NEWS

ကိုရီးယားရာသီချိန်လုပ်သား လုပ်ကိုင်ရန် သင်တန်းခေါ်ယူမှု များပြားလာ

CoverLogo
1.4K Views
 
ကိုရီးယားနိုင်ငံမှာ ရာသီချိန်လုပ်သားအဖြစ် လုပ်ကိုင်ဖို့ သင်တန်းပေးတာတွေ ပိုမိုများပြားလာတယ်လို့ သင်တန်းတက် ရောက်နေသူတွေဆီက သိရပါတယ်။
 
ကိုရီးယားနိုင်ငံအစိုးရက မြန်မာနိုင်ငံသား ရာသီချိန်လုပ်သားနှင့် ပတ်သက်ပြီး မည်သည့် ညွှန်ကြားချက်နဲ့ ရပ်တည်ချက်ကိုမျှ ကြေညာချက်ထုတ်ပြန်ထားခြင်း မရှိဘူးလို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံး ကထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကတော့ ကိုရီးယား နိုင်ငံကို ရာသီချိန်လုပ်သား စေလွှတ်နိုင်ဖို့ ဆွေးနွေးတာတွေ လုပ်ဆောင်နေသလို MOU ရေးထိုးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဒီဇင်ဘာလတတိယပတ်မှာ နိုင်ငံပိုင်သတင်းစာကနေ ထုတ်ပြန်ထားပါတယ်။ ဒီအခြေအနေကြောင့်လည်း တရားမဝင် လူစုဆောင်းသူတွေသာမက အေဂျင်စီတချို့ကပါ ဝန်ဆောင်ခ ကြိုတင်တောင်းခံတာတွေ လုပ်ဆောင် နေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
 
“အမ အမျိုးသားက သင်တန်းတက်နေပြီ။ သွားရတော့မယ်တော့ သိထားတယ်။ (၆၅) သိန်းလောက် ကုန်မယ်တဲ့ အခုတော့ (၂၈) သိန်းအရင်သွင်းထားရတယ်။ ဆေးစစ်တာတွေ၊ စာရွက်စာတမ်းကြေးတွေ၊ သင်တန်းကြေးတွေ ကောပေါ့။ အတိအကျတော့ မပြောတက်ဘူး။ ပတ်စပို့စ်တော့ ထပ်လုပ်ရဦးမယ်။ အဲဒီအတွက်တော့ ထပ်ကုန်ဦး မှာပေါ့”လို့ သင်တန်းတက်ရောက်နေသူတဦးရဲ့ အမျိုးသမီးက ပြောပါတယ်။
 
လက်ရှိမှာ ကိုရီးယားနိုင်ငံတွင်းမှာ မြန်မာနိုင်ငံက ရာသီချိန်လုပ်သားမခေါ်ယူဖို့ကို ကိုရီးယားနိုင်ငံအတွင်းက ဒေသတချို့ ရုံးတွေမှာ ညွှန်ကြားစာ ထုတ်ပြန်ထားတယ်လို့ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ (ကိုရီးယား ) က သတင်း ထုတ်ပြန်ထားပါတယ် ။
ဒါ့အပြင် မြန်မာနိုင်ငံကနေ ရာသီချိန်လုပ်သားတွေ စေလွှတ်ဖို့ အွန်လိုင်းက ဖြစ်စေ၊ လူပုဂ္ဂိုလ်တွေက ဖြစ်စေ ကြေညာ ခေါ်ယူနေကြတာဟာ လိမ်လည်နေတာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတ နိုင်ငံသံရုံးက ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၈ ရက်က ထပ်မံကြေညာထားတာလည်း ရှိပါတယ်။
 
“အေဂျင်စီတွေကတော့ ဆက်ကြိုးစားနေတယ်။ ကျိန်းသေတော့ ဘာမှပြောလို့မရဘူး။ ပြည်တွင်းကလည်း သွားချင်တဲ့သူအရမ်းများနေတယ်။ လုပ်စားချင်တဲ့သူတွေအတွက်တော့ လုပ်စားလို့ကောင်းနေတာပေါ့”လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံ နှစ်နိုင်ငံ အစိုးရချင်း ချိတ်ဆက်ပြီးတော့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေအတွက် အမျိုးသားအလုပ်သမားတွေ စေလွှတ်နေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ထဲမှာလည်း လူမှုကွန်ရက်စာမျက်နှာတွေမှာ ကိုရီးယားနိုင်ငံကို သွားရောက်လုပ်ကိုင်ဖို့ ရာသီချိန်လုပ်သား၊ အိမ်အကူ၊ သူနာပြု စတဲ့ အလုပ်အကိုင်တွေကို အကြောင်းပြပြီး ငွေကြေးလိမ်လည်တာတွေလည်း ရှိနေပါတယ်။

Related posts

Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026
Cover
ရွှေလင်ဗန်း Mengyue စက်ရုံ လုပ်ငန်းခွင်နှင့် အသက်ပေးခဲ့ရသည့် အလုပ်သမားဘဝများ
Mar 23, 2026
Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026