေးထားပါတယ်။
 
ဒါအပြင် နာရေး အတွက်လည်း တတ်နိုင်သလောက် အကူညီပေးဖို့ ကိုရီးယားရောက် မြန်မာ များကို မေတ္တာရပ်ခံထားကာ မြန်မာလုပ်သား အချို့ကလည်း ကူငွေ ထည့် ဝင်ပေးတာ တွေ့ရပါတယ်။
 
၎င်း သစ်စက်ရုံတွင် ယခုနှစ် မေလပိုင်းမှာ လည်း မြန်မာလုပ်သားတစ်ဦးနေမကောင်းဖြစ်ကာ(၉၆ပါး)ရောဂါဖြင့် သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Related posts

Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026