NEWS

ကိုရီးယားနိုင်ငံသို့ တားမြစ်ပစ္စည်းနှင့် အစားအသောက်များ ယူဆောင်သွားခြင်းမပြုရန် သတိပေး

CoverLogo
556 Views
 
ကိုရီးယားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာအလုပ်သမားတွေအနေနဲ့ တားမြစ်ပစ္စည်းတွေနဲ့ အစားအသောက်တွေကို မသယ်ဆောင်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ဩဂုတ်လ (၂၄) ရက်မှာ အသိပေးစာ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။
တားမြစ်ပစ္စည်းနဲ့ အစားအသောက်တွေ သယ်ဆောင်တာနဲ့ပတ်သက်ပြီး အရင်ကတည်းက သတိပေးစာတွေ ထုတ်ပြန်ထားပေမယ့် ဩဂုတ်လ (၂၄)ရက်မှာ ကိုရီးယားနိုင်ငံကို ပြန်လည်ဝင်ရောက်တဲ့ Re-entry အလုပ်သမားတွေက အသားခြောက်နဲ့ ကွမ်းရွက်တွေ သယ်ဆောင်သွားခဲ့တာကို အင်ချွန်းလေဆိပ်မှာ စစ်ဆေးတွေ့ရှိခဲ့တာပါ။
 
အဲဒီလို တားမြစ်ပစ္စည်းတွေသယ်ဆောင်သွားတဲ့အတွက် ပစ္စည်းတွေအသိမ်းခံရတာ၊ passport မှတ်တမ်းတင်ခံရတာ၊ ဒဏ်ငွေဆောင်ရတာ၊ ပြည်ဝင်ခွင့်တားမြစ်ခံရတာနဲ့ နောက်တကြိမ်ဝင်ရောက်ခွင့် ပိတ်ပင်ခံရတဲ့ အပြစ်ပေးတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အစိုးရအေဂျင်စီက ထုတ်ပြန်ပါတယ်။
 
မြန်မာလုပ်သားတွေရဲ့ ပုံရိပ်မကျဆင်းစေဖို့နဲ့ နောက်ထပ်ဝင်ရောက်မယ့် လုပ်သားတွေအတွက် အဟန့်အတားမဖြစ်ပေါ်စေဖို့ အထူးသတိပြုလိုက်နာဆောင်ရွက်ကြဖို့ကိုလည်း ထပ်ပြီးအသိပေးဖော်ပြထားပါတယ်။
 
“အခုချိန်က လစာကောင်းလို့ ကိုရီးယားသွားပြီး အလုပ်လုပ်ချင်တဲ့သူတွေများနေတာ။ အရှေ့ကလူတွေ အဆင်မပြေလို့ ဒီကလူတွေကိုမခေါ်တော့မှာ စိတ်ပူတယ်။ မြန်မာအလုပ်သမားတွေက အဆင်မပြေဘူးဆိုတာမျိုး မဖြစ်စေချင်ဘူး”လို့ ကိုရီးယားနိုင်ငံ ဘာသာစကားလေ့လာနေတဲ့ ကိုဟန်ထွန်းက ပြောပါတယ်။
 
ကိုရီးယားနိုင်ငံကို နှစ်နိုင်ငံ အစိုးရချင်းချိတ်ဆက်ပြီး ပြည်တွင်းလုပ်သားတွေ စေလွှတ်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကုန်ထုတ်၊ ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးစတဲ့ လုပ်ငန်းအမျိုးအစားတွေအတွက် အမျိုးသားအလုပ်သမားတွေကို ခေါ်ယူနေတာဖြစ်ပါတယ်။

Related posts

Cover
ထိုင်းဆန္ဒပြပွဲ အနီး မြန်မာလုပ်သား ၇ဦးဖမ်းခံရ
Jun 29, 2025
Cover
ပြည်ပအလုပ်ခေါ်စာအသစ် များအတွက် EC စာချုပ် ချုပ်ခွင့် မပြုသေး
Jun 28, 2025
Cover
လစာနှင့်နစ်နာကြေးမပေးဘဲ အလုပ်ဖြုတ်သည့်သူဌေးကို အလုပ်သမားရုံးသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၈၀ အလုပ်ပြန်ရ
Jun 28, 2025
Cover
အဝေးပြေး ဘတ်စ်ကား ဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅၀ ခန့် အထောက်အထားမရှိသဖြင့် ထိုင်းရဲ ဖမ်းဆီး
Jun 28, 2025
Cover
ပြစ်ဒဏ်ကျခံပြီးသည့် ရွှေ့ပြောင်း လုပ်သား ၁၃၀ ကျော်ကို မြန်မာဘက်သို့ ပြန်ပို့
Jun 28, 2025
Cover
စာရွက်စာတမ်းအတုဖြင့် အေဂျင်စီ များထံ အချက်အလက် တောင်းယူမှုရှိနေဟုဆို
Jun 26, 2025
Cover
ပြည်ပထွက်ခွင့် တင်းကျပ်မှုကြောင့် အလုပ်သမားတွေ ချေးငွေပိကာ နစ်နာဆုံးရှုံးမှုများနေ
Jun 24, 2025
Cover
ကန်ချနဘူရီတွင် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား ၄၀ ကျော်အဖမ်းခံရ
Jun 23, 2025