NEWS

ကိုရီးယားနိုင်ငံတွင်း အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရသူများ မြန်မာအလုပ်သမား လူမှုဖူလုံရေး စင်တာသို့ အကူအညီ တောင်းခံနိုင်

CoverLogo
616 Views

ကိုရီးယားနိုင်ငံမှာ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ(ကိုရီးယား)ကို ဆက်သွယ် အကူအညီ တောင်းခံနိုင်တယ်လို့ လုပ်ငန်းကော်မတီဥက္ကဌ ကိုစိုးမိုးသူက ပြောပါတယ်။ 

 

ဒီစင်တာကိုတော့ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာ ထည့်ဝင်ကြေးတွေနဲ့ ဖွင့်လှစ်ထားတာဖြစ်ပြီး မန်ဘာဝင် မဟုတ်သူတွေကိုလည်း ကူညီပေး နေတာ ဖြစ်ပါတယ်။

 

 "ကျွန်တော်တို့က အလုပ်သမားတွေရဲ့ ထည့်ဝင်ကြေးတွေနဲ့ လည်ပတ်နေတာပါ။ ဘယ်အဖွဲ့အစည်းရဲ့ အထောက်အပံ့မှ မပါပါဘူး။ အဓိကက ကိုရီးယားရောက် မြန်မာတွေ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ကူညီပေးနိုင်ဖို့ ဖွင့်လှစ်ထားတာပါ"လို့ ကိုစိုးမိုးသူက ပြောပါတယ်။ 

 

မြန်မာအလုပ်သမား လူမှုဖူလုံရေးစင်တာ (ကိုရီးယား)ကို ၂၀၁၉ခုနှစ်က စတင်ထူထောင်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ မန်ဘာဝင် (၆၀၀) ကျော် ရှိနေတာ ဖြစ်ပါတယ်။

 

မန်ဘာဝင်တွေအနေနဲ့ အလုပ်သမား အရေးကို ကူညီဆောင်ရွက်ပေးနေသလို လစဉ်တိုင်ကြားမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

 

 "မန်ဘာတွေကတော့ လစဉ်ကြေး ကိုရီးယား ဝမ်တစ်သောင်း သွင်းရပါတယ်။ တစ်ချို့က ထင်နေတာက ငါတို့က မန်ဘာဝင် မဟုတ်လို့ ဆက်သွယ်လို့မရဘူး ထင်ကြတယ်။ တကယ်က မန်ဘာမဝင်ထားတဲ့သူတွကိုလည်း ကူညီပေးနေတာ‌ေတွ အများကြီးပါ။ ဒါကြောင့် မန်ဘာဝင်မဟုတ်လည်း ဆက်သွယ်ကြပါလို့ ပြောချင်ပါတယ်"လို့ သူက ပြောပါတယ်။ 

 

စင်တာကို ဆက်သွယ်လိုသူတွေအနေနဲ့ စင်တာဖုန်းနံပါတ် :032-502-8188/010-9847-8283

Fax: 032-503-8188 နဲ့ စင်တာလိပ်စာ: 인천광역시 부평구 남부역로3-3층 ကိုဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

 

#MyanmarLabourNews


Related posts

Cover
စက်ရုံပိတ်မည် အကြောင်းပြ လူလျှော့ခြင်းအား ပွင့်လင်းမြင်သာစွာဆောင်ရွက်စေလိုဟုဆို
Sep 12, 2025
Cover
New Plus စက်ရုံတွင်း ခွဲခြားဆက်ဆံမှုနှင့် ဘက်လိုက်မှုများ
Sep 12, 2025
Cover
ပွဲစား ပစ်ထားခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၅၆ ဦး အဖမ်းခံရ
Sep 12, 2025
Cover
ပုသိမ် Dong Long အထည်ချုပ်စက်ရုံ လုပ်ငန်းခွင်အတွင်း ကိုယ်ထိလက်ရောက် ကျုးလွန်ခိုင်းစေ
Sep 11, 2025
Cover
ဖြတ်တောက်ထားတဲ့ လုပ်အားခတွေပြန်လည်တွက်ချက်ပေးဖို့ အလုပ်သမားတွေပြော
Sep 11, 2025
Cover
အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အပါ ၈ ဦး အာမခံလျှောက်ထားမှု ပလပ်ခံရ
Sep 09, 2025
Cover
သီတင်းကျွတ် အကြောင်းပြပြီး စက်ရုံအများစုမှာ ငွေကောက်ခံနေ
Sep 09, 2025
Cover
Max Technology စက်ရုံ ကြိုပို့ယာဉ် အဆင်မပြေဘဲ၊ ယာဉ်စီစဉ်သူက ဆဲဆို
Sep 09, 2025