NEWS

ကိုရီးယားရောက် နိုင်ငံခြားသားအလုပ်သမားအများစု လုပ်ခလစာအငြင်းပွားမှုများ လစဉ်တိုင်ကြားမှုရှိနေ

CoverLogo
1.6K Views

မြန်မာအပါအဝင် ကိုရီးယားနိုင်ငံရောက် နိုင်ငံခြားသားအလုပ်သမားအများစုက အလုပ်ရှင်နဲ့ လုပ်ခလစာအငြင်းပွားတာတွေကို လစဉ် တိုင်ကြားမှု ရှိနေတယ်လို့ မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ(ကိုရီးယား)က ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

တိုင်ကြားမှုတွေကို ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေက နိုင်ငံခြားသား အလုပ်သမားတွေက လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ 

 

ဒီလို ငွေကြေးအငြင်းပွား တာကြောင့် တိုင်ကြားမှုတွေ လစဉ် အနည်းဆုံး (၁၀)မှုကနေ အများဆုံး (၃၀) နီးပါးထိ ရှိနေပါတယ်။ 

 

“လုပ်ခလစာပြဿနာက တိုင်ကြားမှု အများဆုံးပါပဲ။ အချိန်ပိုကြေးကို မှန်မှန်ကန်ကန် မတွက်ပေးတာ၊ လစာပုံမှန် မပေးတာတွေတွေ တိုင်ကြပါတယ်။ ဒီအမှုတွေကို ဖြေရှင်းဖို့ကလည်း အချိန်သုံးလ၊ ခြောက်လ၊ တစ်နှစ် အာ့လောက်ထိ ကြာတတ်တယ်။ စင်တာအနေနဲ့ ၂၀၂၃ခုနှစ်ထဲမှာဆို ခြောက်လတာတွင်း အလုပ်သမား (၉၈)ဦး မရခဲ့တဲ့ လုပ်အားခ ဝမ်သိန်းလေးထောင်ကျော် ရရှိအောင်လည်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိ ညှိနှိုင်းနေဆဲ အမှုတွေလည်း ရှိပါတယ်”လို့ မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ(ကိုရီးယား) လုပ်ငန်းကော်မတီ ဥက္ကဌ ကိုစိုးမိုးသူက ပြောပါတယ်။

 

ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လုပ်သက်တစ်နှစ်ပြည့်ပြီးသူတိုင်း တစ်လတာ လုပ်ခလစာ ခံစားခွင့်ရရှိမှာဖြစ်ပြီး အလုပ်ထွက်ချိန်မှာ လုပ်သက်သုံးနှစ်ရှိပါက သုံးလစာ ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် တစ်နှစ်တာလုံး အလုပ်ဆင်းရက်ရဲ့ (၈၀) ရာခိုင်နှုန်းကျော်ကို အလုပ်ဆင်းခဲ့ပါက ရက်ပြည့်ခံစားခွင့်အဖြစ် ခွင့်ရက်ဖြစ်စေ၊ ငွေသားဖြစ်စေ ခံစားခွင့် ရရှိနိုင်တယ်လို့ သိရပါတယ်။

 

 “အခုကတော့ ကိုရီးယားသွားဖို့ လုပ်နေတာပါ။ ဘာသာစကားအတွက် သင်တန်းတက်တာကလွဲရင် သူ့နိုင်ငံရဲ့ ဥဒေအကြောင်းတော့ မလေ့လာဖြစ်ဘူး။ အခြေခံလစာ ဘယ်လောက်ရမလဲ။ အချိန်ပိုဆင်းရင် ဘယ်လောက်ရမလဲ ဆိုတာတော့ ဟိုမှာရောက်နေတဲ့သူတွေကို မေးဖြစ်တယ်။ တစ်ခြားခံစားခွင့်တွေ မသိပါဘူး"လို့ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ ပြင်ဆင်နေသူတစ်ဦးက ပြောပါတယ်။

 

ဒီလိုနိုင်ငံခြားသား အလုပ်သမားတွေ လုပ်ခလစာအငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ကိုရီးယားလူ့အခွင့်အရေး ကော်မရှင်ကလည်း ရွှေ့ပြောင်းအလုပ်သမားတွေဟာ လုပ်အားခ နှစ်စဉ် ဒေါ်လာသိန်း(၈၀၀)ကျော် မရရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

 

ကိုရီးယားရောက် နိုင်ငံခြားသားအလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်တွင်း အခွင့်အရေး ချိုးဖောက်ခံရတာတွေကို မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ (ကိုရီးယား) ကို ဆက်သွယ်နိုင်မှာဖြစ်ပြီး လက်ရှိမှာလည်း စင်တာအဖွဲ့ဝင် (၆၀၀) ကျော် ရှိနေတယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026